696

၂၀၁၄ခုနှစ်၊ မွန်ပြည်နယ်လွှတ်တော်ရက်စဉ်မှတ်တမ်း

၂. ၁. ၂၀၁၄ ရက်နေ့ –   ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌသည်(၀၈၀၀)နာရီအချိန်၊ မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်သော (၆၆)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပြခန်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။ ဆက်လက်၍ ချောင်းဆုံမြို့နယ်သို့ သွားရောက်ပြီး၊ မြို့နယ်စီမံကော်မတီ အထောက်အကူပြု ကော်မတီများနှင့်တွေ့ဆုံပြီး မြို့နယ်ဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆွေးနွေး သည်။ ၎င်းနောက် အဘစ်၊ နှီးမှုတ်ကျေးရွာသို့ သွားရောက်၍ ကျေးရွာရပ်မိရပ်ဖများ နှင့် တွေ့ဆုံ ဆွေးနွေး ပါသည်။
၃.၁.၂၀၀၁ ရက်နေ့   –   ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌသည ်(၀၈၀၀)နာရီအချိန် ပြည်နယ်အထွေထွေရောဂါကုဆေးရုံကြီး၌ ကျင်းပသော မြန်မာနိုင်ငံဆရာဝန်များအသင်း (မော်လမြိုင်) ဒသမအကြိမ် ညီလာခံသို့ တက်ရောက်သည်။ ဆက်လက်၍ အထက(၆)၌ ကျင်းပသော မွန်ပြည်နယ် ပညာရေးစုံညီ ပွဲတော်နှင့် ဆုပေးပွဲသို့ တက်ရောက်သည်။
၄.၁.၂၀၁၄ ရက်နေ့  –   ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်များသည် မော်လမြိုင်မြို့၊ မောရဝတီပန်းခြံ၌ ကျင်းပသော (၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အလံတင် အခမ်းအနားနှင့် နိုင်ငံတော်သမ္မတထံမှ ပေးပို့သည့် သဝဏ်လွှာ ဖတ်ကြားခြင်း အခမ်းအနားသို့ တက်ရောက်သည်။ ၎င်းနောက် ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်သော ပြည်နယ်ဂုဏ်ဆောင်ဆု ချီးမြှင့်ခြင်း အခမ်းအနားသို့ တက်ရောက်သည်။
၆.၁.၂ဝ၁၄ ရက်နေ့   –  ရုံးတွင်းလုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ပါသည်။
၇.၁.၂ဝ၁၄ ရက်နေ့   –  ဥပဒေပြုရေးဆိုင်ရာအစည်းအဝေး (ငါးလုပ်ငန်း/ဆားလုပ်ငန်းဥပဒေကြမ်း) ကျင်းပသည်။
၈.၁.၂ဝ၁၄ ရက်နေ့   –  ရုံးတွင်းလုပ်ငန်းညှိနှိုင်းအစည်းအဝေး၊ ပြုလုပ်ပါသည်။
၈.၁.၂ဝ၁၄ ရက်နေ့   –  ရုံးတွင်းလုပ်ငန်းညှိနှိုင်းအစည်းအဝေး၊(၃ နှစ်ပြည့်တွေ့ဆုံပွဲကိစ္စ) ဆွေးနွေးသည်။
၁ဝ.၁.၂ဝ၁၄ ရက်နေ့   –  ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်များသည် မော်လမြိုင်တက္ကသိုလ်၌ ကျင်းပပြုလုပ်သော မြန်မာ့ကမ်းခြေ ဒေသငါးလုပ်ငန်းကျေးရွာများ၏ လူမှုစီးပွားဖွံ့ဖြိုးမှုနှင့် သယံဇာတသုံးစွဲမှုများ ဆက်နွယ်ခြင်း အပေါ် တိုင်းတာဆန်းစစ်ခြင်းနှင့် နည်းပညာသင်တန်းဖွင့်ပွဲသို့ တက်ရောက်သည်။
၁၄.၁. ၂၀၁၄ရက်နေ့   –  မွန်ပြည်နယ်ဆားလုပ်ငန်း ဥပဒေမူကြမ်းရေးဆွဲရေး ညှိနှိုင်းအစည်းအဝေးပြုလုပ်သည်။
၁၈.၁.၂ဝ၁၄ရက်နေ့   –  မွန်ပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမတွင် ဥပဒေရေးရာစာတမ်းဖတ်ပွဲ ကျင်းပသည်။ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်ဥပဒေချုပ်တို့ အပါအဝင် ၁၅ဝဦးကျော် တက်ရောက်ခဲ့ကြသည်။
၂၁.၁.၂ဝ၁၄ရက်နေ့   –  မွန်ပြည်နယ်လွှတ်တော်နှင့် UNDP တို့ပူးပေါင်းပြီး ဥပဒေပြုရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို
မွန်ပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
၂၂.၁.၂၀၁၄ရက်နေ့   –  မွန်ပြည်နယ်လွှတ်တော် (၃)နှစ်မြောက်တွေ့ဆုံပွဲ အစီအစဉ်များကို ညှိနှိုင်းဆွေးနွေးပြီး မွန်းလွဲပိုင်းတွင် မွန်ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်ကျေးလက်ဦးစီးဌာနမှူးတို့နှင့် တွေ့ဆုံပြီး ချောင်းဆုံမြို့နယ် စံပြကျေးရွာရွေးချယ်ရေးကိစ္စ ညှိနှိုင်းဆွေးနွေးသည်။
၂၄.၁.၂ဝ၁၄ရက်နေ့   –  ဥပဒေပြုရေးဆိုင်ရာအစည်းအဝေး(ငါးလုပ်ငန်းဥပဒေကြမ်း) ဆွေးနွေးပါသည်။
၂၅.၁.၂၀၁၄ရက်နေ့   –  ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌသည် ချောင်းဆုံမြို့နယ်၊ ကော့မုပွန်ဆိပ်ကမ်းတွင် ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးအောင်နိုင်ဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်စီမံကော်မတီတို့ကိုတွေ့ဆုံပြီး၊ ချောင်းဆုံမြို့နယ်စံပြကျေးရွာရွေးချယ်ရေးကိစ္စ ဆွေးနွေးညှိနှိုင်းသည်။
၂၇.၁.၂ဝ၁၄ရက်နေ့   –  ပြည်နယ်လွှတ်တော်ရေးရာကော်မတီများ ပူးပေါင်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ပါသည်။
၂၈.၁.၂ဝ၁၄ရက်နေ့   –  ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များသည် ဈေးကြိုကုန်စည်ဒိုင်၌ ပြုလုပ်သည့် မွန်မှုသုတေသနစာတမ်းဖတ်ပွဲသို့ တက်ရောက်ပါသည်။
၂၈.၁.၂ဝ၁၄ရက်နေ့   –  ရုံးတွင်းလုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ပါသည်။
၃ဝ.၁.၂ဝ၁၄ရက်နေ့   –  ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌသည် မွန်ပြည်နယ်အစိုးရအဖွဲ့လုပ်ငန်း အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေးတက်ရောက်သည်။
၃၁.၁.၂ဝ၁၄ရက်နေ့   – မွန်ပြည်နယ်လွှတ်တော်(၃)နှစ်ပြည့် တွေ့ဆုံပွဲအခမ်းအနားကို မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်၊ လွှတ်တော်ဥက္ကဋ္ဌဦးကျင်ဖေ၊ လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဌေးလွင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်ဥပဒေချုပ်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များ၊ လွှတ်တော်ရေးရာကော်မတီဝင်များ၊ မြို့မိမြို့ဖ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ သတင်းမီဒီယာအဖွဲ့များ စုစုပေါင်း အင်အား(၃ဝဝ)ဦးကျော် တက်ရောက်ခဲ့ကြပြီး လွှတ်တော်ရေးရာလုပ်ငန်းဆိုင်ရာများကို ဆွေးနွေးခြင်းနှင့်အကြံပြုချက်များ တင်ပြခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
၁.၂.၂ဝ၁၄ရက်နေ့   –   ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌသည် ပြည်နယ်ပြန်ဆက် ဦးစီးမှူးနှင့် မော်လမြိုင်မြို့ပေါ်မှ သတင်း မီဒီယာအဖွဲ့နှင့် တွေ့ဆုံပြီး ( ၁၉.၁. ၂၀၁၄) ရက်နေ့ထုတ် မြန်မာပို့စ်ဂျာနယ်ပါ ပညာရည် နိမ့်ကျမှုကြောင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်တွင် ပါဝင် နေရခြင်းဆိုသည့် မှားယွင်းဖော်ပြထားသော သတင်းခေါင်းစဉ်နှင့် ပတ်သက်ပြီး တွေ့ဆုံ ရှင်းလင်းသည်။
၄.၂.၂ဝ၁၄ရက်နေ့   –  ဥပဒေပြုရေးဆိုင်ရာအစည်းအဝေး (ငါးလုပ်ငန်းဥပဒေကြမ်း)ဆွေးနွေးပွဲကျင်းပသည်။
၅.၂.၂၀၁၄ရက်နေ့   –   ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌသည် ချောင်းဆုံမြို့နယ်သို့ သွားရောက်ပြီး၊ ပြည်နယ်လွှတ်တော်
