ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး (ဒုတိယနေ့) ကျင်းပပြီးစီးခြင်း
ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး (ဒုတိယနေ့)ကို (၂၈-၃-၂၀၁၆)ရက်နေ့၊ (၀၉း၃၀)နာရီအချိန်တွင် ပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ပါသည်။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၃၁)ဦးအနက် (၃၁)ဦး တက်ရောက်မှု အခြေအနေကို မှတ်တမ်းတင်ခြင်း၊ အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးနိုင်ရန် နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံထားသူက ပေးပို့လာသည့် ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ဘီးလင်းမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းဦး၏ အမည်စာရင်းကို ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်သို့ တင်ပြခြင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီတွင် တာဝန်ပေးအပ်မည့် လွှတ်တော်ကိုယ်စားလှယ်များ၏ အမည်စာရင်းတင်ပြခြင်း၊ ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးအပ်သည့် ပုဂ္ဂိုလ်၏ ကိုယ်ရေးအချက်အလက်များကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များထံ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ ပါသည်။ အစည်းအဝေးသို့ လေ့လာသူအဖြစ် (၈)ဦး တက်ရောက်ပါသည်။




