တတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး အောင်မြင်စွာကျင်းပရေး အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခြင်း
မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဆွေးနွးပွဲခန်းမ၌ တတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး အောင်မြင်စွာကျင်းပရေး အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ဒုတိယဥက္ကဋ္ဌနှင့် အစည်းအဝေး အောင်မြင်စွာကျင်းပရေးတွင် ပါဝင်သော ကော်မတီများမှ ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးအား အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်ခဲ့ပြီး နေ့လည် (၁၁း၄၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။
အစီအစဉ် (၁) အစည်းအဝေးစတင်ကြောင်း ကြေညာခြင်း၊
အစီအစဉ် (၂) ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊
အစီအစဉ် (၃) ကော်မတီအသီးသီးမှ ရှင်းလင်းဆွေးနွေးခြင်း –
(က) ကျင်းပရေးဦးစီးကော်မတီ၊
(ခ) ဖိတ်ကြားရေးကော်မတီ၊
(ဂ) တည်းခိုနေရာချထားရေးကော်မတီ၊
(ဃ) လုံခြုံရေးကော်မတီ၊
(င) ကျန်းမာရေးကော်မတီ၊
(စ) ဧည့်ခံကျွေးမွေးရေးကော်မတီ၊
(ဆ) ပြန်ကြားရေးနှင့် သတင်းမှတ်တမ်းကော်မတီ၊
(ဇ) အစည်းအဝေးခန်းမပြင်ဆင်ရေးကော်မတီ၊
(စျ) လျှပ်စစ်မီးရရှိရေးကော်မတီ။
အစီအစဉ် (၄) အထွေထွေဆွေးနွေးခြင်း၊
အစီအစဉ် (၅) ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌမှ နိဂုံးချုပ်စကားပြောကြားခြင်း၊
အစီအစဉ် (၆) အစည်းအဝေးပြီးမြောက်ကြောင်း ကြေညာခြင်း။