ကိုယ်စားလှယ်ဦးအောင်နိုင်ဦး ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ စီမံ/အထောက်အကူပြု
ကော်မတီဝင်များ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများတို့နှင့် တွေ့ဆုံဆွေးနွေးပါသည်။
၆.၂.၂ဝ၁၄ရက်နေ့   –  ဥပဒေပြုရေးဆိုင်ရာအစည်းအဝေး (ငါးလုပ်ငန်းဥပဒေကြမ်း) ဆွေးနွေးပါသည်။
၈.၂.၂ဝ၁၄ရက်နေ့   –  ဥပဒေပြုရေးဆိုင်ရာအစည်းအဝေး (ပုဂ္ဂလိကမော်တော်ယာဉ်များဥပဒေ) ဆွေးနွေးပါသည်။
၁ဝ.၂.၂ဝ၁၄ရက်နေ့   –  ဥပဒေပြုရေးဆိုင်ရာအစည်းအဝေး (ပုဂ္ဂလိကမော်တော်ယာဉ်များဥပဒေ) ဆွေးနွေးပါသည်။

၁၁.၂.၂ဝ၁၄ရက်နေ့   –   ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌသည် မော်လမြိုင်မြို့ ရွှေမြင့်မိုရ်ထွန်းဟိုတယ်၌ ကျင်းပပြုလုပ်သော
UNDP မြန်မာနှင့် Myanmar Survey Research တို့ ပူးပေါင်းပြုလုပ်သော မွန်ပြည်နယ်တွင် ဆောင်ရွက်နေသော ဒေသန္တရအုပ်ချုပ်ရေးနှင့် ပတ်သက်သည့် လုပ်ငန်းစဉ်များ ကြားဖြတ် တွေ့ရှိချက်များကို တင်ပြမည့် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်သည်။
၁၂.၂.၂၀၁၄ရက်နေ့   –  မော်လမြိုင်မြို့၊ မောရဝတီပန်းခြံ၌ ကျင်းပပြုလုပ်သော (၆၈) နှစ်မြောက် ပြည်ထောင်စုနေ့
အလံတင်အခမ်းအနားနှင့် နိုင်ငံတော်သမ္မတထံမှ ပေးပို့သော သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားသို့ တက်ရောက်သည်။ ဆက်လက်၍ တောင်ဝိုင်းဘိုးဘွားရိပ်သာ နှစ်ပတ်လည် အခမ်းအနားသို့ တက်ရောက်သည်။
၁၃.၂.၂ဝ၁၄ရက်နေ့   –  ရုံးတွင်းလုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ပါသည်။
၁၄.၂.၂ဝ၁၄ရက်နေ့   –  ဥပဒေပြုရေးဆိုင်ရာအစည်းအဝေး (ပုဂ္ဂလိကမော်တော်ယာဉ်များဥပဒေ)ဆွေးနွေးပါသည်။
၁၅.၂.၂ဝ၁၄ရက်နေ့   –  မွန်အမျိုးသားနေ့အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲဆုပေးပွဲအခမ်းအနားကို ပြည်နယ်လွှတ်တော်
ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
၁၇.၂.၂ဝ၁၄ရက်နေ့   –  ရုံးအဖွဲ့နှင့်ညှိနှိုင်းအစည်းအဝေး (ဖွဲ့စည်းပုံကိစ္စ၊ ကားလေလံကိစ္စ၊ နှစ်ပတ်လည်တွေ့ဆုံပွဲကိစ္စ)
ပြုလုပ်ပါသည်။
၁၈.၂.၂ဝ၁၄ရက်နေ့   –  ဥပဒေပြုရေးဆိုင်ရာ အစည်းအဝေး (ဥပဒေကြမ်းများကိစ္စ) ပြုလုပ်ပါသည်။
၁၈.၂.၂ဝ၁၄ရက်နေ့   –  ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့်လွှတ်တော်ကိုယ်စားလှယ်များသည်မော်လမြိုင်မြို့၊ ရွှေမြင့်မိုရ်ထွန်း
ဟိုတယ်တွင်ကျင်းပပြုလုပ်သော မွန်ပြည်နယ်လုံးဆိုင်ရာ လူငယ်များဖိုရမ်ဖွင့်ပွဲသို့ တက်ရောက်
သည်။
၂၁.၂.၂ဝ၁၄ရက်နေ့   –  ပြည်နယ်လွှတ်တော်ရေးရာပူးပေါင်းကော်မတီ အစည်းအဝေး ကျင်းပပြုလုပ်ပါသည်။
၂၃.၂.၂ဝ၁၄ရက်နေ့   –  ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များသည် ရွှေမြင့်မိုရ်ထွန်းဟိုတယ်တွင်
ကျင်းပသော Fedral အလုပ်ရုံ ဆွေးနွေးပွဲသို့ တက်ရောက်ပါသည်။
၂၈.၂.၂ဝ၁၄ရက်နေ့   –  ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌသည် ရေးရာပူးပေါင်းကော်မတီအစည်းအဝေးကျင်းပ ဆောင်ရွက်
ပါသည်။
၃.၃.၂၀၁၄ရက်နေ့   –  မော်လမြိုင်မြို့၊ ပြည်နယ်အထွေထွေရောဂါကုဆေးရုံကြီး အစည်းအဝေးခန်းမ၌ ကျင်းပ
ပြုလုပ်သည့် ပြည်နယ်အဆင့်လူထုကျန်းမာရေးဆောင်ရွက်မှုလုပ်ငန်းဆန်းစစ်ခြင်းနှင့်ကျန်းမာရေး ကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲသို့ တက်ရောက်သည်။
၅.၃.၂ဝ၁၄ရက်နေ့   –  ဥပဒေပြုရေးဆိုင်ရာအစည်းအဝေး (ငါးလုပ်ငန်းဥပဒေကြမ်း) ပြုလုပ်ပါသည်။
၁ဝ.၃.၂ဝ၁၄ရက်နေ့   –  ရုံးတွင်းလုပ်ငန်း ညှိနှိုင်းအစည်းအဝေး (လွှတ်တော်ရုံးတင်ဒါကိစ္စ) ဆောင်ရွက်ပါသည်။
၁၁.၃.၂ဝ၁၄ရက်နေ့   –  ဥပဒေပြုရေးဆိုင်ရာအစည်းအဝေး (ငါးလုပ်ငန်းဥပဒေကြမ်း) ပြုလုပ်ပါသည်။
၁၃.၃.၂ဝ၁၄ရက်နေ့   –  တယ်လီနောကုမ္ပဏီမှ တာဝန်ရှိသူနော်ဝေးနိုင်ငံမှ ဧည့်သည်များ၊ ပြည်နယ်လွှတ်တော်
ကိုယ်စားလှယ်များနှင့်လာရောက်တွေ့ဆုံသည်။
၁၄.၃.၂ဝ၁၄ရက်နေ့   –  ရေးရာပူးပေါင်းကော်မတီအစည်းအဝေးကျင်းပ ဆောင်ရွက်ပါသည်။
၁၈.၃.၂၀၁၄ရက်နေ့   –  ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များသည် (၀၅း၃၀) နာရီအချိန်၊မော်လမြိုင်မြို့၊ သာသနာ့ဗိမာန်၌ ကျင်းပသော နှစ်(၄၀)ပြည့်မွန်ပြည်နယ်နေ့ အထိမ်းအမှတ် သံဃာတော်များ အာရုံဆွမ်းဆက်ကပ် လှူဒါန်းသည့် အခမ်းအနားသို့တက်ရောက်ပါသည်။
ညနေပိုင်းတွင် မွန်ပြည်နယ်နေ့ကျင်းပမည့် သံဖြူဇရပ်မြို့နယ်သို့ ညအိပ်သွားရောက်သည်။
၁၉.၃.၂ဝ၁၄ရက်နေ့   –  နံနက်ပိုင်းတွင် စက်စဲကမ်းခြေတွင်တည်ဆောက်ထားသည့် (21- Paradise HoteL) ဟိုတယ်
ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပါသည်။ ဆက်လက်၍ စက်စဲကမ်းခြေတွင် ပြုလုပ်သည့် နှစ်(၄၀) ပြည့် မွန်ပြည်နယ်နေ့ အခမ်းအနားသို့ တက်ရောက်ပါသည်။
၂၂.၃.၂ဝ၁၄ရက်နေ့   –  မွန်ပြည်နယ်လွှတ်တော် တိုင်ရင်းသားရေးရာကော်မတီဦးဆောင်ပြီး (၁၀)မြို့နယ် စာပေနှင့်
ယဉ်ကျေးမှုကော်မတီဝင်များ၊ မြို့နယ်အထောက်အကူပြု ကော်မတီဝင်များနှင့် နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံ၍ တိုင်းရင်းသား စာပေသင်ကြားရေးကိစ္စများကို ဆွေးနွေးသည်။
၂၄.၃.၂ဝ၁၄ရက်နေ့ မှ ၂၉.- မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့ (MPU) အစည်းအဝေးတက်ရောက်ရန် နေပြည်တော်သို့ ၂၆.၃.၂၀၁၄အထိ သွားရောက်ပါသည်။
၂၉.၃.၂ဝ၁၄ – ပြည်နယ်နယ်လွှတ်တော်ဥက္ကဋ္ဌ အစည်းအဝေးခန်းမ၌ ငါးလုပ်ငန်းနှင့် ဆားလုပ်ငန်း ဥပဒေ
မူကြမ်း ညှိနှိုင်းအစည်းအဝေးကျင်းပ ဆောင်ရွက်သည်။
၃၁.၃.၂ဝ၁၄ – ပြည်နယ်လွှတ်တော်ရေးရာပူးပေါင်းကော်မတီအစည်းအဝေး ကျင်းပဆောင်ရွက်သည်။
၂.၄.၂ဝ၁၄ – ဒု-ဥက္ကဋ္ဌရုံးခန်း၌ ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ကျင်းပရေး
ကြိုတင်ညှိနှိုင်း အစည်းအဝေးကျင်းပခဲ့ပါသည်။
၃.၄.၂ဝ၁၄ – ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော်အဋ္ဌမပုံမှန် အစည်းအဝေးအတွက် ပြင်ဆင်မှုများ
ပြုလုပ်ရန် ရုံးအဖွဲ့အားတွေ့ဆုံပါသည်။
၄.၄.၂ဝ၁၄ – လွှတ်တော်ရေးရာပူးပေါင်းကော်မတီအစည်းအဝေးကျင်းပခဲ့ပါသည်။
၆.၄.၂၀၁၄ – ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌသည် ချောင်းဆုံမြို့နယ်သို့ သွားရောက်ပြီး ၂၀၁၄ခုနှစ် ရာသီ
စာတတ်မြောက်ရေးလုပ်ငန်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပါသည်။
၈.၄.၂ဝ၁၄ – ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေး (ပထမနေ့)တွင်
