8252

တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး (ပထမနေ့) ကျင်းပပြုလုပ်ခြင်း

၁။            (၁၀-၈-၂ဝ၂၆)ရက်၊ တနင်္လာနေ့၊ နံနက်(၁ဝ:ဝဝ)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံး၊ အစည်း အဝေးခန်းမ၌ကျင်းပပြုလုပ်ပါသည်။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့်ကိုယ်စားလှယ် (၃၁)ဦးအနက် (၃၀)ဦး တက်ရောက်ပါသည်။

၂။      အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ်(၃၁)ဦးအနက် (၃၀)ဦး တက်ရောက်မှုအခြေအနေကို မှတ်တမ်းတင်ခြင်း၊ အစည်းအဝေးတွင်မေးခွန်း(၈)ခု မေးမြန်းခြင်းနှင့် ဖြေကြားခြင်း၊ မွန်ပြည်နယ်အစိုးရအဖွဲ့၊ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး နိုင်လယိတမ (ခ)နိုင်ခင်မောင်ဇင်မှ ၂ဝ၂၆-၂ဝ၂၇ ဘဏ္ဍာရေးနှစ်၊ မွန်ပြည်နယ်ဖြည့်စွက်ခွင့်ပြုငွေတောင်းခံမှုစာရင်း နှင့် ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းများအား လွှတ်တော်သို့တင်သွင်းခြင်း၊ မွန်ပြည်နယ်စာရင်းစစ်ချုပ် ဒေါ်သိန်းသိန်းဦးမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး/ပြည်နယ်ဘဏ္ဍာရန်ပုံငွေနှင့်စပ်လျဉ်း သည့်စစ်ဆေးတွေ့ရှိချက်အစီရင်ခံစာအား လွှတ်တော်သို့တင်ပြခြင်း၊ အထက်ပါကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့်လွှတ်တော်ကိုယ်စားလှယ်များသည် ယနေ့ညနေ(၄)နာရီ နောက်ဆုံး ထားပြီး ပြည်နယ်လွှတ်တော်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ထံတွင် အမည်စာရင်းတင်သွင်း နိုင်ကြောင်းကြေညာခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

၃။         တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး (ပထမနေ့)တွင် အစည်းအဝေးတက်ရောက်မှုအခြေအနေကို မှတ်တမ်းတင်ခြင်း၊ မေးခွန်း(၈)ခု မေးမြန်းဖြေကြားခြင်း၊ ၂ဝ၂၆-၂ဝ၂၇ ဘဏ္ဍာရေးနှစ်၊ မွန်ပြည်နယ်ဖြည့်စွက်ခွင့်ပြုငွေတောင်းခံမှုစာရင်းနှင့် ပြုပြင်ပြီးခန့်မှန်းခြေ ငွေစာရင်းများတင်သွင်းခြင်းနှင့် မွန်ပြည်နယ်စာရင်းစစ်ချုပ်၏ အစီရင်ခံစာတင်ပြခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

၄။         တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး(ပထမနေ့)သို့ ဖိတ်ကြား၍ တက်ရောက်သူ(၄)ဦးရှိခဲ့ပြီး တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် တတိယပုံမှန် အစည်းအဝေး (ပထမနေ့)ကို (၁၁း၂၇)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။