8504

မွန်ပြည်နယ်လွှတ်တော် တိုင်ကြားစာ၊ အသနားခံစာ၊ တင်ပြစာနှင့်အထွေထွေကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မတီ အစည်းအဝေးကျင်းပပြုလုပ်ခြင်း

(၁၅-၁၀-၂၀၂၆)ရက်၊(ကြာသပတေးနေ့)၊  မွန်းလွဲ(၁၃၀၀)နာရီအချိန်တွင် မွန်ပြည်နယ် လွှတ်‌တော် ရုံး၊ ရေးရာကော်မတီအစည်းအဝေးခန်း၌ မွန်ပြည်နယ်လွှတ်တော် တိုင်ကြားစာ၊ အသနားခံစာ၊ တင်ပြ စာနှင့် အထွေထွေကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မတီအစည်းအဝေးကို ကျင်းပပြုလုပ်ပါသည်။ အစည်းအဝေးကို ကော်မတီဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် တက်ရောက်လာသူများမှ မွန်ပြည်နယ်လွှတ်တော်သို့ တင်ပြတိုင်ကြားလာ သည့် မော်လမြိုင်မြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်ရှိ မြေယာကိစ္စနှင့်စပ်လျဉ်း၍ မြို့နယ်မြေစာရင်းဦးစီးမှူး၊ တိုင်ကြားသူနှင့် တိုင်ကြားခံရသူတို့အား တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးကို (၁၅-၁၀-၂၀၂၆)ရက်၊ မွန်းလွဲ(၁၆၃၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။