ကတိသစ္စာမပြုရသော တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးစိုးမြင့်ဦးက ကတိသစ္စာပြုခြင်း၊ ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခြင်း၊ ပြည်နယ်ဝန်ကြီးချုပ် ပြောကြားသည့် မိန့်ခွန်းအား မှတ်တမ်း တင်ခြင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးထွန်းလှိုင်ကွယ်လွန်ခြင်း အတွက်ဝမ်းနည်းကြောင်း အဆိုတင်သွင်းခြင်း၊ လစ်လပ်လျှက်ရှိသောလမ်းပန်းဆက်သွယ်ရေး ဝန်ကြီးနေရာတွင် ပူးတွဲ တာဝန်ပေးအပ်ခြင်းအား မှတ်တမ်းတင်ခြင်း၊ မေးခွန်း(၁၃)ခုမေးမြန်း ဖြေကြားခြင်း၊ ဥပဒေ(၃)ခု တင်သွင်းခြင်းနှင့် အဆို(၃) ခု တင်သွင်းခြင်းများ ဆောင်ရွက် ပါသည်။

၉.၄.၂ဝ၁၄ – ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (ဒုတိယနေ့) တွင်
မေးခွန်း(၁၂)ခု မေးမြန်းဖြေကြားခြင်း၊ ဥပဒေ(၃)ခုအတည်ပြုခြင်း၊ အဆို(၁)ခု အတည်ပြုခြင်း၊ အဆို(၁)အား နောက်ကျင်းပမည့် လွှတ်တော်အစည်းအဝေးတွင် တင်ပြရန် ဆုံးဖြတ်ခြင်း အဆို(၁)ခု မှတ်တမ်းတင်ခြင်း များ ဆောင်ရွက်ပါသည်။
၁ဝ.၄.၂ဝ၁၄ – ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (တတိယနေ့) တွင်
မေးခွန်း(၁၃)ခု မေးမြန်းဖြေကြားခြင်း၊ မွန်ပြည်နယ်လွှတ်တော်ရေးရာ ကော်မတီ(၅)ရပ် ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းအား မှတ်တမ်းတင်ခြင်း၊ သာမန်အသုံးစရိတ်ခေါင်းစဉ် လွှဲပြောင်း သုံးစွဲခွင့်အား မှတ်တမ်းတင်ခြင်း၊ ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်မှ သတ္တမပုံမှန် အစည်းအဝေးထိ တင်သွင်းခဲ့သော အဆိုများနှင့် စပ်လျဉ်း၍ အကောင်အထည် ဖော်မှုများကို လေ့လာသုံးသပ်တင်ပြခြင်းနှင့် မှတ်တမ်းတင်ခြင်းများ ဆောင်ရွက်ပါသည်။
၁၁.၄.၂၀၁၄ – ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌသည် ချောင်းဆုံမြို့နယ်သို့သွားရောက်၍လွှတ်တော်ကိုယ်စားလှယ်၊
မြို့နယ်အုပ်ချုပ်ရေးမှူး၊ စီမံကော်မတီ၊ အထောက်အကူပြုကော်မတီ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများတို့နှင့် တွေ့ဆုံ၍ မြို့နယ်ဖွံ့ဖြိုးရေး လုပ်ငန်းများကို ညှိနှိုင်းဆွေးနွေး ပါသည်။
၁၃.၄.၂၀၁၄ – ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များသည် မော်လမြိုင်မြို့ ကမ်းနားလမ်း၊
ဗဟိုမဏ္ဍပ် သင်္ကြန်ပွဲတော်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကြပါသည်။
၁၆.၄.၂၀၁၄ – ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များသည် မော်လမြိုင်မြို့ ကမ်းနားလမ်း၊
ဗဟိုမဏ္ဍပ် သင်္ကြန်ပွဲတော်ပိတ်ပွဲနှင့် ဆုပေးပွဲအခမ်းအနားသို့ တက်ရောက်သည်။
၁၇.၄.၂၀၁၄ – ပြည်နယ်ဥက္ကဋ္ဌသည် မော်လမြိုင် ကမ်းနားလမ်း၊ ဆိပ်ကမ်းသာတံတားတွင် ငါးလွှတ်ပွဲ
အခမ်းအနားသို့ တက်ရောက်ပြီး၊ မော်လမြိုင်တောင်ဝိုင်းဘိုးဘွားရိပ်သာတွင် အဘိုးအဘွား များကို ပူဇော်ကန်တော့ပွဲသို့ တက်ရောက်ပါသည်။
၁၈.၄.၂၀၁၄ – အရှေ့တောင်တိုင်းစစ်ဌာနချုပ် သန္တိသုခဓမ္မာရုံ၌ ကျင်းပပြုလုပ်သော ရဟန်းခံ/ရှင်ပြု
အလှူမင်္ဂလာပွဲသို့ တက်ရောက်ပါသည်။
၂၃.၄.၂ဝ၁၄ – ရေးရာပူးပေါင်းကော်မတီ အစည်းအဝေး ကျင်းပခဲ့ပါသည်။ မွန်ပြည်နယ် အစိုးရအဖွဲ့ရုံး၊
အောင်ဆန်းခန်းမ၌၂၀၁၄ခုနှစ် ဘက်စုံထူးချွန်သည့် လူရည်ချွန်များမွန်ပြည်နယ် ဝန်ကြီးချုပ်နှင့် တွေ့ဆုံလမ်းညွှန်မှုခံယူသည့် အခန်းအနားသို့ တက်ရောက်သည်။
၂၅.၄.၂၀၁၄ – သထုံမြို့ ၊ သုဝဏ္ဏခန်းမတွင် ပြည်ထောင်စု လွှတ်တော်နာယကနှင့် အဖွဲ့ဝင်များအား
ကြိုဆိုပြီး တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက် ပါသည်။ ဆက်လက်၍ မော်လမြိုင်မြို့သို့ ရောက်ရှိပြီး ပြည်နယ်ခန်းမတွင် ပြည်ထောင်စု လွှတ်တော်နာယကနှင့် အဖွဲ့ဝင်များအား တွေ့ဆုံသည့် အခမ်းအနားသို့ တက်ရောက်သည်။
၃ဝ.၄.၂ဝ၁၄ – ရေးရာပူးပေါင်းကော်မတီအစည်းအဝေးကျင်းပခဲ့ပါသည်။

၁.၅.၂၀၁၄ – မော်လမြိုင်မြို့၊ မဟာမြတ်မုနိဘုရာကြီး ရွှေထီးတော်ဆပ်ကပ် လှူဒါန်းခြင်း၊ စိန်ဖူးတော်နှင့်
ငှက်မြက်နားတော်လှူဒါန်းခြင်း၊ ဗုဒ္ဓဘိသေကအနေက ဇာတင် လှူခြင်း မင်္ဂလာအခမ်းအနားသို့ တက်ရောက်ကြည်ညိုပါသည်။
၃.၅.၂၀၁၄ – မွန်ပြည်နယ်လွှတ်တော်ရုံးတွင် ချောင်းဆုံမြို့နယ် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ အမျိုးသား
လွှတ်တော်ကိုယ်စားလှယ် ဦးးလှမောင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦး၊ မွန်ပြည်နယ်ဥပဒေချုပ် ဦးဝင်းကြည်၊ ချောင်းဆုံမြို့နယ် အုပ်ချုပ်ရေးမှူး စီမံ ကော်မတီ၊ အထောက်အကူပြုကော်မတီ၊ စည်ပင်ကော်မတီ၊ မြို့နယ်ကျေးလက်ဦးစီးတို့ နှင့် တွေ့ဆုံ ညှိနှိုင်း ဆွေးနွေးပါသည်။
၅.၅.၂ဝ၁၄ – ဗြိတိသျှသံအမတ်၊ စစ်သံမှူးတို့သည် မွန်ပြည်နယ်လွှတ်တော်သို့လာရောက်ခဲ့ပြီး လွှတ်တော်
ရေးရာကိစ္စများ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စများ၊ ငြိမ်းချမ်းရေး ဖော်ဆောင်နေမှု ကိစ္စများ၊ တပ်မတော်ပိုင်းဆိုင်ရာကိစ္စများကို တွေ့ဆုံဆွေးနွေး ခဲ့ကြသည်။
၇.၅.၂ဝ၁၄ – ဥပဒေပြုရေးဆိုင်ရာအစည်းအဝေး၊ (မွန်ပြည်နယ်လမ်းများ၊ တံတားများဥပဒေ မူကြမ်း -၂)
ဆွေးနွေးပါသည်။
၈.၅.၂ဝ၁၄ – ဥပဒေပြုရေးဆိုင်ရာအစည်းအဝေး၊ (မွန်ပြည်နယ်လမ်းများ၊ တံတားများဥပဒေ မူကြမ်း -၂)
ဆွေးနွေးပါသည်။
၁၂.၅.၂ဝ၁၄ – မွန်ပြည်နယ်လွှတ်တော် အဆောက်အဦသစ် ဆောက်လုပ်ရေးအတွက် တင်ဒါကြော်ငြာကို
မြန်မာ့အလင်း၊ ကြေးမုံသတင်းစာတို့တွင် ဖော်ပြခဲ့သည်။
၁၄.၅.၂ဝ၁၄ – ဥပဒေပြုရေးဆိုင်ရာအစည်းအဝေး၊ (မွန်ပြည်နယ်လမ်းများ၊ တံတားများဥပဒေ မူကြမ်း(၂))
ဆွေးနွေးပါသည်။
၁၅.၅.၂၀၁၄ – ချောင်းဆုံမြို့နယ် (အထကချောင်းဆုံခန်းမ) ၌ ကျင်းပပြုလုပ်သော ၂၀၁၄ခုနှစ်အခြေခံ စာတတ်
မြောက်ရေးလုပ်ငန်းအောင်ပွဲအခမ်းအနားသို့ တက်ရောက်ပါသည်။
၁၆.၅.၂ဝ၁၄ – မွန်ပြည်နယ်လွှတ်တော်နှင့် UNICEF တို့တွေ့ဆုံပြီး ပညာရေးဆိုင်ရာကိစ္စများ၊ တိုင်းရင်းသား
စာပေသင်ကြားရေးဆိုင်ရာကိစ္စများ ဆွေးနွေးခဲ့ပါသည်။
၁၆.၅.၂ဝ၁၄ – ရေးရာပူးပေါင်းကော်မတီအစည်းအဝေး ကျင်းပခဲ့ပါသည်။
၁၈.၅.၂၀၁၄ – ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ကော်မတီဝင်များသည် မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌
ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်း၊ ဦးတင်နိုင်သိန်းတို့နှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်
ပါသည်။
၁၉.၅.၂ဝ၁၄ – ဥပဒေပြုရေးဆိုင်ရာအစည်းအဝေး( တိုင်းရင်းဆေးဝါး ဥပဒေမူကြမ်း -၁) ပြုလုပ်ပါသည်။
၂၁.၅.၂ဝ၁၄ – ရွှေမြင့်မိုရ်ထွန်းဟိုတယ်တွင် ကျင်းပပြုလုပ်သော မွန်ပြည်နယ်လုံးဆိုင်ရာ ဒေသန္တရ အဆင့်
ဖွံဖြိုးရေး မဟာဗျူဟာဖိုရမ် အလုပ်ရုံဆွေးနွေးပွဲသို့ လွှတ်တော်ကိုယ်စားလှယ်များတက်ရောက် ခဲ့ပါသည်။

