လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ၀န်ထမ်းများ ဆန္ဒထုတ်ဖော်ပွဲအခမ်းအနား
(၂၉-၅-၂၀၂၆)ရက်၊(တနင်္လာနေ့)၊ မွန်းလွဲ(၁၅း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဆွေးနွးပွဲခန်းမ၌ ၀န်ထမ်းများ ဆန္ဒထုတ်ဖော်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် လွှတ်တော်ရုံးဝန်ထမ်း များတက်ရောက်ခဲ့ပါသည်။ အခမ်းအနားအား အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်ခဲ့ပြီး မွန်းလွဲ (၁၆း၀၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။
အစီအစဉ် (၁) လွှတ်တော်ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊
အစီအစဉ် (၂) ဒုတိယဥက္ကဋ္ဌမှ ဆွေးနွေးပြောကြားခြင်း၊
အစီအစဉ် (၃) ဒုတိယညွှန်ကြားရေးမှူးချုပ်မှ ဝန်ထမ်းရေးရာကိစ္စနှင့် အုပ်ချုပ်မှု ဆိုင်ရာကိစ္စရပ်များ ဆွေးနွေး ပြောကြားခြင်း၊
အစီအစဉ် (၄) ဒုတိယညွှန်ကြားရေးမှူးမှ ယခင်ပြုလုပ်ခဲ့သော ဝန်ထမ်းဆန္ဒထုတ်
ဖော်ပွဲ ဆုံးဖြတ်ချက်များအပေါ်ဆောင်ရွက်မှုအခြေအား တင်ပြခြင်း၊
အစီအစဉ် (၅) တက်ရောက်လာသည့် ဌာနခွဲ၊ ဌာနစုရှိ ဝန်ထမ်းများမှ တင်ပြခြင်း၊
အစီအစဉ် (၆) ဒုတိယညွှန်ကြားရေးမှူးချုပ်မှ ဝန်ထမ်းများတင်ပြချက်အပေါ်
ပြန်လည်ဆွေးနွေးခြင်း၊
အစီအစဉ် (၇) ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ အထက်တန်းတွင် ပညာသင်ကြားနေသော
ဝန်ထမ်းသားသမီးများအား ပညာသင်စရိတ်နှင့် စာရေးကိရိယာများ
ထောက်ပံ့ခြင်း၊
အစီအစဉ် (၈) ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ အလယ်တန်းတွင် ပညာသင်ကြားနေသော
ဝန်ထမ်းသားသမီးများအား ပညာသင်စရိတ်နှင့် စာရေးကိရိယာများ
ထောက်ပံ့ခြင်း၊
အစီအစဉ် (၉) ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ မူလတန်းနှင့် မူကြိုတွင် ပညာသင်ကြား
နေသော ဝန်ထမ်းသားသမီးများအား ပညာသင်စရိတ်နှင့် စာရေး
ကိရိယာများထောက်ပံ့ခြင်း၊
အစီအစဉ် (၁ဝ) လွှတ်တော်ဥက္ကဋ္ဌမှ နိဂုံးချုပ်ပြောကြားခြင်း၊
အစီအစဉ် (၁၁) အစီအစဉ်ရုပ်သိမ်းခြင်း။






