3965

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး(၁/၂၀၁၈)အစည်းအဝေးမှတ်တမ်းအနှစ်ချုပ် (၂၀၁၈ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်)

၁။      ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး(၁/၂၀၁၈)ကို ၂၀၁၈ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့၊ နံနက်(၁၀း၀၀) နာရီအချိန်တွင် စတင်ကျင်းပရာ ဥက္ကဋ္ဌအဖြစ် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိမှ ဆောင်ရွက်ပြီး အစည်းအဝေးသို့တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်(၃၁)ဦး အနက် ( ၂၇ )ဦး တက်ရောက်ကြပါသည်။

၂။       လွှတ်တော်အစည်းအဝေးတွင် ဥက္ကဋ္ဌက အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကြောင်းကြေညာ၍ အောက်ပါတို့ကိုဆောင်ရွက်ခဲ့သည်-

(က)    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ (၆-၁၁-၂၀၁၈)ရက်စွဲပါ ကြေညာစာအမှတ်(၁၆၉/၂၀၁၈) ဖြင့် အစားထိုးပြောင်းလဲခဲ့သော       တပ်မတော်သားလွှတ်တော်                ကိုယ်စားလှယ်(၂)ဦးမှ မွန်ပြည်နယ်
လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၅(ဂ)အရ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၏ရှေ့မှောက်တွင် ကတိသစ္စာ ပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခြင်း၊

(ခ)     မွန်ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးအဖြစ် ကြည်း ၂၆၉၃၉ ဗိုလ်မှူးကြီး နေထွဋ်ဦးအား ခန့်အပ်တာဝန်ပေးရန် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၂ အရ ပြည်နယ်ဝန်ကြီးချုပ်မှ အဆိုပြုအမည်စာရင်းတင်သွင်းလာခြင်းကို ပြည်နယ်လွှတ်တော်သို့ တင်ပြခြင်း၊ အဆိုပြုထားသည့် အမည်စာရင်းနှင့်ပတ်သက်၍ ပြည်နယ်လွှတ်တော်ဆိုင်ရာနည်းဥပဒေအပိုဒ် ၅၁၊ အပိုဒ်ခွဲ (ခ)အရ တက်ရောက်လာကြသည့် ကိုယ်စားလှယ်များမှ တင်ပြဆွေးနွေးနိုင်ကြောင်း(၃)ကြိမ် ဖိတ်ခေါ်ခဲ့ရာ ကန့်ကွက်ရန်မရှိသည့်အတွက် ပြည်နယ်လွှတ်တော်ဆိုင်ရာနည်းဥပဒေ အပိုဒ် ၅၂ အရ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ ဗိုလ်မှူးကြီး နေထွဋ်ဦးအား မွန်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး အဖြစ်  ခန့်အပ်တာဝန်ပေးရန် သဘောတူကြောင်း ကြေညာခြင်း၊

(ဂ)     ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး အဖြစ်  မွန်ပြည်နယ်လွှတ်တော်၏ သဘောတူညီချက် ရရှိပြီးဖြစ်သော ဗိုလ်မှူးကြီး နေထွဋ်ဦးမှ ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၆၀၊ ၆၁အရ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၏ ရှေ့မှောက်တွင် ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခြင်း၊

၃။       အစည်းအဝေးကို  နံနက်(၁၀) နာရီ (၂၀)မိနစ်တွင်ရပ်နား၍ ဒုတိယအကြိမ်မွန်ပြည်နယ် လွှတ်တော်
အရေးပေါ်အစည်းအဝေး (၁/၂၀၁၈) အောင်မြင်စွာပြီးမြောက်ကြောင်း ကြေညာပါသည်။