၂၂.၅.၂ဝ၁၄ – ရွှေမြင့်မိုရ်ထွန်းဟိုတယ်တွင်ကျင်းပပြုလုပ်သော မွန်ပြည်နယ်လုံးဆိုင်ရာ ဒေသန္တရအဆင့်
ဖွံဖြိုးရေးမဟာဗျူဟာဖိုရမ်အလုပ်ရုံဆွေးနွေးပွဲသို့ လွှတ်တော်ကိုယ်စားလှယ်များတက်ရောက်ခဲ့ ပါသည်။
၂၃.၅.၂၀၁၄ – မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပပြုလုပ်သော၊ ပြန်လည်စွန့်လွှတ်သည့် မြေယာများအား
မူလပိုင်ရှင်များသို့ ပြန်လည် လွှဲပြောင်းပေးအပ်သည့် အခမ်းအနားသို့ တက်ရောက်ပါသည်။
၂၄.၅.၂၀၁၄ – ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ နှင့် လွှတ်တော်ကိုယ်စားလှယ်များသည် မော်လမြိုင်မြို့ မင်းရွာ၊
မွန်ပြည်နယ်အားကစားသိပ္ပံ ကျောင်းဝင်း၌ ပြုလုပ်သော မိုးရာသီသစ်ပင် စိုက်ပွဲသို့တက်ရောက်
ကြသည်။
၂၆.၅.၂၀၁၄ – မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့(MPU)အစည်းအဝေးနေပြည်တော်သို့ တက်ရောက်ပါသည်။
၂၆.၅.၂ဝ၁၄ – ငွေမိုုးဟိုတယ်တွင် ကျင်းပပြုလုပ်သော UNICEF မှဦးစီးသော အလုပ်ရုံဆွေးနွေးပွဲသို့
လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။
၂၇.၅.၂ဝ၁၄ – ငွေမိုုးဟိုတယ်တွင် ကျင်းပပြုလုပ်သော UNICEF မှ ဦးစီးသော အလုပ်ရုံဆွေးနွေးပွဲသို့
လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။
၂၈.၅.၂ဝ၁၄ – သံလွင်ဟိုတယ်တွင် ကျင်းပပြုလုပ်သော (MPC + CPCS) မှ ကျင်းပပြုလုပ်သော ပဋိပက္ခ
ဖြေရှင်းရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက် ခဲ့ပါသည်။
၂၉.၅.၂ဝ၁၄ – သံလွင်ဟိုတယ်တွင် (MPC + CPCS) မှကျင်းပပြုလုပ်သော ပဋိပက္ခ ဖြေရှင်းရေးဆိုင်ရာ အလုပ်ရုံ
ဆွေးနွေးပွဲသို့ လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက် ခဲ့ပါသည်။
၃ဝ.၅.၂ဝ၁၄ – ဥပဒေပြုရေးဆိုင်ရာအစည်းအဝေး (တိုင်းရင်းဆေးဝါးဥပဒေကြမ်း – မူကြမ်း ) ပြုလုပ်ပါသည်။
၂.၆.၂ဝ၁၄ – ဥပဒေပြုရေးဆိုင်ရာအစည်းအဝေး (တိုင်းရင်းဆေးဝါးဥပဒေကြမ်း မူကြမ်း-၁) ပြုလုပ်ပါသည်။
၄.၆.၂ဝ၁၄ – ဥပဒေပြုရေးဆိုင်ရာအစည်းအဝေး (တိုင်းရင်းဆေးဝါးဥပဒေကြမ်း မူကြမ်း-၁ ) ပြုလုပ်ပါသည်။
၅.၆.၂ဝ၁၄ – လွှတ်တော်ရုံး ဆောက်လုပ်ရေးကော်မတီများဖွဲ့စည်းရန် ညှိနှိုင်းအစည်းအဝေး လုပ်ပါသည်။
၉.၆.၂၀၁၄ – ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌသည် အားကစားနှင့် ကာယပညာသိပ္ပံကျောင်း၊ ကျောင်းဆောင်
သစ်ဖွင့်ပွဲနှင့် ၂၀၁၄-၂၀၁၅ ပညာသင်နှစ် အားကစားနှင့် ကာယပညာပေါင်းစပ် သင်တန်း ဖွင့်ပွဲသို့ တက်ရောက်သည်။ ၎င်းနောက် မော်လမြိုင်တက္ကသိုလ်ပြုလုပ်သော တက္ကသိုလ် အရန်တပ်ဖွဲ့ဝင်ကျောင်းသားများ၏ ( စစ်ပညာသင်တန်း) သင်တန်းဖွင့်ပွဲသို့ တက်ရောက် ပါသည်။
၁၁.၆.၂ဝ၁၄ – ဥပဒေပြုရေးဆိုင်ရာအစည်းအဝေး (တိုင်းရင်းဆေးဝါးဥပဒေကြမ်း) ပြုလုပ်ပါသည်။
၁၄.၆.၂ဝ၁၄ – ရေးရာပူးပေါင်းကော်မတီအစည်းအဝေး ကျင်းပ ဆောင်ရွက်ပါသည်။
၁၅.၆.၂ဝ၁၄ – ဥပဒေပြုရေးဆိုင်ရာအစည်းအဝေး (ဆားနှင့်ဆားထွက်ပစ္စည်းနည်းဥပဒေ) ပြုလုပ်ပါသည်။
၁၇.၆.၂ဝ၁၄ – UNICEF မှ ကိုးရီးယား သံတမန် မစ္စကင်ဟေဆွန်း(ရုပ်ရှင်သရုပ်ဆောင်)သည် မွန်ပြည်နယ်
လွှတ်တော်သို့လာရောက်ပြီး ပညာရေးဆိုင်ရာကိစ္စ၊ တိုင်းရင်းသား စာပေကိစ္စများ ပြုလုပ်ပါ သည်။
၁၉.၆.၂ဝ၁၄ – ရေးရာကော်မတီများ ပူပေါင်းညှိနှိုင်းအစည်းအဝေး ကျင်းပဆောင်ရွက်ပါသည်။
၂၂.၆.၂ဝ၁၄ – မော်လမြိုင်တက္ကသိုလ် ဘက်စုံခန်းမဖွင့်ပွဲနှင့် အောင်ဆန်းခန်းမတွင် ၂ဝ၁၃-၂ဝ၁၄
ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်း အောင်မြင်သူများ၏ ပညာရည်ချွန် ဆုချီးမြှင့်ပွဲ အခမ်းအနားများသို့ တက်ရောက် ခဲ့ပါသည်။
၂၄.၆.၂ဝ၁၄ – ဥပဒေပြုရေးဆိုင်ရာ အစည်းအဝေး (တိုင်းရင်းဆေးဝါးဥပဒေကြမ်းနှင့် ဆားထွက်ပစ္စည်း
နည်းဥပဒေ) ဆွေးနွေးပါသည်။
၂၅.၆.၂ဝ၁၄ – ဥပဒေပြုရေးဆိုင်ရာ အစည်းအဝေး (တိုင်းရင်းဆေးဝါးဥပဒေကြမ်းနှင့် ဆားထွက်ပစ္စည်း
နည်းဥပဒေ) ဆွေးနွေးပါသည်။
၂၉.၆.၂ဝ၁၄ – မွန်ပြည်နယ်လွှတ်တော်နှင့် NEIအဖွဲ့တို့ ပူးပေါင်းပြီး ဥပဒေရေးရာအလုပ်ရုံဆွေးနွေးပွဲကို
မော်လမြိုင်မြို့ ရွှေမြင့်မိုရ်ထွန်းဟိုတယ်တွင်ကျင်းပခဲ့ရာ အင်အား (၁ဝဝ)ဦးတက်ရောက်ခဲ့
သည်။
၃ဝ.၆.၂ဝ၁၄ – လွှတ်တော်ရေးရာကော်မတီများပူးပေါင်းညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ပါသည်။
၃ဝ.၆.၂ဝ၁၄ – မော်လမြိုင် Strand Hotel ၌ ကျင်းပပြုလုပ်သော Building Strong Library Association
Work Shop အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပါသည်။
၁.၇.၂ဝ၁၄ – ဥပဒေပြုရေးဆိုင်ရာအစည်းအဝေး (ဆားလုပ်ငန်းနည်းဥပဒေကြမ်း) ဆွေးနွေးပါသည်။
၂.၇.၂ဝ၁၄ – (၆-၇-၂ဝ၁၄) ရက်နေ့တွင် ကျင်းပမည့် ပြည်နယ်လွှတ်တော်ရုံးသစ် ပန္နက်တင်ပွဲအတွက်
ဆောင်ရွက်ရမည့် လုပ်ငန်းအစီအစဉ်များကို ကော်မတီများ၊ ရုံးအဖွဲ့များနှင့် အသေးစိတ်
ဆွေးနွေးသည်။
၃.၇.၂ဝ၁၄ – မွန်ပြည်နယ်လွှတ်တော်နှင့်ပျိုးပင်ဖွံ့ဖြိုးရေး သုတေသနအဖွဲ့တို့ တွေ့ဆုံဆွေးနွေးသည်။
၅.၇.၂ဝ၁၄ – ပြည်နယ်လွှတ်တော်ရုံး မြေနေရာသစ်ရှင်းလင်းဆောင်တွင် သံဃာ(၅)ပါးအား ဆွမ်းဆက်ကပ်
လှူဒါန်းခြင်းနှင့်ပရိတ်တရားတော်နာခြင်းများ ပြုလုပ်ဆောင်ရွက်သည်။
၆.၇.၂ဝ၁၄ – မွန်ပြည်နယ်လွှတ်တော် အဆောက်အဦသစ် ပန္နက်တင်မင်္ဂလာကျင်းပ ပြုလုပ်ခဲ့သည်။
၈.၇.၂ဝ၁၄ – ဥပဒေပြုရေးဆိုင်ရာအစည်းအဝေး (ဆားနှင့်ဆားထွက်ပစ္စည်းနည်းဥပဒေကြမ်း) ဆွေးနွေး
ပါသည်။
၉.၇.၂၀၁၄ – ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌသည် ချောင်းဆုံမြို့နယ်၊ အထက (ချောင်းဆုံ)၊ အထက
(မုရစ်ကလေး)၊ အထက (ကမာကေး) ကျောင်းများသို့ သွားရောက်ပြီး ဆရာ၊ ဆရာမများ၊ ကျောင်းသား/သူများ နှင့် တွေ့ဆုံပြီး ပညာရေးလုပ်ငန်းများကို ဆွေးနွေးသည်။
၁၅.၇.၂ဝ၁၄ – ဥပဒေပြုရေးဆိုင်ရာအစည်းအဝေး (ဆားနှင့်ဆားထွက်ပစ္စည်းနည်းဥပဒေကြမ်း) ဆွေးနွေး
ပါသည်။
၁၈.၇.၂ဝ၁၄ – (၁၁းဝဝ) နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ သံလွင်မြစ်ရေ
စောင့်ကြည့်ရေးအဖွဲ့မှ လာရောက်တွေ့ဆုံရှင်းပြသည်။
၂ဝ.၇.၂ဝ၁၄ – ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်သော မွန်ပြည်နယ်ရှိ စေတနာဝန်ထမ်းအဖွဲ့အစည်းများ၏
၂၀၁၄-၂၀၁၅ဘဏ္ဍာရေးနှစ် ထောက်ပံငွေပေးအပ်ပွဲနှင့် လူမှုစောင့်ရှောက်ရေး စေတနာ ဝန်ထမ်းများ သင်တန်းဖွင့်ပွဲသို့ တက်ရောက်သည်။ ၎င်းနောက် ပြည်နယ်လွှတ်တော်ရေးရာ ကော်မတီများ ပူးပေါင်းညှိနှိုင်း အစည်းအဝေး ကျင်းပသည်။ ယင်း အစည်းအဝေးတွင် မော်လမြိုင် Justic Centre မှ ၎င်းတို့၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေ များကို ရှင်းလင်းတင်ပြပါသည်။
