2650

သုတေသနလုပ်ငန်းအတွက် ကွင်းဆင်းဆောင်ရွက်ခြင်း

(၂၀.၁၁.၂၀၁၇)ရက်နေ့၊ နံနက်(၈း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်နှင့် မော်လမြိုင်တက္ကသိုလ်မှ ဆရာ၊ ဆရာမများပူးပေါင်းဆောင်ရွက်မှုဖြင့် ကျိုက်မရောမြို့နယ်၏ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာ သုတေသနစာတမ်းများပြုစုနိုင်ရန်အတွက် ကျိုက်မရောဘုရားကြီး၊ ဘုရားကြီးအနီးကျောက်တောင်များ၊ စံပါယ်ဂူနှင့် ပုဂံဂူများသို့ First Field Trip ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

ကွင်းဆင်းလေ့လာရာတွင် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ရုံးဝန်ထမ်းများနှင့် မော်လမြိုင်တက္ကသိုလ်မှပညာရှင်များ စုစုပေါင်း (၂၅)ဦးတို့မှ သုတေသနပြုလုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ကြပါသည်။