3290

လွှတ်တော်ဆိုင်ရာအဖွဲ့ (MPU) အစည်းအဝေး (၃/၂၀၁၈) ကျင်းပပြုလုပ်ခြင်း

(၉.၅.၂၀၁၈)ရက်နေ့၊ မွန်းလွဲ (၁၃း၀၀)နာရီအချိန် ပြည်ထောင်စုလွှတ်တော်ရုံး၊ ဇဗ္ဗူသီရိအစည်းအဝေး ခန်းမတွင် လွှတ်တော်ဆိုင်ရာအဖွဲ့ (MPU ) အစည်းအဝေး (၃/၂၀၁၈) ကျင်းပပြုလုပ်ခဲ့ ပါသည်။ အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ဒုတိယနာယကနှင့် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်း၊ အမျိုးလွှတ်တော်ဒုတိယဥက္ကဋ္ဌတို့နှင့်အတူ တိုင်းဒေသကြီး /ပြည်နယ် လွှတ်တော်များမှ လွှတ်တော်ဥက္ကဋ္ဌများ တက်ရောက်ကြပါသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်များအကြား ချိတ်ဆက်ဆောင်ရွက်မှု များနှင့် လွှတ်တော်အသီးသီးရှိ အခက်အခဲများဖြေရှင်းဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး အစည်း အဝေးကို ညနေ (၁၅း၀၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။