3194

ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် နဝမပုံမှန်အစည်းအဝေး (ပဉ္စမနေ့) ဆောင်ရွက်ပြီးစီးမှုတင်ပြခြင်း

ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် နဝမပုံမှန်အစည်းအဝေး (ပဉ္စမနေ့)ကို (၂၉.၃.၂၀၁၈)ရက်၊ ကြာသပတေးနေ့၊ နံနက် (၁၀း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ပါသည်။ အစည်းအဝေးသို့တက်ရောက်ခွင့်ရှိသည့်ကိုယ်စားလှယ်(၃၁)ဦးရှိသည့်အနက် (၂၇)ဦး တက်ရောက်မှုအခြေအနေ ကိုမှတ်တမ်းတင်ခြင်း၊ အစည်းအဝေးတွင်မေးခွန်း (၆)ခု မေးမြန်းခြင်းနှင့်ဖြေကြားခြင်း၊ မွန်ပြည်နယ်လွှတ်တော်ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေးဆိုင်ရာကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မတီ၏ ဆောင်ရွက်ချက်အစီရင်ခံစာကို ကော်မတီဥက္ကဋ္ဌဦးအောင်ကျော်သူမှ တင်ပြခဲ့ပြီး ယင်းအစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့်ကိုယ်စားလှယ်များ၊ ပြည်နယ်လွှတ်တော်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ထံတွင် အမည်စာရင်း တင်သွင်းနိုင်ကြောင်းကြေညာခြင်း၊ အစည်းအဝေး(ဒုတိယနေ့)တွင် တင်သွင်းခဲ့သော မွန်ပြည်နယ်ဆားနှင့် ဆားထွက်ပစ္စည်းဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းမှပြန်လည်ရုပ်သိမ်းခွင့်ပြုရန် စာဖြင့်တင်ပြလာသဖြင့် ယင်းဥပဒေ ကြမ်းအားပြည်နယ်လွှတ်တော်မှ ပြန်လည်ရုပ်သိမ်းကြောင်းကြေညာခြင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီ၊ ဥပဒေပြုရေးဆိုင်ရာကော်မတီနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင့်ကြည့်ရေး ကော်မတီ(၃)ခုအား သက်တမ်းတိုးမြှင့်ရေးကိုစ္စ လွှတ်တော်သို့တင်ပြခဲ့ရာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ကာကွယ်စောင့်ကြည့်ရေးကော်မတီအား ပြန်လည်ဆန်းစစ်ဖွဲ့စည်းပေးပါရန် ကော်မတီအတွင်းရေးမှူး ဒေါ်ကြည်ကြည်မြမှ တင်ပြခဲ့သဖြင့် ယင်းကော်မတီ သက်တမ်းတိုးမြှင့်ခြင်းကို ဆောင်ရွက်ခြင်းမပြုဘဲ ကိုယ်စားလှယ်များစိစစ်ရေးကော်မတီနှင့် ဥပဒေပြုရေးဆိုင်ရာကော်မတီ(၂)ခုကိုသာ သက်တမ်း(၁)နှစ် တိုးမြှင့် ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။အစည်းအဝေးတွင်ဖိတ်ကြား၍ တက်ရောက်သူ(၅)ဦး၊ လေ့လာသူ(၃)ဦး တက်ရောက်ခဲ့ပါသည်။