၂၂.၇.၂ဝ၁၄ – ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ MPU (Myanmar Parliament Union ) အစည်းအဝေး
တက်ရောက်သည်။
၂၃.၇.၂ဝ၁၄ – ဥပဒေပြုရေးဆိုင်ရာအစည်းအဝေး (ဆားလုပ်ငန်းနည်းဥပဒေကြမ်း၊ တိရစ္ဆာန်မွေးမြူရေးနှင့်
စနစ်တကျထိန်းကျောင်းရေးဥပဒေကြမ်း) ဆွေးနွေးပါသည်။
၂၅.၇.၂ဝ၁၄ – ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်သည့် ယဉ်ကျေးမှုထိန်းသိမ်းရေးအလုပ်ရုံ ဆွေးနွေးပွဲကို
လွှတ်တော် ကိုယ်စားလှယ်များဖြစ်သည့် ဦးစံတင်၊ ဦးလှထွန်း၊ ဦးအောင်နိုင်ဦးတို့
တက်ရောက်ခဲ့ကြသည်။
၂၆.၇.၂ဝ၁၄ – မော်လမြိုင်၊ ရွှေမြင့်မိုရ်ထွန်းဟိုတယ်၌ ကျင်းပပြုလုပ်သော UNDP နှင့် မွန်ပြည်နယ်အရပ်ဖက်
လူမှုဖိုရမ်တွေ့ဆုံပွဲတက်ရောက်ခဲ့သည်။
၂၈.၇.၂ဝ၁၄ – ဥပဒေပြုရေးဆိုင်ရာအစည်းအဝေး (တိရစ္ဆာန်မွေးမြူရေးနှင့်စနစ်တကျထိန်းကျောင်းရေး
ဥပဒေကြမ်း) ဆွေးနွေးပါသည်။
၂၉.၇.၂ဝ၁၄ – ဥပဒေပြုရေးဆိုင်ရာ အစည်းအဝေး (တိရစ္ဆာန်မွေးမြူရေးနှင့် စနစ်တကျထိန်းကျောင်းရေး
ဥပဒေကြမ်း) ဆွေးနွေးပါသည်။
၃၁.၇.၂ဝ၁၄ – ရေးရာပူးပေါင်းကော်မတီအစည်းအဝေး ကျင်းပခဲ့သည်။
၁.၈.၂ဝ၁၄ – ပြည်နယ်ဥက္ကဋ္ဌသည် မော်လမြိုင်မြို့နယ်၊ ကြာအင်းကျေးရွာအနီး ၊ မွန်ပြည်နယ်ကိုယ်ပွား
သတင်း စာတိုက်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။ ၎င်းနောက်ပြည်နယ်ရုံးတွင်ဂျာမဏီ နိုင်ငံမှ မစ္စတာ Kyle James နှင့် တွေ့ဆုံပြီး Community Radio အသံဖမ်းစက်ကိစ္စ ဆွေးနွေးခဲ့သည်။
၄.၈.၂ဝ၁၄ – ရုံးအဖွဲ့နှင့်လုပ်ငန်းညှိနှိုင်းသည်။
၅.၈.၂ဝ၁၄ – ဥပဒေပြုရေးဆိုင်ရာ အစည်းအဝေး (မွန်ပြည်နယ် တိရစ္ဆာန်မွေးမြူရေးနှင့် စနစ်တကျ
ထိန်းကျောင်း ရေး ဥပဒေကြမ်း) ဆွေးနွေးပါသည်။
၆.၈.၂ဝ၁၄ – ဥပဒေပြုရေးဆိုင်ရာ အစည်းအဝေး (ရေယာဉ်များ စနစ်တကျပြေးဆွဲရေး နည်းဥပဒေ)
ဆွေးနွေးပါသည်။
၇.၈၂၀၁၄ – မွန်ပြည်နယ်လွှတ်တော်ရုံးတွင် ပြည်နယ်ဥပဒေချုပ် ၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်
လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦး၊ ရသုံးမှန်းခြေ ပြည်နယ်မှူး၊ ပြည်နယ်စာရင်းဦးစီးမှူး တို့နှင့် တွေ့ဆုံပြီး ၊ မွန်ပြည်နယ်ဘတ်ဂျတ် (သန်းတစ်ထောင်ကွာခြားသည်ဆိုသည့့်)ကိစ္စကို ညှိနှိုင်း ဆွေးနွေးကြသည်။
၁၁.၈.၂ဝ၁၄ – ရေးရာကော်မတီပူးပေါင်းညှိနှိုင်းအစည်းအဝေး ကျင်းပ ဆောင်ရွက်ခဲ့သည်။
၁၂.၈.၂ဝ၁၄ – ဥပဒေပြုရေးဆိုင်ရာ အစည်းအဝေး ( မွန်ပြည်နယ် တိရစ္ဆာန်မွေးမြူရေးနှင့် စနစ်တကျ
ထိန်းကျောင်းရေး ဥပဒေကြမ်း) ဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။
၁၃.၈.၂ဝ၁၄ – ဥပဒေပြုရေးဆိုင်ရာ အစည်းအဝေး ( ရေယာဉ်များ စနစ်တကျပြေးဆွဲရေး နည်းဥပဒေ)
ဆွေးနွေးပါသည်။
၁၄.၈.၂ဝ၁၄ – (၁၁းဝဝ)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌရုံးခန်း၌ CDEC အဖွဲ့မှ”မွန်ပြည်နယ်လုံး
ဆိုင်ရာ ဒေသန္တရအဆင့်ဖွံဖြိုးရေးမဟာဗျူဟာရေးဆွဲမှု အထောက်အကူပြုစစ်တမ်းကောက်ယူ နိုင်ရေး” နှင့် မဟာဗျူဟာအဆင့် သဘောထားအမြင်နှင့် အကြံပြုချက်များရယူရေး အတွက်လာ ရောက်တွေ့ဆုံခဲ့ရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိန်မြင့်နှင့်ဦးအောင်နိုင်ဦးတို့မှလည်း တက်ရောက်သည်။
၁၆.၈.၂ဝ၁၄မှ – မွန်ပြည်နယ်လွှတ်တော်ရုံး၌ “Myanmar Egress Capacity Development Centre မှ ၁၉.၈.၂၀၁၄အထိ ဦးဆောင်ပြီး ၊ Empowering Democratic Change Agentr Workshop” အလုပ်ရုံဆွေးနွေးပွဲ
သို့ ပြည်နယ်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ နိုင်ငံရေး ပါတီမှ ကိုယ်စားလှယ်များနှင့် CSOမှ ကိုယ်စားလှယ်များ တက်ရောက်သည်။
၂၂.၈.၂ဝ၁၄ – ဥပဒေပြုရေးဆိုင်ရာအစည်းအဝေး ( တိုင်းရင်းဆေးဝါးဥပဒေကြမ်း) ဆွေးနွေးပါသည်။
၂၂.၈.၂ဝ၁၄ – မော်လမြိုင် Strand Hotel ၌ကျင်းပပြုလုပ်သော Globle Health Policy Center (Asia 21
MJ Co.Ltd) မှ အဖွဲ့ဝင်များတွေ့ဆုံပွဲသို့ မွန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်ဦးစိန်မြင့်နှင့် ဥပဒေရေးရာကော်မတီဥိးစိုးထင်တို့ တက်ရောက်သည်။
၂၄.၈.၂ဝ၁၄မှ – မွန်ပြည်နယ်လွှတ်တော်ရုံးတွင်UNDP, Parliamentary Support မှ ဦးဆောင်သည့် Work
၂၅.၈.၂၀၁၄အထိ Shop on Law Making and Public Participation For Subnational Parliaments
အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်ခဲ့သည့် ယင်းဆွေးနွေးပွဲသို့ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးတို့မှ လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက် ကြသည်။
၂၇.၈.၂ဝ၁၄ – ဥပဒေပြုရေးဆိုင်ရာအစည်းအဝေး (တိုင်းရင်းဆေးဝါးဥပဒေကြမ်း၊ တိရစ္ဆာန်မွေးမြူရေးနှင့်
စနစ်တကျထိန်းကျောင်းရေးဥပဒေကြမ်း) ဆွေးနွေးပါသည်။
၁.၉.၂ဝ၁၄ – ၂၀၁၄ခုနှစ် ပြည်ထောင်စုဘတ်ဂျတ်ပါ ထောက်ပံ့ငွေ ကွာခြားသည့် ကိစ္စနှင့် ပတ်သက်၍
ပြည်ထောင်စုရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ မွန်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့်မွန်ပြည်နယ်ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးတို့တွေ့ဆုံ ညှိနှိုင်း ဆွေးနွေးသည်။
၅.၉.၂ဝ၁၄ – ပထမအကြိမ်မွန်ပြည်နယ်လွှတ်တော်နဝမပုံမှန်အစည်းအဝေး (ပထမနေ့)တွင် နိုင်ငံတော် သမ္မတ
ထံမှ ပေးပို့လာသော လွှတ်တော်ရုံး ဖွဲ့စည်းပုံနှင့် စပ်လျဉ်းသည့် သဝဏ်လွှာအား ဖတ်ကြား မှတ်တမ်းတင်ခြင်း၊ ပြည်နယ်အစိုးရအဖွဲ့မှ ပေးပို့သော တိုင်းရင်းသား ရေးရာဝန်ကြီးများအား အစိုးရအဖွဲ့၊ အဖွဲ့ဝင် ဝန်ကြီးများအဖြစ် သတ်မှတ်ခြင်းအား ဖတ်ကြားမှတ်တမ်းတင်ခြင်း၊ မေးခွန်း(၁၀)ခု မေးမြန်းဖြေကြားခြင်း၊ ဥပဒေကြမ်း(၃)ခု တင်သွင်းခြင်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် နောက်ထပ် ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဆိုင်ရာ လျာထားချက် တင်သွင်းခြင်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေဖြင့် ဆောင်ရွက်သော စီမံကိန်းလျာထား ချက်တင်ပြခြင်း၊ ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်စာရင်းစစ်ချုပ်တို့၏ လုပ်ငန်းဒေသန္တရ စီမံကိန်း အခြေအနေ တင်ပြခြင်း၊ ပြည်နယ်ဝန်ကြီးချုပ်ဖလားအားကစားပြိုင်ပွဲ ဆောင်ရွက် ပြီးစီးမှု တင်ပြခြင်းများ ဆောင်ရွက်ပါသည်။
၈.၉.၂ဝ၁၄ – ပထမအကြိမ်မွန်ပြည်နယ်လွှတ်တော်နဝမပုံမှန်အစည်းအဝေး (ဒုတိယနေ့) တွင်မေးခွန်း(၁၁)ခု
မေးမြန်းဖြေကြားခြင်း၊ အဆို(၁)ခု တင်သွင်းခြင်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် နောက်ထပ် ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဆိုင်ရာ လျာထားချက်၊ ဖြည့်စွက်ခွင့်ပြုငွေဖြင့် ဆောင်ရွက်သော စီမံကိန်းတို့အပေါ် လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးအကြံပြုခြင်းနှင့် အတည်ပြုခြင်း၊ ဥပဒေကြမ်း(၃)ခု အတည်ပြုခြင်း၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ၏ သာမန်အသုံးစရိတ်ငွေ လွှဲပြောင်းသုံးစွဲခြင်းနှင့် ငွေလုံးငွေရင်းအသုံးစရိတ် တည်နေရာပြောင်းလဲခြင်း၊ အတိုင်းအတာ ပမာဏပြောင်းလဲခြင်းတို့ကို ဆောင်ရွက်ပါသည်။
၉.၉.၂ဝ၁၄ – ပထမအကြိမ်မွန်ပြည်နယ်လွှတ်တော်နဝမပုံမှန်အစည်းအဝေး (တတိယနေ့) တွင်မေးခွန်း(၁၂)
မေးမြန်းဖြေကြားခြင်း၊ အဆို(၂)ခု မှတ်တမ်းတင်ခြင်း၊ အစည်းအဝေးပထမနေ့က တင်ခဲ့သော သာမန်အသုံးစရိတ်၊ ငွေလုံးငွေရင်း အသုံးစရိတ်၊ ဒေသန္တရစီမံကိန်း အခြေအနေ၊ ဝန်ကြီးချုပ် ဖလား အားကစားပြိုင်ပွဲ ဆောင်ရွက်ပြီးစီးမှု အခြေအနေ၊ ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ် စာရင်းစစ်ချုပ်တို့၏ လုပ်ငန်းဆောင်ရွက်ချက်များအပေါ် လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်းနှင့်မှတ်တမ်းတင်ခြင်းတို့ကို ဆောင်ရွက်ပါသည်။
၁ဝ.၉.၂ဝ၁၄ – မွန်ပြည်နယ်လွှတ်တော်ဆောက်လုပ်ရေးအဖွဲ့နှင့် တွေ့ဆုံပြီး၊ လုပ်ငန်းအခြေအနေကိုဆွေးနွေး
သည်။
၁၂.၉.၂ဝ၁၄ – လွှတ်တော်ရေးရာကော်မတီများနှင့် ပူးပေါင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံ
လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အခမ်းအနားနှင့် ကမ္ဘာ့ကြက်ခြေနီနေ့အခမ်းအနားများသို့ တက်ရောက် ပါသည်။
၁၃.၉.၂ဝ၁၄ – မော်လမြိုင်မြို့၊ ကမ်းနားလမ်း Strand Hotel ၌ ကျင်းပပြုလုပ်သော (SCG) Sharing the
Dream Scholear Ship Ceremony ဆုပေးပွဲအခမ်းအနားသို့ တက်ရောက်သည်။
၁၄.၉.၂ဝ၁၄မှ – ပြည်ထောင်စုလွှတ်တော်၌ ကျင်းပပြုလုပ်သော ဒီမိုကရေစီနေ့ အခမ်းအနားသို့တက်ရောက်ရန် ၁၆.၉.၂ဝ၁၄အထိ နေပြည်တော်သို့ သွားရောက်သည်။
၁၇.၉.၂ဝ၁၄ – ဥပဒေပြုရေးဆိုင်ရာအစည်းအဝေး (ပုဂ္ဂလိကရေယာဉ်များ စနစ်တကျ ပြေးဆွဲရေးနည်းဥပဒေ)
ဆွေးနွေးပါသည်။
၂၃.၉.၂ဝ၁၄ – ဥပဒေပြုရေးဆိုင်ရာအစည်းအဝေး (ပုဂ္ဂလိကရေယာဉ်များ စနစ်တကျ ပြေးဆွဲရေးနည်းဥပဒေ)
ဆွေးနွေးပါသည်။
၂၅.၉.၂ဝ၁၄ – ဥပဒေပြုရေးဆိုင်ရာ အစည်းအဝေး ( အပန်းဖြေစခန်းများ၊ တိရစ္ဆာန်ဥယျာဉ်၊ ရုက္ခဗေဒ
ဥယျာဉ်ဥပဒေမူကြမ်း၊ ပုဂ္ဂလိကရေယာဉ်များစနစ်တကျပြေးဆွဲရေးနည်းဥပဒေ) ဆွေးနွေး ပါသည်။
၃ဝ.၉.၂ဝ၁၄ – နော်ဝေးနိုင်ငံ အော်စလိုငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေးစင်တာ ဥက္ကဋ္ဌ မစ္စတာ
ရှမက်နာဘွန်းနရစ် (ယခင်နော်ဝေးနိုင်ငံဝန်ကြီးချုပ်) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ လာရောက် တွေ့ဆုံရာ လွှတ်တော်ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြပါသည်။
၃၀.၉.၂၀၁၄ – ရေးရာကော်မတီဝင်များ ပူးပေါင်းညှိနှိုင်းအစည်းအဝေး ကျင်းပသည်။
၁.၁ဝ.၂ဝ၁၄ – ဥပဒေပြုရေးဆိုင်ရာအစည်းအဝေး (အပန်းဖြေစခန်းများ၊ တိရစ္ဆာန်ဥယျာဉ်၊ ရုက္ခဗေဒဥယျာဉ်
ဥပဒေ၊ ပုဂ္ဂလိကရေယာဉ်များစနစ်တကျပြေးဆွဲရေးနည်းဥပဒေ) ဆွေးနွေးပါသည်။
၂.၁ဝ.၂ဝ၁၄ – ဥပဒေပြုရေးဆိုင်ရာ အစည်းအဝေး ( အပန်းဖြေစခန်းများ၊ တိရစ္ဆာန်ဥယျာဉ်၊ ရုက္ခဗေဒ
ဥယျာဉ်ဥပဒေ၊ ပုဂ္ဂလိကရေယာဉ်များစနစ်တကျပြေးဆွဲရေးနည်းဥပဒေ) ဆွေးနွေးပါသည်။
၃.၁ဝ.၂ဝ၁၄ – မော်လမြိုင်မြို့၊ ရွှေမြင့်မိုရ်ထွန်းဟိုတယ်၌ ကျင်းပသော တရားဥပဒေ စိုးမိုးရေးဆိုင်ရာ အမြင်
ဖလှယ်ခြင်း နည်းလမ်းရှာဖွေခြင်း ဆွေးနွေးပွဲသို့ တက်ရောက်သည်။
၇.၁ဝ.၂ဝ၁၄ – ဥပဒေပြုရေးဆိုင်ရာအစည်းအဝေး (အပန်းဖြေစခန်းများ၊ တိရစ္ဆာန်ဥယျာဉ်၊ ရုက္ခဗေဒဥယျာဉ်
ဥပဒေကြမ်း၊ ပုဂ္ဂလိကရေယာဉ်များစနစ်တကျပြေးဆွဲရေး နည်းဥပဒေ) ဆွေးနွေးပါသည်။
၁ဝ.၁ဝ.၂ဝ၁၄ – မော်လမြိုင်တက္ကသိုလ်ဘက်စုံခန်းမ၌ကျင်းပပြုလုပ်သည့်ပညာအရည်အသွေးမြှင့်တင်မှုဆိုင်ရာ
အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။
၁၁.၁ဝ.၂ဝ၁၄ – ဂျာမနီနိုင်ငံအခြေစိုက် KAS အဖွဲ့ မှ Dr. Wiltelm Hofmeister နှင့် Dr. Jorn Dorch သည်
လာရောက် တွေ့ဆုံခဲ့သည်။
၁၃.၁ဝ.၂ဝ၁၄ – (၁၈-၁ဝ-၂ဝ၁၄) ရက်နေ့တွင်ပြုလုပ်မည့် ဥပဒေပြန်လည်လေ့လာသုံးသပ်ရေး အစည်းအဝေး
အတွက်ပြင်ဆင်မှုများ ပြုလုပ် ဆောင်ရွက်ရန် ရုံးဝန်ထမ်းများနှင့် တွေ့ဆုံ ဆွေးနွေးပါသည်။
၁၄.၁ဝ.၂ဝ၁၄ – ဥပဒေပြုရေးဆိုင်ရာအစည်းအဝေး (အပန်းဖြေစခန်းနှင့်တိရစ္ဆာန်ဥယျာဉ် ရုက္ခဗေဒဥယျာဉ်
ဥပဒေကြမ်း) ဆွေးနွေးပါသည်။
၁၈.၁ဝ.၂ဝ၁၄ – မွန်ပြည်နယ်လွှတ်တော်ရုံးအစည်းအဝေးခန်းမတွင် ဇာတ်ရုံများကြီးကြပ်ရေးဆိုင်ရာ ဥပဒေနှင့်
ပုဂ္ဂလိကရေယာဉ်များ စနစ်တကျပြေးဆွဲရေးဥပဒေကို ပြန်လည်လေ့လာသုံးသပ်ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။
၂၁.၁ဝ.၂ဝ၁၄ – ဥပဒေပြုရေးဆိုင်ရာအစည်းအဝေး (ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေး
နည်းဥပဒေ) ဆွေးနွေးပါသည်။
၂၂.၁ဝ.၂ဝ၁၄ – ဥပဒေပြုရေးဆိုင်ရာအစည်းအဝေး (ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေး
နည်းဥပဒေ) ဆွေးနွေးပါသည်။
၂၈.၁ဝ.၂ဝ၁၄ – ဥပဒေပြုရေးဆိုင်ရာအစည်းအဝေး (ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေး
နည်းဥပဒေ) ဆွေးနွေးပါသည်။
၂၈.၁ဝ.၂ဝ၁၄ – မွန်ပြည်နယ်လွှတ်တော် တိုင်းရင်းသားရေးရာကော်မတီသည် မွန်လူမျိုးများအကြောင်း
စာအုပ်ကို ပြင်ဆင်ဖြည့်စွက်ပုံနှိပ်ထုတ်ဝေနိုင်ရေး ဆွေးနွေးပွဲကို မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌရုံးခန်းအစည်းအဝေးခန်းတွင် ကျင်းပခဲ့သည်။
၃ဝ.၁ဝ.၂ဝ၁၄ – ပြည်နယ် လွှတ်တော်ရေးရာကော်မတီများ ပူးပေါင်း အစည်းအဝေး ကျင်းပ ပြုလုပ်ခဲ့ရာသို့
မွန်ပြည်နယ်၊ မော်လမြိုင်ကျောက်တန်းစက်ရုံစု တည်ဆောက်မည့် အခြေအနေများကို
ပြည်နယ်အစိုးရအဖွဲ့၊ စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာတိုးတိုးအောင်၊ လျှပ်စစ်နှင့်
စက်မှုလက်မှုဝန်ကြီး ဦးနိုင်လဝီအောင်တို့မှ လာရောက် ရှင်းလင်းတင်ပြခဲ့သည်။
၃၁.၁ဝ.၂ဝ၁၄ – လွှတ်တော်ကိုယ်စားလှယ်များနှင့်ညှိနှိုင်းအစည်းအဝေးကျင်းပ ပြုလုပ်ခဲ့ပါသည်။
၁.၁၁.၂ဝ၁၄ – ပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမတွင် မွန်ပြည်နယ်ပုဂ္ဂလိကယာဉ်များ စနစ်တကျ
