913

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်ပထမပုံမှန်အစည်းအဝေး(စတုတ္ထနေ့) ကျင်းပပြီးစီးခြင်း

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်ပထမပုံမှန်အစည်းအဝေး(စတုတ္ထနေ့)ကို (၃၁-၃-၂၀၁၆)ရက်နေ့၊ (၁၀း၀၀) နာရီအချိန်တွင် ပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ပါသည်။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၃၁)ဦး အနက် (၃၁)ဦး တက်ရောက်မှု အခြေအနေကို မှတ်တမ်းတင်ခြင်း၊ ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက်ခံထားရသော ဘီးလင်းမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးမင်းမင်းဦးက ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၏ ရှေ့မှောက်တွင် ကတိသစ္စာပြုခြင်းနှင့်ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။ အစည်းအဝေးသို့ လေ့လာသူအဖြစ် (၁၈)ဦး တက်ရောက်ပါသည်။

IMG_5839  IMG_5836