ဥပဒေပြုရေးကိစ္စ အစည်းအဝေးကျင်းပပြုလုပ်ခြင်း
၂၃.၁၁.၂၀၁၅ ရက်နေ့ ၁၂း၀၀ နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ရုံးခန်းတွင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဥပဒေချုပ်နှင့် ဥပဒေပြုရေးဆိုင်ရာကော်မတီတို့မှမွန်ပြည်နယ်စည်ပင်သာယာရေးဥပဒေကြမ်း နှင့်ပတ်သက်၍ မြို့နယ်စည်ပင်သာယာရေးကော်မတီများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များ၏ အကြံပြုချက်များအား ဥပဒေကြမ်းတွင် ဖြည့်စွက်ရန်၊ ပြင်ဆင်ရန်၊ ပယ်ဖျက်ရန် သင့်/မသင့် သုံးသပ် ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ ပါသည်။

