2668

၂၀၁၇-၂၀၁၈ခု ဘဏ္ဍာရေးနှစ် နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေကြမ်း ဆွေးနွေးသည့် အစည်းအဝေးကျင်းပခြင်း

(၂၂.၁၁.၂၀၁၇) ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဆွေးနွေးပွဲခန်းမတွင် ၂၀၁၇ -၂၀၁၈ ခု ဘဏ္ဍာရေးနှစ် နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေကြမ်းဆွေးနွေးသည့်  အစည်းအဝေးကျင်းပပြုလုပ်ခဲ့ ပါ သည်။ အစည်းအဝေးသို့  မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ စီမံကိန်း၊ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဝန်ကြီး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေး ဆိုင်ရာကိစ္စရပ်များလေ့လာသုံးသပ်ရေး ကော်မတီအဖွဲ့ဝင်များနှင့် ပြည်နယ်ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနမှ ညွှန်ကြား ရေးမှူးတို့ တက်ရောက်ကြပါသည်။

အစည်းအဝေးတွင်တက်ရောက်လာသူများမှ ၂၀၁၇-၂၀၁၈ခု ဘဏ္ဍာရေးနှစ် နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်း ဆွေးနွေးခဲ့ပါသည်။

အစည်းအဝေးကို (၂၂.၁၁.၂၀၁၇) ရက်နေ့၊ နေ့လည်(၁၁း၃၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။