တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (ဒုတိယနေ့) ကျင်ပပြုလုပ်ခြင်း
၁။ တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (ဒုတိယနေ့)ကို(၂-၁၀-၂ဝ၂၆)ရက်၊ သောကြာနေ့၊ နံနက်(၁ဝ:ဝဝ)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ပါသည်။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ် (၃၁)ဦးအနက် (၃၁)ဦး တက်ရောက်ပါသည်။
၂။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ်(၃၁)ဦးအနက် (၃၁)ဦးတက်ရောက်မှု အခြေအနေကို မှတ်တမ်းတင်ခြင်း၊ အစည်းအဝေးတွင် မေးခွန်း(၅)ခု မေးမြန်းခြင်းနှင့်ဖြေကြားခြင်း၊
အစည်းအဝေး(ပထမနေ့)တွင် တင်သွင်းခဲ့သော ဘီးလင်းမြို့နယ်၊ ကိုယ်စားလှယ်အမှတ်(၂)၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးတင်ရီ၏ “မူလတန်းအဆင့်ကျောင်းများ၌ ကလေးသူငယ်များအား အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများ စနစ်တကျ ကြီးကြပ်အရှိန်အဟုန်မြှင့် အကောင်အထည်ဖော် ဆောင်ရွက်ရန်အဆို”နှင့်စပ်လျဉ်း၍ အမည်စာရင်းတင်သွင်းထားသော ချောင်းဆုံမြို့နယ်၊
ကိုယ်စားလှယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကိုဝင်းသန်းနှင့် ကျိုက်မရော မြို့နယ်၊ ကိုယ်စားလှယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇော် တို့မှထောက်ခံ ဆွေးနွေးခြင်း၊ ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးတင်ဇော်ထွန်းမှ အဆိုအား အရှိန် အဟုန်မြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထောက်ခံဆွေးနွေးခြင်း၊ အဆိုရှင်မှ အတည်ပြုပေးပါရန် ဖြည့်စွက်ဆွေးနွေးခြင်းနှင့် အဆိုအား အတည်ပြုရန်အတွက် လွှတ်တော်၏သဘောထားမေးမြန်းရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အားလုံးမှ သဘောတူသည့်အတွက် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးတင်ရီ၏အဆိုအား လွှတ်တော်မှအတည်ပြုကြောင်း ကြေညာခြင်းတို့ကို ဆောင်ရွက် ခဲ့ပါသည်။
၃။ တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (ဒုတိယနေ့)တွင် အစည်းအဝေးတက်ရောက်မှုအခြေအနေကို မှတ်တမ်းတင်ခြင်း၊ မေးခွန်း(၅)ခုမေးမြန်းဖြေကြားခြင်းနှင့် အဆိုတစ်ရပ်အတည်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။
၄။ တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (ဒုတိယနေ့)သို့ဖိတ်ကြား၍ တက်ရောက်သူ(၈)ဦး၊ လေ့လာသူ(၁)ဦးရှိခဲ့ပြီး အစည်းအဝေးကို(၁၁:၀၂)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။



