ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် နဝမပုံမှန်အစည်းအဝေး(သတ္တမနေ့) ဆောင်ရွက်ပြီးစီးမှုတင်ပြခြင်း
ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် နဝမပုံမှန်အစည်းအဝေး (သတ္တမနေ့)ကို (၂-၄-၂၀၁၈)ရက်၊ တနင်္လာနေ့၊ နံနက် (၁၀း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ပါသည်။ အစည်းအဝေးသို့တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ်(၃၁)ဦးအနက်(၂၃)ဦးတက်ရောက်မှု အခြေ အနေကို မှတ်တမ်းတင်ခြင်း၊ အစည်းအဝေးတွင်မေးခွန်း (၅)ခုမေးမြန်းခြင်းနှင့် ဖြေကြားခြင်း၊ အစည်းအဝေး(ပဉ္စမနေ့)တွင် တင်ပြခဲ့သော ပြည်နယ်လွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေးဆိုင်ရာ ကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မတီ၏ ဆောင်ရွက်ချက်အစီရင်ခံစာနှင့် စပ်လျဉ်း၍ ပေါင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးဇော်ဇော်ထူး၊ သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ဒေါ်ခိုင်ခိုင်လဲ့၊ ကျိုက်မရောမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင်မျိုးမြင့်တို့မှ ထောက်ခံဆွေးနွေးခြင်း၊ စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးဝဏ္ဏကျော်မှ ကော်မတီ၏ဆောင်ရွက်ချက်ပြင်ဆင်ထားပြီးဖြစ်၍ တင်ပြချက်အားမှတ်တမ်းအဖြစ်ထားရှိပေးပါရန် အဆင်ပြေ ကြောင်း အကြံပြုဆွေးနွေးခြင်းနှင့် အစီရင်ခံစာတင်သွင်းသော ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေးဆိုင်ရာကိစ္စရပ် များလေ့လာသုံးသပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကျော်သူပြန်လည်ရှင်းလင်းဆွေးနွေးပြီး အစီရင်ခံစာအား ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၇၅၊ ပုဒ်မခွဲ(စ)၊ ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၃၈၊ ပုဒ်မခွဲ(စ)၊ တို့အရ အစီရင်ခံစာကို ကိုယ်စားလှယ်များ၏ ဆွေးနွေးအကြံပြုချက်များနှင့်အတူ ပြည်နယ်လွှတ်တော်မှ မှတ်တမ်းတင် ကြောင်းနှင့် ပြည်န၏ယ်အစိုးရအဖွဲ့မှ ဆောင်ရွက်နိုင်ရန်အတွက် ပေးပို့သွားမည်ဖြစ်ကြောင်းကြေညာခြင်း၊ ပြည်နယ်အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီ ပြင်ဆင်ဖွဲ့စည်းခြင်း နှင့် ကော်မတီသက်တမ်း(၁)နှစ် တိုးမြှင့်ခြင်း၊ မွန်ပြည်နယ်လွှတ်တော် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ် စောင့်ကြည့်ရေးကော်မတီ ပြင်ဆင်ဖွဲ့စည်းခြင်းနှင့် ကော်မတီသက်တမ်း (၁)နှစ်တိုးမြှင့်ခြင်းတို့အားပြည်နယ် လွှတ်တော်မှအတည်ပြုကြေညာခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။ အစည်းအဝေးတွင်ဖိတ်ကြား၍ တက်ရောက်သူ (၄)ဦး၊ လေ့လာသူ(၇)ဦးတက်ရောက်ခဲ့ပါသည်။



