7801

တတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး(စတုတ္ထနေ့) ကျင်းပပြုလုပ်ခြင်း

၁။       တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး (စတုတ္ထနေ့)ကို(၃.၄.၂ဝ၂၆)ရက်၊  သောကြာနေ့၊  နံနက်(၁ဝ:ဝဝ)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ် (၃၁)ဦးအနက် (၃၁)ဦးတက်ရောက်ခဲ့ပါသည်။

၂။         အစည်းအဝေးသို့ တက်‌ရောက်ခွင့်ရှိသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၃၁)ဦးအနက် (၃၁)ဦး တက်ရောက်မှုအခြေအနေကို မှတ်တမ်းတင်ခြင်း၊   ပြည်သူ့ငွေစာရင်းစိစစ်ရေး၊ ဘဏ္ဍာရေး စီမံကိန်းနှင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီတွင် ပါဝင်သင့်သည့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ၏ အမည်စာရင်း၊ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏ အမည် စာရင်းအား ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ လွှတ်တော်သို့တင်ပြခြင်း၊ ပြည်သူ့ငွေစာရင်းစိစစ်ရေး၊ ဘဏ္ဍာရေးစီမံကိန်းနှင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းသတ်မှတ်ခြင်းတို့နှင့်စပ်လျဉ်း၍ ကျိုက်မရောမြို့နယ်၊ ကိုယ်စားလှယ် အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ထွဋ်မှ လွှတ်တော်သို့ ရှင်းလင်းတင်ပြခြင်း၊ အဆိုပါကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များမှ ဆွေးနွေးရန်မရှိကြ သဖြင့် ပြည်သူ့ငွေစာရင်းစိစစ်ရေး၊ ဘဏ္ဍာရေးစီမံကိန်းနှင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များ လေ့လာ သုံးသပ်ရေးကော်မတီ၏တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့်သက်တမ်းတို့အား လွှတ်‌တော်မှ သဘောတူ ဆုံးဖြတ်ကြောင်းနှင့် ပြည်သူ့ငွေစာရင်းစိစစ်ရေး၊ ဘဏ္ဍာရေးစီမံကိန်းနှင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီအား (၁၁)ဦးဖြင့် ဖွဲ့စည်းကြောင်း ကြေညာခြင်းတို့ကို ဆောင်ရွက် ခဲ့ပါသည်။

၃။         တတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး (စတုတ္ထနေ့)တွင် အစည်းအဝေးတက်ရောက်မှုအခြေအနေကိုမှတ်တမ်းတင်ခြင်း၊ ပြည်သူ့ငွေစာရင်းစိစစ်ရေး၊ ဘဏ္ဍာရေး စီမံကိန်းနှင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မတီ ဖွဲ့စည်းနိုင်ရေးကိစ္စ တင်ပြခြင်းနှင့် အတည်ပြုခြင်းတို့ကို‌ ဆောင်ရွက်ခဲ့ပါသည်။

၄။       တတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး (စတုတ္ထနေ့)သို့ ဖိတ်ကြား၍ တက်ရောက်သူ(၂)ဦး ရှိခဲ့ပြီး တတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန် အစည်းအဝေး(စတုတ္ထနေ့)ကို (၁ဝး၁၉)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။