904

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်ပထမပုံမှန်အစည်းအဝေး (တတိယနေ့) ကျင်းပပြီးစီးခြင်း

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်ပထမပုံမှန်အစည်းအဝေး (တတိယနေ့)ကို (၂၉-၃-၂၀၁၆)ရက်နေ့၊ (၁၀း၀၀)နာရီအချိန်တွင် ပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ပါသည်။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၃၁)ဦးအနက် (၃၁)ဦး တက်ရောက်မှုအခြေအနေကို မှတ်တမ်းတင်ခြင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းသတ်မှတ်ခြင်းတို့နှင့်စပ်လျဉ်း၍ သံဖြူဇရပ်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်၊ ကော်မတီအတွင်းရေးမှူး ဦးထွန်းဌေး ဖတ်ကြားရှင်းလင်းတင်ပြခြင်း၊ ဆွေးနွေးခြင်းနှင့်ကိုယ်စားလှယ် စိစစ်ရေးကော်မတီကို ဖွဲ့စည်းကြောင်းကြေညာခြင်း၊ ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးနိုင်ရန် နိုင်ငံတော် သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားသူက ပေးပို့ထားသည့် ဘီးလင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမင်းမင်းဦး၏ အမည်စာရင်းအား လွှတ်တော်မှ ဆွေးနွေးရန် ဖိတ်ခေါ်ခြင်း၊ လွှတ်တော်မှ သဘောတူကြောင်း ကြေညာခြင်း၊ ချောင်းဆုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးက မော်လမြိုင်မြို့၊ ကမ်းနားလမ်း အဆင့်(၆) စီမံကိန်း ဆောင်ရွက်ထားရှိမှုအား ပြန်လည်စိစစ်ရန် တိုက်တွန်းကြောင်း အရေးကြီးအဆို တင်သွင်းခြင်းကို ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်(၂)ဦး၏ ထောက်ခံ ဆွေးနွေးချက်နှင့်အတူ သဘောတူမှတ်တမ်းတင်ကြောင်းနှင့် ပြည်နယ် အစိုးရအဖွဲ့သို့ စာထုတ်အကြောင်းကြား သွားမည်ဖြစ်ကြောင်း ဆောင်ရွက်ပါသည်။ အစည်းအဝေးသို့ လေ့လာသူအဖြစ် (၁၂)ဦး တက်ရောက်ပါသည်။

IMG_5794  IMG_5800