296

ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး

ပထမအကြိမ်မွန်ပြည်နယ်လွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေးကို (၇.၄.၂ဝ၁၅)ရက်နေ့မှ (၉.၄.၂ဝ၁၅) ရက်နေ့အထိ ကျင်းပပါသည်။ အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က မိန့်ခွန်းပြောကြားခြင်းနှင့်မိန့်ခွန်းကို မှတ်တမ်းတင်ခြင်း၊ မေးခွန်း(၆၅)ခု မေးမြန်းခြင်းနှင့်ဖြေကြားခြင်း၊ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ် မွန်ပြည်နယ်ဒေသန္တရစီမံကိန်း ဥပဒေကြမ်း အတည်ပြုခြင်း၊ မွန်ပြည်နယ်အိမ်တွင်း စက်မှုလက်မှုလုပ်ငန်းများဥပဒေကြမ်း၊ မွန်ပြည်နယ်ကျေးရွာ ထင်းစိုက်ခင်းဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်း၊ မွန်ပြည်နယ်အပန်းဖြေစခန်းများ၊ တိရစ္ဆာန်ဥယျာဉ်နှင့် ရုက္ခဗေဒဥယျာဉ် ဥပဒေကြမ်း တို့ကို အတည်ပြုခြင်း၊ အဆို(၅)ခု တင်သွင်းရာ အဆို(၄)ခုအတည်ပြုခြင်း၊အဆို(၁)ခု မှတ်တမ်းတင်ခြင်း၊ မွန်ပြည်နယ်လွှတ်တော်ရေးရာကော်မတီများ သက်တမ်းတိုးမြှင့်ရန်ကိစ္စ တင်ပြခြင်းနှင့်အတည်ပြုခြင်း၊ ရေးရာကော်မတီဝင် များ၏ ခရီးစရိတ်၊ နေ့တွက်စရိတ်ခံစားခွင့်တင်ပြခြင်းနှင့်အတည်ပြုခြင်း၊ မွန်ပြည်နယ်လွှတ်တော်ရေးရာ ပူးပေါင်း ကော်မတီ၏ ဆောင်ရွက်ချက် တင်ပြခြင်းနှင့်မှတ်တမ်းတင်ခြင်း၊ ၂ဝ၁၅-၂ဝ၁၆ခု၊ ဘဏ္ဍာရေးနှစ် မွန်ပြည်နယ်၏ ရသုံး မှန်းခြေငွေစာရင်းနှင့်၂ဝ၁၅ခုနှစ် မွန်ပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းအတည်ပြုခြင်း၊ မွန်ပြည်နယ် အစိုးရအဖွဲ့၏ ၂၆.၁၁.၂ဝ၁၄ ရက်စွဲပါ စာအမှတ်၊ ၂ဝဝ/၃.၁၆/ ဝခရ(မွန်)ဖြင့် ကျိုက်မရော၊ ကျိုက်ထို၊ ဘီးလင်း၊ သံဖြူဇရပ် မြို့နယ်(၄)မြို့နယ်မှ ရွာ(၃)ရွာ ပယ်ဖျက်ခြင်း၊ ရွာ(၂)ရွာတိုးချဲ့ခြင်း၊ ရွာ(၁)ရွာ ပြင်ဆင်ခြင်းတို့အား တင်ပြခြင်းကို မှတ်တမ်းတင်ခြင်း၊ ၂ဝ၁၄-၂ဝ၁၅ခု ဘဏ္ဍာရေးနှစ် သာမန်အသုံးစရိတ် ငွေလုံးငွေရင်း အသုံးစရိတ်များ ခေါင်းစဉ်ပြောင်း လုပ်ငန်းပြောင်းကိစ္စ တင်ပြခြင်းနှင့်အတည်ပြုခြင်း၊ ပြည်နယ်အစိုးရအဖွဲ့ရုံး၏ ၂၄.၃.၂ဝ၁၅ ရက်စွဲပါ စာအမှတ်၊ ၂ဝဝ/၁-၂/ ဝခရ(မွန်)နှင့် ပြည်နယ်အစိုးရအဖွဲ့ရုံး၏ ၇.၄.