ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်ပထမပုံမှန်အစည်းအဝေး (ပဉ္စမနေ့) ကျင်းပပြီးစီးခြင်း
ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်ပထမပုံမှန်အစည်းအဝေး (ပဉ္စမနေ့)ကို (၄-၄-၂၀၁၆)ရက်နေ့၊ (၁၀း၀၀)နာရီ အချိန်တွင် ပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ပါသည်။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် (၃၁)ဦးအနက် (၃၁)ဦး တက်ရောက်ပြီး တက်ရောက်မှုအခြေအနေအား မှတ်တမ်း တင်ခြင်း၊ နိုင်ငံတော်သမ္မတကပေးပို့သောမွန်ပြည်နယ်ဝန်ကြီးဌာန(၇)ခုကိုပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ပြည်နယ်လွှတ်တော် သို့ တင်ပြခြင်းနှင့်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များမှဆွေးနွေးရန်မရှိသဖြင့် မွန်ပြည်နယ်အတွက် ပြည်နယ်ဝန်ကြီး ဌာနအရေအတွက်(၇)ခုအား ပြည်နယ်လွှတ်တော်က သဘောတူကြောင်း ကြေညာခြင်း၊ နိုင်ငံတော်သမ္မတ က ပေးပို့သော မွန်ပြည်နယ်ဝန်ကြီးဦးရေ(၇)ဦးအား ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ပြည်နယ်လွှတ်တော်သို့တင်ပြခြင်းနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များမှ ဆွေးနွေးရန်မရှိသဖြင့် မွန်ပြည်နယ်အတွက် ပြည်နယ်ဝန်ကြီး(၇)ဦးအား ပြည်နယ်လွှတ်တော်က သဘောတူကြောင်း ကြေညာခြင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာ တာဝန်ပေးအပ်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံမှ ပေးပို့သော တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းနှင့် ဝန်ကြီးချုပ်မှ ဝန်ကြီးဌာနများတွင် ဝန်ကြီးအဖြစ် ခန့်အပ်မည့် လွှတ်တော်ကိုယ်စားလှယ်များ၏အမည်စာရင်းကို ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ပြည်နယ်လွှတ်တော်သို့ တင်ပြခြင်း၊ ပြည်နယ်ဝန်ကြီးချုပ်ကပေးပို့သော မွန်ပြည်နယ်အတွက် ပြည်နယ်ဥပဒေချုပ် ဒေါ်အေးအေးမို့နှင့် စာရင်းစစ်ချုပ် ဒေါ်သိန်းသိန်းဦးတို့၏အမည်စာရင်းအား ပြည်နယ်လွှတ်တော်သို့ တင်ပြခြင်းနှင့် ဝန်ကြီးဌာနများတွင် ဝန်ကြီးများအဖြစ် ခန့်အပ်မည့် လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်ဥပဒေချုပ်နှင့့်ပြည်နယ်စာရင်းစစ်ချုပ်တို့၏ ကိုယ်ရေးအချက်အလက် များအား ပြည်နယ်လွှွှတ်တော်ကိုယ်စားလှယ်များထံ ဖြန့်ဝေခြင်း၊ ပြည်နယ်ဝန်ကြီးချုပ်က ပေးပို့သော ပြည်နယ်အတွင်းရှိ တိုင်းရင်းသားလူမျိုးရေးရာဆောင်ရွက်ရန် ရွေးကောက်တင်မြှောက်ထားသည့် ကရင်တိုင်းရင်းသားလူမျိုးရေးရာအတွက် ဦးအောင်မြင့်ခိုင်၊ ပအိုဝ်းတိုင်းရင်းသားလူမျိုးရေးရာအတွက် ဒေါ်စံဝင့်ခိုင်၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာအတွက် ဦးရွှေမြင့်တို့ (၃)ဦးအား ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ပြည်နယ်လွှတ်တော်သို့ တင်ပြခြင်းနှင့်လွှတ်တော်မှ မှတ်တမ်းတင်ကြောင်း ကြေညာခြင်း၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ဥပဒေပြုရေးဆိုင်ရာကော်မတီတွင်ပါဝင်သင့်သည့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ၏ အမည်စာရင်း၊ ကော်မတီ ဥက္ကဋ္ဌ နှင့် အတွင်းရေးမှူးတို့၏ အမည်စာရင်းကို ပြည်နယ်လွှတ်တော်သို့ တင်ပြခြင်းနှင့်ကော်မတီ၏ လုပ်ငန်းတာဝန်၊လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းသတ်မှတ်ခြင်းတို့နှင့်ပတ်သက်၍ ကော်မတီဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်လဲ့၊ သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှလွှတ်တော်သို့တင်ပြခြင်း၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာ ကော်မတီတွင် ပါဝင်သင့်သည့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ၏ အမည်စာရင်း၊ ကော်မတီဥက္ကဋ္ဌ နှင့်အတွင်းရေးမှူးတို့၏ အမည်စာရင်းကို ပြည်နယ်လွှတ်တော်သို့ တင်ပြခြင်းနှင့်ကော်မတီ၏ လုပ်ငန်းတာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်း သတ်မှတ်ခြင်းတို့နှင့်ပတ်သက်၍ ကော်မတီဥက္ကဋ္ဌ ဦးထွန်းမင်းအောင်၊ ပေါင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ် လွှတ်တော်သို့တင်ပြခြင်း၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက တိုင်ကြားစာ၊အသနားခံစာ၊ တင်ပြစာများ နှင့် အထွေထွေကိစ္စရပ် များလေ့လာသုံးသပ်ရေးကော်မတီတွင် ပါဝင်သင့်သည့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ၏ အမည်စာရင်း၊ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏ အမည်စာရင်းကို ပြည်နယ်လွှတ်တော်သို့ တင်ပြခြင်းနှင့်ကော်မတီ၏ လုပ်ငန်းတာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်း သတ်မှတ်ခြင်းတို့နှင့် ပတ်သက်၍ ကော်မတီဥက္ကဋ္ဌဦးအောင်ကျော်သူ၊ သထုံမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၂)မှပြည်နယ်လွှတ်တော်သို့ တင်ပြခြင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ပြည်နယ်ဝန်ကြီးချုုပ်တို့ထံမှ ပေးပို့သော ဝန်ကြီးစာရင်းများနှင့် ပတ်သက်၍ ချောင်းဆုံမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦး၏ အကြံပြုတင်ပြဆွေးနွေးချက်များကို ပြည်နယ်လွှတ်တော်မှ မှတ်တမ်းတင်ခြင်းနှင့် ဗိုလ်မှူးကြီးဝင်းနိုင်ဦးအား လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဦးဝဏ္ဏကျော်အား စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ဦးမင်ထင်အောင်ဟန်အား လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးဌာန၊ ဦးထွန်းဋ္ဌေးအား စိုက်ပျိုးမွေးမြူရေး နှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒေါက်တာမင်းကြည်ဝင်း (ခ) နိုင်ကြည်ဝင်းအား သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒေါက်တာထိန်လင်းအား လူမှုရေးဝန်ကြီးဌာန ဝန်ကြီးများအဖြစ် အသီးသီး တာဝန်ပေးအပ်ပြီး စည်ပင်သာယာရေးနှင့်ဆောက်လုပ်ရေးဝန်ကြီးဌာနအား ပြည်နယ်ဝန်ကြီးချုပ်မှ ကြီးကြပ်တာဝန်ယူဆောင်ရွက်မှုကို ပြည်နယ် လွှတ်တော်က သဘောတူဆုံးဖြတ်ကြောင်း ကြေညာခြင်း၊ ပြည်နယ်ဝန်ကြီးချုပ်က ပေးပို့သော မွန်ပြည်နယ်အတွက် ပြည်နယ်ဥပဒေချုပ်၏ အမည်စာရင်းနှင့်ပြည်နယ်စာရင်းစစ်ချုပ်တို့၏ အမည်စာရင်းတို့နှင့် ပတ်သက်၍ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးရန်မရှိသဖြင့် ပြည်နယ်လွှတ်တော်မှ သဘောတူဆုံးဖြတ်ကြောင်း ကြေညာခြင်း၊ သဘာတူဆုံးဖြတ်ချက်အားလုံးကို ပြည်နယ်လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာခြင်း၊ ပြည်နယ်အဆင့် အဖွဲ့အစည်းဝင်များဖြစ်သော ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်စာရင်းစစ်ချုပ်တို့မှ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ရှေ့မှောက်တွင် ကတိသစ္စာပြုခြင်းနှင့် ကတိ သစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။
အစည်းအဝေးသို့ လေ့လာသူအဖြစ် (၄၄)ဦး တက်ရောက်ပါသည်။



