မွန်ပြည်နယ်လွှတ်တော် ပြည်နယ်အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီအစည်းအဝေးကျင်းပပြုလုပ်ခြင်း
(၄-၉-၂၀၂၆)ရက်၊(သောကြာနေ့)၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဆွေးနွေးပွဲခန်းမ၌ မွန်ပြည်နယ်လွှတ်တော် ပြည်နယ်အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးကို မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌနှင့် ရေးရာကော်မတီဝင် (၁၁)ဦးတို့ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် တက်ရောက်လာသူများမှ တတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် တတိယပုံမှန် အစည်းအဝေးတွင် မေးမြန်းခဲ့သည့် ကြယ်ပွင့်ပြမေးခွန်းများ၊ ကြယ်ပွင့်မပြမေးခွန်းများ၊ ဆက်စပ်မေးခွန်း များနှင့် စပ်လျဉ်း၍ ကတိဝင်ခြင်း၊ မဝင်ခြင်းအား ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးကို (၄-၉-၂၀၂၆)ရက်၊ နံနက် (၁၂း၃၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။