ပြေးဆွဲရေး ဥပဒေနှင့် နည်းဥပဒေများအပေါ် ပြန်လည်လေ့လာသုံးသပ်ဆွေးနွေးပွဲကျင်းပခဲ့ရာ လွှတ်တော်ဥက္ကဋ္ဌ၊လွှတ်တော်ကိုယ်စားလှယ်များနှင့်လွှတ်တော်ရေးရာကော်မတီဝင်များ ပြည်နယ် မြို့နယ်ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။
၂.၁၁.၂ဝ၁၄ – ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌသည် မုဒုံမြို့နယ် အ.ထ.က ကျောင်း၌ ကျင်းပပြုလုပ်သော
ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
၃.၁၁.၂ဝ၁၄ – (ဝ၈းဝဝ)နာရီအချိန် ဈေးကြိုဆန်တန်းဓမ္မာရုံ၌ကျင်းပသော မွန်ပြည်နယ်ကျောင်းပေါင်းစုံပဋ္ဌာန်း
ဒေသနာရွတ်ဆိုပြိုင်ပွဲဆုပေးပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
၃.၁၁.၂ဝ၁၄ – (၁၅းဝဝ)နာရီအချိန် အခြေခံပညာအထက်တန်းကျောင်းပေါင်းစုံဘောလုံးပြိုင်ပွဲအခမ်းအနားသို့
တက်ရောက်ခဲ့ပါသည်။
၄.၁၁.၂ဝ၁၄ – (၁ဝးဝဝ) နာရီအချိန် Myanmar Development Resources Institute (မြန်မာ့ဖွံဖြိုး
တိုးတက်ရေး အရင်းအမြစ်အဖွဲ့အစည်း၏ Center For Economic And Social Development (MDRI-CESD)အဖွဲ့မှ Mrs. Lauren Dunn (Research Coordinator)မှ လာရောက် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။(၁၂းဝဝ)နာရီအချိန်တွင် ဥပဒေရေးရာအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။
၅.၁၁.၂ဝ၁၄ – ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌသည် ချောင်းဆုံမြို့နယ်၊ စီမံကော်မတီ၊ အထောက်အကူပြု
ကော်မတီ ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှှူးများနှင့် တွေ့ဆုံ၍ မြို့နယ် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆွေးနွေးပါသည်။
၆.၁၁.၂ဝ၁၄ – (၁ဝးဝဝ)နာရီအချိန်တွင် Vechayan Tippayarat (Exeurtive Director) (Centennial
Energy Thailand Co.Ltd, Lauren Dunn (MDRI), ဦးသန်းအောင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး၊ ဆောက်လုပ်ရေးကော်မတီ၊ ဦးစိုင်းသန်းစိန် (ဥက္ကဋ္ဌ) ( Stone Dragon), ဦးစောတင်ဦး (Director)တို့နှင့် လွှတ်တော်ဥက္ကဋ္ဌ ရုံးခန်း၌ ရေနက်ဆိပ်ကမ်း တင်ဒါခေါ်ယူမည့်ကိစ္စအသိပေးခြင်း၊ ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ ပါသည်။
၆.၁၁.၂ဝ၁၄ – (၁၅းဝဝ)နာရီအချိန် ကျိုက်သလ္လံဘုရားတန်ဆောင်တိုင်ဗုဒ္ဓပူဇနိယပွဲတော် ရေစက်ချခြင်းနှင့်
ဆွမ်းခြောက်လောင်းလှူခြင်းအခမ်းအနားသို့တက်ရောက်ခဲ့ပါသည်။
၇.၁၁.၂ဝ၁၄ – (ဝ၉းဝဝ)နာရီအချိန် ပြည်နယ်လွှတ်တော်ရုံးတွင် တိုင်းရင်းသားဘာသာစကား သင်ကြားမှု
ဆိုင်ရာမူဝါဒတစ်ရပ်ပေါ်ထွန်းရေးအတွက် ”ဘာသာစကားပညာရေးနှင့် လူမှုရေး ပေါင်းစည်းမှု ဆိုင်ရာမူဝါဒ ရေးဆွဲရေးအလုပ်ရုံဆွေးနွေးပွဲ ” (PolicyReuel)သို့ တက်ရောက် ပါသည်။ ယင်းဆွေးနွေးပွဲတွင် Aertraliu နိုင်ငံ Melboren University မှ Troleeron Dr.Joreph ho Bianco မှ ပါဝင်ဆွေးနွေးခဲ့ပါသည်။
၈.၁၁.၂ဝ၁၄ – ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌသည် သံဖြူဇရပ်မြို့နယ်၊ ဝါခရူကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌
ဝါခရူမြို့ဟောင်း သုတေသနစာတမ်း ဖတ်ပွဲကျင်းပ နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ပါသည်။
၉.၁၁.၂ဝ၁၄ – သထုံခရိုင် ၊ အစည်းအဝေးခန်းမတွင် တိုင်းရင်းသားစာပေသင်ကြားရေးနှင့် သံလွင်၊
စစ်တောင်းမြစ် နှစ်သွယ်ကြားရှိမြို့ဟောင်း (၁၅) မြို့၏လေ့လာတွေ့ရှိချက်များ စာတမ်း ဖတ်ပွဲသို့ သွားရောက်ဆွေးနွေးခဲ့ပါသည်။
၁၁.၁၁.၂ဝ၁၄ – (၁ဝးဝဝ)နာရီအချိန်တွင် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများဥပဒေကြမ်း အစည်းအဝေးပြုလုပ်
ခဲ့ပါသည်။
၁၂.၁၁.၂ဝ၁၄ – ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌသည် (ဝရးဝဝ)နာရီအချိန်၊ မော်လမြိုင်မြို့ ဇာနည်ဘွားဆေးရုံ
တိုးချဲ့အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
၁၂.၁၁.၂ဝ၁၄ – (၁၂းဝဝ)နာရီအချိန်၊ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများဥပဒေကြမ်း အစည်းအဝေးပြုလုပ်
ခဲ့ပါသည်။
၁၄.၁၁.၂ဝ၁၄ – (၁ဝးဝဝ)နာရီအချိန်၊ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများဥပဒေကြမ်း အစည်းအဝေးပြုလုပ်
ခဲ့ပါသည်။
၁၅.၁၁.၂ဝ၁၄ – (၁ဝးဝဝ)နာရီအချိန် ဈေးကြိုကုန်စည်ဒိုင်တွင်ကျင်းပသည့် မွန်ပြည်နယ်၊ မြို့နယ်
အထောက်အကူပြု ကော်မတီများ၏ အခန်းကဏ္ဍနှင့် ရှေ့ဆက်လုပ်ငန်းစဉ်များ ချမှတ် ဆောင်ရွက်ခြင်းအား ဦးဆောင်ဆွေးနွေးသူအဖြစ် ဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ ပါသည်။
၁၆.၁၁.၂ဝ၁၄မှ – နေပြည်တော်တွင် ကျင်းပပြုလုပ်သော မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာ အဖွဲ့အစည်းအဝေးသို့ ၁၉.၁၁.၂၀၁၄အထိ တက်ရောက်သည်။
၁၈.၁၁.၂ဝ၁၄ – ၁၂း၀၀နာရီအချိန်၌ မွန်ပြည်နယ်လွှတ်တော်ရေးရာ ဥပဒေကော်မတီဝင်များနှင့် ( အပန်းဖြေ
စခန်းများ၊ တိရစ္ဆာန်ဥယျာဉ်နှင့် ရုက္ခဗေဒဥယျာဉ်ဥပဒေကြမ်း ) အစည်းအဝေးပြုလုပ်ပါသည်။
၂ဝ.၁၁.၂ဝ၁၄ – (ဝ၉းဝဝ)နာရီအချိန် ပြည်နယ်ခန်းမတွင်ကျင်းပပြုလုပ်သော (၂၅) နှစ်မြောက်ကလေးသူငယ်
အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ ညီလာခံ၏ သဘောတူစာချုပ်အထိမ်းအမှတ်အခမ်းအနားသို့
တက်ရောက်ခဲ့ပါသည်။
၂၁.၁၁.၂ဝ၁၄ – (၁၄းဝဝ)နာရီအချိန် ပြည်နယ်လုံခြုံရေးကော်မတီအစည်းအဝေး တက်ရောက်ခဲ့ပါသည်။
၁၂း၀၀နာရီအချိန်၌ အပန်းဖြေစခန်းများ၊ တိရစ္ဆာန်ဥယျာဉ်နှင့် ရုက္ခဗေဒဥယျာဉ်ဥပဒေကြမ်း
အစည်းအဝေးပြုလုပ်ပါသည်။
၂၂.၁၁.၂ဝ၁၄ – (ဝ၉းဝဝ)နာရီအချိန် ပြည်နယ်ခန်းမတွင်ပြုလုပ်သော အမျိုးသားမြေအသုံးချမှုမူဝါဒ (မူကြမ်း)
အပေါ်အကြံပြုဆွေးနွေးပွဲ တက်ရောက်ခဲ့ပါသည်။
၂၅.၁၁.၂ဝ၁၄ – (၁ဝဝဝ)နာရီ စည်ပင်ဥပဒေအခွန်အခကိစ္စနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ပါသည်။
– (၁၂ဝဝ)နာရီ လွှတ်တော်ရေးရာအစည်းအဝေးကျင်းပဆောင်ရွက်ခဲ့ပါသည်။
၂၆.၁၁.၂ဝ၁၄ – ရုံးအဖွဲ့နှင့်တွေ့ဆုံ၍ မွန်ပြည်နယ်လွှတ်တော်ပထမအကြိမ် ဒဿမပုံမှန်အစည်းအဝေးအတွက်
လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ပါတယ်။
၂၇.၁၁.၂ဝ၁၄ – (၁ဝဝဝ)နာရီအချိန် မွန်ပြည်နယ်အစိုးရအဖွဲ့ သစ်တောရေးရာဝန်ကြီးနှင့် တွေ့ဆုံပြီး
ဥပဒေကြမ်း ရေးဆွဲညှိနှိုင်းဆွေးနွေးပါသည်။
၂၈.၁၁.၂ဝ၁၄ – (၁ဝဝဝ)နာရီအချိန်တွင် မွန်ပြည်နယ် လွှတ်တော်ရေးရာကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေး
ကျင်းပသည်။
၂၉.၁၁.၂ဝ၁၄ – ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌသည် (၁ဝဝဝ)အချိန်၌ သံဖြူဇရပ်မြို့နယ်၊ ဝါခရူမြို့ဟောင်းစာတမ်း
