3381

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ ရသုံးခန့်မှန်းခြေငွေစာရင်းလျာထားချက်အား ဆွေးနွေးသည့်အစည်းအဝေး ကျင်းပပြုလုပ်ခြင်း

(၂၄.၅.၂၀၁၈)ရက်နေ့၊ နံနက် (၁၀း၀၀)နာရီအချိန်၊ မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဆွေးနွေးပွဲခန်းမတွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ ရသုံးခန့်မှန်းခြေငွေစာရင်းလျာထားချက်အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်းအားဝန်ကြီး၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်နယ်ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူး၊  ပြည်နယ်စက်မှုလယ်ယာဦးစီးဌာနမှ ပြည်နယ်မှူး၊ ပြည်နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ  ညွှန်ကြားရေးမှူးနှင့် မြို့နယ် (၁၀)မြို့နယ်မှအရာရှိများ၊ ပြည်နယ်မီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် မြို့နယ် (၁၀)မြို့နယ်မှ အရာရှိများ၊ ပြည်နယ်လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် မြို့နယ် (၁၀)မြို့နယ်မှ အရာရှိများ၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ ညွှန်ကြားရေးမှူးနှင့် မြို့နယ် (၁၀)မြို့နယ်မှ အရာရှိများ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့်ဌာနခွဲစာရေး၊ ပြည်နယ်ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့်အရာရှိများ၊ ပြည်နယ်မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီး ဌာနမှ ဒုတိယညွှန်ကြားရေးမှူးနှင့် မြို့နယ် (၁၀)မှာအရာရှိများ၊ ပြည်နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှတာဝန်ရှိသူများနှင့်ပြည်နယ်ဆောက်လုပ်ရေး မှ တာဝန်ရှိသူများတက်ရောက်ကြပါသည်။ အစည်းအဝေးတွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ ရသုံးမှန်းခြေငွေစာရင်းလျာထားချက်ကို ဆွေးနွေးကြပါသည်။ အစည်းအဝေးကို (၂၄-၅-၂၀၁၈)ရက်နေ့၊ မွန်းလွဲ (၁၃း၀၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။