7734

တတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်ပထမပုံမှန်အစည်းအဝေး(ဒုတိယနေ့) ကျင်းပပြုလုပ်ခြင်း

၁။        တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး (ဒုတိယနေ့)ကို
(၂၃.၃.၂ဝ၂၆)ရက်၊ တနင်္လာနေ့၊ နံနက်(၁ဝ:ဝဝ)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ် (၃၁)ဦးအနက် (၃၁)ဦးတက်ရောက်ခဲ့ပါသည်။

၂။         အစည်းအဝေးသို့ တက်‌ရောက်ခွင့်ရှိသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၃၁)ဦး အနက် (၃၁)ဦး  တက်ရောက်မှုအခြေအနေကို မှတ်တမ်းတင်ခြင်း၊   လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီတွင် တာဝန်ပေးအပ်မည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၏ အမည် စာရင်းအား ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ လွှတ်တော်သို့ တင်ပြခြင်း၊ ကော်မတီ၏ လုပ်ငန်းတာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းသတ်မှတ်ခြင်းတို့နှင့်စပ်လျဉ်း၍ သထုံမြို့နယ်၊ ကိုယ်စားလှယ် အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းမြင့်မောင်လေးမှ လွှတ်တော်သို့ ရှင်းလင်း တင်ပြခြင်း၊ အဆိုပါကိစ္စရပ်များနှင့်စပ်လျဉ်း၍ သံဖြူဇရပ်မြို့နယ်၊ ကိုယ်စားလှယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုးမိုးအောင်မှ အကြံပြုဆွေးနွေးခြင်း၊ လွှတ်တော် ကိုယ်စားလှယ်များစိစစ်ရေးကော်မတီ၏ လုပ်ငန်းတာဝန်များ၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့်သက်တမ်း
တို့အား လွှတ်‌တော်မှသဘောတူဆုံးဖြတ်ကြောင်းနှင့် အဆိုပါကော်မတီအား(၅)ဦးဖြင့် ဖွဲ့စည်းကြောင်း ကြေညာခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

၃။         တတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး (ဒုတိယနေ့)တွင် အစည်းအဝေးတက်ရောက်မှုအခြေအနေကို မှတ်တမ်းတင်ခြင်း၊ လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီဖွဲ့စည်းနိုင်ရေးကိစ္စတင်ပြခြင်းနှင့် အတည်ပြုခြင်းတို့ကို‌ ဆောင်ရွက်ခဲ့ပါသည်။

၄။       တတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး (ဒုတိယနေ့)သို့ ဖိတ်ကြား၍ တက်ရောက်သူ(၂)ဦး ရှိခဲ့ပြီး တတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန် အစည်းအဝေး(ဒုတိယနေ့)ကို (၁ဝး၁၆)နာရီအချိန်တွင် ပြီးစီးခဲ့ပါကြောင်း တင်ပြအပ်ပါသည်။