ဖတ်ပွဲကျင်းပရေးကော်မတီနှင့် စာတမ်းရှင်များအား တွေ့ဆုံခဲ့ပါသည်။
၃ဝ.၁၁.၂ဝ၁၄ – ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌသည် အောင်ဆန်းခန်းမ၌ ကျင်းပသော မွန်ပြည်နယ်အစိုးရအဖွဲ့
ဝန်ကြီးချုပ်ဖလား အားကစားပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိခဲ့သော မွန်ပြည်နယ်မှ အားကစားသမားများအား ဂုဏ်ပြုသည့်အခမ်းအနားသို့ တက်ရောက်သည်။
၂.၁၂.၂၀၁၄ – ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော်ဒဿမပုံမှန်အစည်းအဝေး (ပထမနေ့) တွင် မေးခွန်း
(၁၈)ခု မေးမြန်းဖြေကြားခြင်း၊ ဥပဒေကြမ်း(၂)ခု၊ အဆို(၃)ခု တင်သွင်းခြင်း၊ အဆို(၁)ခု မှတ်တမ်း တင်ခြင်း၊ ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်လွှတ်တော်၊ ပြည်နယ်စာရင်း စစ်ချုပ်တို့၏ လုပ်ငန်း ဆောင်ရွက်ချက် တင်ပြခြင်းနှင့် မှတ်တမ်းတင်ခြင်း၊ သဘာဝဘေးအန္တရာယ်ကာကွယ်တားဆီးရေး လုပ်ငန်းအတွက် သီးသန့်ရန်ပုံငွေမှ ကျခံသုံးစွဲခွင့်တင်ပြခြင်းနှင့် မှတ်တမ်းတင်ခြင်းတို့ကို ဆောင်ရွက် ပါသည်။
၄.၁၂.၂၀၁၄ – ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော်ဒဿမအကြိမ်ပုံမှန်အစည်းအဝေး (ဒုတိယနေ့)တွင်
မေးခွန်း(၁၈)ခု မေးမြန်းဖြေကြားခြင်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ပြည်နယ်၏ရသုံးမှန်းခြေ ငွေစာရင်း လျာထားချက်တင်သွင်းခြင်း၊ ဥပဒေကြမ်း(၁)ခုအတည်ပြုခြင်း၊ ဥပဒေ(၁)ခုအား နောက်တစ်ပတ်လွှတ်တော်အစည်းအဝေးတွင် တင်သွင်းရန်ရွှေ့ဆိုင်းခြင်း၊ နည်းဥပဒေ(၂)ခု အား ကိုယ်စားလှယ်များထံ ဖြန့်ဝေခြင်းအားတင်ပြခြင်း၊ မော်လမြိုင်၊ မုဒုံ၊ ကျိုက်ထို၊ သထုံမြို့၊ ဖွံ့ဖြိုးရေး စီမံကိန်းရေးဆွဲဆောင်ရွက်မှုအတွက် အကြံပြုချက် တောင်းခံခြင်း၊ ပြည်နယ်စာရင်းစစ်ချုပ်ရုံး၏ ငွေလုံးငွေရင်းအသုံးစရိတ်မှလုပ်ငန်းအရေအတွက်နှင့် တန်ဖိုး ပြောင်းလဲ ဆောင်ရွက်ခြင်း၊ ဌာန(၃)ခုမှ တည်နေရာနှင့် အတိုင်းအတာပမာဏပြောင်းလဲခြင်း၊ ပစ္စည်း အမျိုးအစားပြောင်းလဲခြင်းတင်ပြမှုများကို မှတ်တမ်းတင်ခြင်း၊ ပြည်နယ်အစိုးရအဖွဲ့ လုပ်ငန်း ဆောင်ရွက်ချက်ကိုမှတ်တမ်းတင်ခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၈၈၊ ဇယား (၂)ပါ အိမ်တွင်းစက်မှုလက်မှုဥပဒေပြဋ္ဌာန်းနိုင်ရေးအတွက် တည်ဆဲအိမ်တွင်း စက်မှုလက်မှု လုပ်ငန်း မြှင့်တင်ရေး ဥပဒေ(၁၉၉၁)ကို အသေးစာစက်မှုလက်မှုလုပ်ငန်းမြှင့်ရေး ဥပဒေဟု ပြင်ဆင် ပြဋ္ဌာန်း ထားခြင်းကို စိစစ်ဆောင်ရွက်ပေးနိုင်ရန် လွှတ်တော်ဥက္ကဋ္ဌမှ ပြည်ထောင်စု အဆင့်အဖွဲ့အစည်း များထံ သဝဏ်လွှာပေးပို့ဆောင်ရွက်ရေး တိုက်တွန်းကြောင်း တင်ပြခြင်း အား အတည်ပြုခြင်း တို့ကိုဆောင်ရွက်ပါသည်။
၅.၁၂.၂၀၁၄ – ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော်ဒဿမအကြိမ်ပုံမှန်အစည်းအဝေး (တတိယနေ့)တွင်
မေးခွန်း(၁၈)ခု မေးမြန်းဖြေကြားခြင်း၊ အဆို(၁)ခုအတည်ပြုခြင်း၊ အဆို(၁)ခု နောက်တစ်ကြိမ် ကျင်းပမည့် လွှတ်တော်အစည်းအဝေးသို့ ရွှေ့ဆိုင်းခြင်း၊ ပြည်နယ်စာရင်းစစ်ချုပ်၏ လုပ်ငန်း ဆောင်ရွက်ချက် အစီရင်ခံစာ မှတ်တမ်းတင်ခြင်း၊ ၂၀၁၅-၂၀၁၆ခုဘဏ္ဍာရေးနှစ်မွန်ပြည်နယ်၏ ရသုံးမှန်းခြေငွေစာရင်း လျာထားချက်အတည်ပြုခြင်း၊ မော်လမြိုင်၊ မုဒုံ၊ ကျိုက်ထို၊ သထုံမြို့ပြ စီမံကိန်းရေးဆွဲရေး အစီရင်ခံစာမှတ်တမ်းခြင်း၊ ပြည်နယ်လွှတ်တော်၏ သာမန်အသုံးစရိတ် ရန်ပုံငွေခေါင်းစဉ်လွှဲပြောင်းသုံးစွဲမှုကို မှတ်တမ်းတင်ခြင်း၊ မြို့/ကျေးရွာအုပ်စုများ တိုးချဲ့ ပြင်ဆင်မှု ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ ဦးစီးဌာန ၊အဖွဲ့အစည်းများဖွဲ့စည်းပုံ ခွဲဝေသတ်မှတ်မှု၊ မွန်ပြည်နယ်လွှတ်တော်မှ ပြဌာန်းပြီးသော ဥပဒေများ အကောင်အထည်ဖော်နိုင်ရန် ဥပဒေပါ အတိုင်း ကော်မတီများ ဖွဲ့စည်းဆောင်ရွက်မှု တင်ပြခြင်းများကို မှတ်တမ်း တင်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
၁၀.၁၂.၂၀၁၄ – ၁၂၀၀ နာရီအချိန် မွန်ပြည်နယ်အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းဥပဒေကြမ်း အစည်းအဝေး
ပြုလုပ်ပါသည်။
၁၁.၁၂.၂၀၁၄ – (Volunteering Advisor)အဖွဲ့ Mr. Fesley Abrahanနှင့် Mr. Cavelle Doveတို့နှင့် တွေ့ဆုံ
ဆွေးနွေးသည်။
၁၂.၁၂.၂၀၁၄ – နေရှင်နယ် ဒီမိုကရက်တစ် အင်စတီကျူ (NDI) မှ ဦးအောင်အောင်လှိုင်အဖွဲ့နှင့် တွေ့ဆုံ
ဆွေးနွေးသည်။
၁၃.၁၂.၂၀၁၄ – မော်လမြိုင်မြို့ ဈေးကြိုကုန်စည်ဒိုင်၌၊ ဖန်တီးအိမ် ( European Commission) မှ
ဦးဆောင်ကျင်းပသော “ကောင်းမွန်သော အုပ်ချုပ်ရေးတွင် ကျား/မရေးရာကို ဆောင်ရွက်မှု တိုင်းတွင် ထည့်သွင်းစဉ်းစားခြင်းနှင့် ကျား/မရေးရာ အလေးထားသည့် မူဝါဒများ ချမှတ်ခြင်းဆိုင်ရာ” အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်သည်။
၁၅.၁၂.၂၀၁၄ – ရေးမြို့နယ်၊ အံဒင်ကျေးရွာ ကျောက်မီးသွေးစက်ရုံ တည်ဆောက်ရေးနှင့် ပတ်သက်၍
ရေးမြို့နယ်မှရောက်ရှိလာသည့် ဆရာတော်ကြီး(၈)ပါးအား မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်
ဦးအောင်နိုင်ဦးတို့နှင့်အတူ တွေ့ဆုံဆွေးနွေးသည်။
၁၇.၁၂.၂၀၁၄ – ပြည်နယ်ခန်းမ၌ ကျင်းပသော မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး
ဝန်ကြီးဌာန၊ ကျေးလက်ဖွံ့ဖြိုးရေး လူထုဗဟိုပြု စီမံကိန်း ဆောင်ရွက်ရန် မွန်ပြည်နယ် အတွင်း ြမို့နယ်ရွေးချယ်ခြင်းအတွက် အကြံဉာဏ်ရယူခြင်း အစည်းအဝေးသို့ တက်ရောက် သည်။
၁၈.၁၂.၂၀၁၄ – မွန်ပြည်နယ် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းဥပဒေ၊ အပင်နှင့် သီးနှံဖျက်ပိုးမွှားရောဂါ
ကာကွယ်ရေးနှင့် နှိမ်နင်းရေးဥပဒေ အစည်းအဝေး ပြုလုပ်ပါသည်။
၁၉.၁၂.၂၀၁၄ – ကျိုက်မရောမြို့နယ် ကတုံစိကျေးရွာအနီး (MCL Site Office Comerted) Mawlamyine
တစ်ရက်တန်(၅၀၀၀)ကျ ဘိလပ်မြေ စက်ရုံစီမံကိန်း (Preheater) ၏ ပင်မတိုင် ( Main Coloum) ပြီးစီးခြင်း အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်သည်။
၂၄.၁၂.၂၀၁၄ – မွန်ပြည်နယ် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း ဥပဒေအစည်းအဝေး ပြုလုပ်ပါသည်။
၂၈.၁၂.၂၀၁၄ – သံဖြူဇရပ်မြို့နယ်၊ အထက(၂)ကျောင်းခန်းမ၌ ကျင်းပသော ဝါခရူမြို့ဟောင်းစာတမ်း
ဖတ်ပွဲသို့ တက်ရောက်သည်။
၃၀.၁၂.၂၀၁၄ – မွန်ပြည်နယ်အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းဥပဒေ၊ အပင်နှင့်သီးနှံဖျက် ပိုးမွှားရောဂါကာကွယ်
ရေးနှင့် နှိမ်နင်းရေးဥပဒေ အစည်းအဝေး ပြုလုပ်ပါသည်။
၃၁.၁၂.၂၀၁၄ – မွန်ပြည်နယ်လွှတ်တော်ရေးရာကော်မတီများပူးပေါင်း ညှိနှိုင်းအစည်းအဝေး ပြုလုပ်ပါသည်။