၂ဝ၁၅ ရက်စွဲပါ စာအမှတ်၊၂ဝဝ/၁-၂/ဝခရ (မွန်) တို့ဖြင့် အကြောင်းကြားချက် အရ ကျိုက်မရောမြို့နယ် ပြည်နယ်မဲဆန္ဒနယ် အမှတ်(၁)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလှထွန်းအား ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးအဖြစ် ခန့်ထားရန် တင်ပြခြင်းကို အတည်ပြုခြင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး တာဝန် ပူးတွဲထမ်းဆောင် လျှက်ရှိသော ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးသက်ဝင်းအား မူလ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး တာဝန်များကိုသာ ထမ်းဆောင်စေခြင်းကို အတည်ပြုခြင်း၊ ပထမအကြိမ်မွန်ပြည်နယ်လွှတ်တော် ဒသမပုံမှန် အစည်းအဝေးတွင် ရွှေ့ဆိုင်းခဲ့သော သထုံခရိုင်အမည်ကို သုဝဏ္ဏဘူမိခရိုင်ဟု အမည်ပြောင်းလဲ သတ်မှတ်ရေးအဆိုနှင့် ပတ်သက်၍ အဆိုကို မှတ်တမ်းတင်ခြင်းနှင့် အဆိုနှင့်ပတ်သက်၍ ဆောင်ရွက်မှုများကို မှတ်တမ်းတင်ခြင်း၊ ပြည်နယ် အစိုးရအဖွဲ့၏ ဆောင်ရွက်ချက်များ တင်ပြခြင်းကို မှတ်တမ်းတင်ခြင်း၊ မွန်ပြည်နယ်ဂုဏ်ထူးဆောင်လက်မှတ်များနှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ချီးမြှင့်ခြင်းနည်းဥပဒေကို ပြင်ဆင်ခြင်းအား တင်ပြခြင်းကို မှတ်တမ်းတင်ခြင်း၊ မွန်ပြည်နယ် ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေး နည်းဥပဒေများ တင်ပြခြင်းနှင့်မှတ်တမ်းတင်ခြင်း၊ မော်လမြိုင်မြို့ တိုးချဲ့ကမ်းနားလမ်းအဆင့်(၆)တည်ဆောက်ရေးလုပ်ငန်းစီမံကိန်း တင်ပြခြင်းနှင့် သဘောတူကြောင်း မှတ်တမ်းတင်ခြင်း၊ မွန်ပြည်နယ် လွှတ်တော်ရုံး၏ ၂ဝ၁၅-၂ဝ၁၆ခု ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း အသုံးစရိတ်မှ Website တပ်ဆင်ခြင်း လုပ်ငန်းအတွက် ကျပ်သိန်း(၂၂ဝ)အား လုပ်ငန်းပြောင်းလဲ သုံးစွဲရေးကိစ္စတင်ပြခြင်းနှင့် မှတ်တမ်းတင်ခြင်း၊ နိုင်ငံတော် သမ္မတရုံး၏ အမိန့်အမှတ်၊ ၂/၂ဝ၁၅ ဖြင့် မွန်ပြည်နယ် ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးသက်ဝင်းအား မွန်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ပူးတွဲတာဝန်ပေးခြင်းအား ပယ်ဖျက်ခြင်းနှင့် နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ်၊ ၃/၂ဝ၁၅ ဖြင့် ကျိုက်မရောမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှထွန်းအား မွန်ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခြင်းတို့အား လွှတ်တော်သို့ တင်ပြခြင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှထွန်းမှ ကတိသစ္စာပြုခြင်းများ ဆောင်ရွက်ပါသည်။

ပထမအကြိမ်မွန်ပြည်နယ်လွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် ရေးမြို့နယ်၊ အံဒင်ကျေးရွာမှ ဆရာတော်ဦးနန္ဒပါဒါယိကာ(၆)ဦး တို့ လေ့လာသူ အဖြစ် တက်ရောက်ခဲ့ပါသည်။

DSC_3202