8301

မွန်ပြည်နယ်လွှတ်တော် တိုင်ကြားစာ၊ အသနားခံစာ၊ တင်ပြစာနှင့်အထွေထွေကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မတီ အစည်းအဝေးကျင်းပပြုလုပ်ခြင်း

(၂၀-၈-၂၀၂၆)ရက်၊(ကြာသပတေးနေ့)၊  နံနက်(၁၀း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်‌တော် ရုံး၊ ရေးရာကော်မတီအစည်းအဝေးခန်း၌ မွန်ပြည်နယ်လွှတ်တော် တိုင်ကြားစာ၊ အသနား ခံစာ၊ တင်ပြစာ နှင့် အထွေထွေကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မတီအစည်းအဝေးကို ကျင်းပ ပြုလုပ်ပါသည်။ အစည်းအဝေးကို မွန်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ကော်မတီဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် တက်ရောက်လာသူများမှ မွန်ပြည်နယ်လွှတ်တော်သို့ တင်ပြတိုင်ကြားလာ သည့် မော်လမြိုင်မြို့နယ်ရှိ တိုင်ကြားစာများနှင့်စပ်လျဉ်း၍ဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးကို (၂၀-၈-၂၀၂၆)ရက်၊ မွန်းလွဲ(၁၃း၀၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။