သတ္တုနှင့်သယံဇာတတူးဖော်ထုတ်လုပ်မှုလေ့လာဆန်းစစ်ခြင်းစီမံကိန်း လုပ်ငန်းအစီအစဉ်များ တင်ပြခြင်းအခမ်းအနားအား ကျင်းပပြုလုပ်ခြင်း
(၇.၁.၂၀၂၀)ရက်နေ့၊ မွန်းလွဲ(၁၄း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော် ဆွေးနွေးပွဲခန်းမတွင် မွန်ပြည်နယ် လွှတ်တော်နှင့် မွန်ပြည်နယ် MATA အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခြင်းအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ် လွှတ်တော်ရေးရာကော်မတီ(၄)မှ ကော်မတီဥက္ကဋ္ဌ၊ ကော်မတီအဖွဲ့ဝင်များနှင့် MATA အဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားအား အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်ခဲ့ပါသည် –
(၁) မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊
(၂) တက်ရောက်လာသည့် MATA အဖွဲ့ဝင်များ မိတ်ဆက်ခြင်း၊
(၃) ဦးမင်းအောင်ထူးမှ စီမံကိန်းဆောင်ရွက်ရခြင်းရည်ရွယ်ချက်ရှင်းလင်းတင်ပြခြင်း၊
(၄) ဒေါ်စုသန္တာဝင့်မှ စီမံကိန်းလုပ်ငန်းအစီအစဉ်များ ရှင်းလင်းတင်ပြခြင်း၊
(၅) လွှတ်တော်ကိုယ်စားလှယ်များ မေးမြန်းဆွေးနွေးခြင်း၊
(၆) ကျေးဇူးတင်စကားပြောကြားခြင်း၊
(၇) အခမ်းအနားပြီးမြောက်ကြောင်းကြေညာခြင်း။
အခမ်းအနားကို (၇.၁.၂၀၂၀)ရက်နေ့၊ မွန်းလွဲ(၁၅း၅၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။



