8168

မွန်ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိူးများအရေးဆိုင်ရာ ကော်မတီ အစည်းအဝေးကျင်းပပြုလုပ်ခြင်း

(၉-၇-၂၀၂၆)ရက်၊(ကြာသပတေးနေ့)၊  မွန်းလွဲ(၁၃း၀၀)နာရီအချိန်တွင် မွန်ပြည်နယ် လွှတ်‌တော်ရုံး၊ ‌ဆွေးနွးပွဲခန်းမ၌ မွန်ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိူးများ အရေးဆိုင်ရာ ကော်မတီအစည်းအဝေး ကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးကို မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး၊ ကရင်တိုင်းရင်းသား ရေးရာဝန်ကြီး၊ ပအိုဝ့်တိုင်းရင်းသားရေးရာဝန်ကြီး၊  ကော်မတီဥက္ကဋ္ဌ အပါအဝင် ကော်မတီဝင် (၁၈)ဦးနှင့် ပြည်နယ်ပညာရေးမှူး၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနနှင့် တိုင်းရင်းသားအခွင့်အရေးကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနရှိ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် တက်ရောက်လာသူများမှ တိုင်းရင်းသားစာပေသင်ကြားချိန်တစ်ပြေးညီသတ် မှတ်ခြင်းနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးကို (၉-၇-၂၀၂၆)ရက်၊ မွန်းလွဲ(၁၅း၀၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။