8183

မွန်ပြည်နယ်လွှတ်တော် စွမ်းဆောင်ရည်မြှင့်တင်မှု ဥပဒေအလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်ခြင်း

(၁၅-၇-၂၀၂၆)ရက်မှ(၁၇-၇-၂၀၂၆)ရက်ထိ မွန်ပြည်နယ် လွှတ်တော်ရုံး ဆွေးနွေးပွဲခန်းမ၌ စွမ်းဆောင်ရည်မြှင့်တင်မှု ဥပဒေအလုပ်ရုံဆွေးနွေးပွဲကို(၃)ရက် ကျင်းပပြု လုပ်ခဲ့ရာ ဆွေးနွေးပွဲသို့ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ မွန်ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်လွှတ်တော် ကိုယ်စား လှယ်များနှင့် ဥပဒေပညာရှင်များဖြစ်သော ဦးမြင့်အောင် (မွန်ပြည်နယ် ဥပဒေချုပ်-ငြိမ်း)၊ Dr-ခင်မောင်ဦး (ခုံရုံးအဖွဲ့ဝင်-ငြိမ်း)၊ Dr-သီတာစန်း (ဥပဒေကြမ်းစိစစ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်-ငြိမ်း)၊ ဒေါ်ခင်မြတ်သူ(ရှေ့နေချုပ်ရုံး၊ ညွှန်ကြားရေးမှူး-ငြိမ်း)၊ ဦးခင်မောင်မောင်(ရှေ့နေချုပ်ရုံး၊ ညွှန်ကြား ရေးမှူး-ငြိမ်း)၊ မွန်ပြည်နယ် ဥပဒေပြုရေးဆိုင်ရာ ကော်မတီဝင်များတက်ရောက်ပြီး ဆွေးနွေးပွဲ ပထမ‌နေ့တွင် ဥပဒေမူကြမ်း ရေးဆွဲရေးလုပ်ငန်းစဉ်၊ စာချုပ်စာတမ်း‌ရေးဆွဲခြင်း ဥပဒေဆိုင်ရာ သိကောင်း စရာများ၊ ဥပဒေမူကြမ်း ရေးဆွဲခြင်း၊ ဥပဒေအာဏာကြီး(၃)ရပ်၊ ပြည်သူ့ကိုယ်စားလှယ်များ၏ တာဝန်များ အားဆွေးနွေးပြီး ဆွေးနွေးပွဲ ဒုတိယနေ့တွင် ဥပဒေကြမ်းရေးဆွဲရာတွင် လိုက်နာရမည့်အချက်များ၊ ဥပဒေမူကြမ်း ရေးဆွဲရေးလုပ်ငန်းစဉ်၊ ဥပဒေပြုခြင်းနှင့်စိစစ်ခြင်း၊ ပြည်ထောင်စုရှေ့နေချုပ်ဥပဒေ၊ နိုင်ငံရေး၊ လွှတ်တော်၊ ဥပဒေပြုရေးခေါင်းစဉ်များအား ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲတတိယနေ့တွင် ဥပဒေကြမ်း စိစစ်ရာတွင် လိုက်နာရမည့်အချက်များ၊ Rule of Law and Rule By Law၊ စာချွန်တော်အကြောင်းနှင့် နိုင်ငံရေး၊ လွှတ်တော်၊ ဥပဒေပြုရေးခေါင်းစဉ်များအား ဆွေးနွေးခဲ့ကြပါသည်။