3132

သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှုနှင့်လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ အစီရင်ခံစာပါတွေ့ရှိချက်များရှင်းလင်းတင်ပြသည့် ဆွေးနွေးပွဲကျင်းပပြုလုပ်ခြင်း

(၁၅-၃-၂၀၁၈)ရက်နေ့၊ နံနက် (၁၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံးဆွေးနွေးပွဲခန်းမတွင် သဘာဝပတ်ဝန်းကျင်ပျက်စီးဆုံးရှုံးမှုနှင့်လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ အစီရင်ခံစာပါ တွေ့ရှိချက်များ ရှင်းလင်း တင်ပြသည့် ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ကာကွယ်စောင့်ကြည့်ရေးကော်မတီ၊ တိုင်ကြားစာနှင့်အသနားခံစာ၊ တင်ပြစာနှင့် အထွေထွေကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မတီနှင့် ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေးဆိုင်ရာကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီများ တက်ရောက်ကြပါသည်။

ဆွေးနွေးပွဲတွင် လူမှုဖွံ့ဖြိုးရေးနှင့် ငြိမ်းချမ်းရေးကွန်ရက် (NSDP) အဖွဲ့အကြောင်း မိတ်ဆက်ခြင်း၊ သထုံခရိုင်၊ ပေါင်မြို့နယ်ကျောက်မိုင်း (ကျောက်ထုတ်လုပ်ရေး) စီမံကိန်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ သဘာ၀ ပတ်ဝန်းကျင်ပျက်စီးဆုံးရှုံးမှုနှင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ အစီရင်ခံစာပါတွေ့ရှိချက်များ ရှင်းလင်းတင်ပြ ခြင်း၊ အပြန်အလှန်ဆွေးနွေးခြင်း ပြုလုပ်ကြပါသည်။