8219

မွန်ပြည်နယ်လွှတ်တော် တိုင်ကြားစာ၊ အသနားခံစာ၊ တင်ပြစာနှင့်အထွေထွေကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မတီ အစည်းအဝေးကျင်းပပြုလုပ်ခြင်း

(၃၀-၇-၂၀၂၆)ရက်၊(ကြာသပတေးနေ့)၊  နံနက်(၁၀း၀၀)နာရီအချိန်တွင်မွန်ပြည်နယ်လွှတ်‌တော်ရုံး၊ ရေးရာကော်မတီအစည်းအဝေးခန်း၌ မွန်ပြည်နယ်လွှတ်တော် တိုင်ကြားစာ၊ အသနားခံစာ၊ တင်ပြစာနှင့် အထွေ ထွေကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မတီအစည်းအဝေးကို ကျင်းပပြုလုပ်ပါသည်။ အစည်း အဝေးကို မွန်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ကော်မတီဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်များတက်ရောက် ခဲ့ပါသည်။

အစည်းအဝေးတွင် တက်ရောက်လာသူများမှ မွန်ပြည်နယ်လွှတ်တော်သို့ တင်ပြတိုင်ကြားလာ သည့်  မော်လမြိုင်မြို့နယ်၊ ကျိုက်ထိုမြို့နယ်၊ သံဖြုဇရပ်မြို့နယ်၊ ရေးမြို့နယ်၊သထုံမြို့နယ်နှင့် ဘီးလင်း မြို့နယ်ရှိ တင်ပြတိုင်ကြားအပေါ်ဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးကို (၃၀-၇-၂၀၂၆)ရက်၊ မွန်းလွဲ(၁၃း၀၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။