8542

တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး(၁/၂ဝ၂၆) (ဒုတိယနေ့)အစည်းအဝေးကျင်းပပြုလုပ်ခြင်း

၁။      တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး(၁/၂ဝ၂၆) (ဒုတိယနေ့)ကို(၁၃-၁၁-၂ဝ၂၆)ရက်၊ သောကြာနေ့၊ မွန်းလွဲ(၁၃:ဝဝ)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ပါသည်။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ်  (၃၁)ဦးအနက် (၃၀)ဦး တက်ရောက်ပါသည်။

၂။       အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ်(၃၁)ဦးအနက် (၃၀)ဦးတက်ရောက်မှု အခြေအနေကို မှတ်တမ်းတင်ခြင်း၊ နိုင်ငံတော်သမ္မတရုံး၏ (၁၂-၁၁-၂၀၂၆)ရက်စွဲပါ အမိန့်အမှတ်၊     (၈၈/၂၀၂၆)ဖြင့်  မွန်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးပြီးဖြစ်သော တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး ရဲထွဋ်မှ ၂၀၁၉ ခုနှစ်၊ ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၆၀၊ ၆၁ နှင့်အညီ  ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၏ ရှေ့မှောက်တွင် ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

၃။      တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး(၁/၂ဝ၂၆) (ဒုတိယနေ့)သို့ ဖိတ်ကြား၍တက်ရောက်သူ (၇)ဦးရှိပြီး အစည်းအဝေးကို မွန်းလွဲ(၁၃း၁၀)နာရီအချိန်တွင် ရပ်နားခဲ့ ပါသည်။