မွန်ပြည်နယ်လွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီအစည်းအဝေးကျင်းပပြုလုပ်ခြင်း
(၂၉-၆-၂၀၂၆)ရက်၊(တနင်္လာနေ့)၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဆွေးနွေးပွဲခန်းမ၌ ဥပဒေပြုရေးဆိုင်ရာကော်မတီအစည်းအဝေးကို ကျင်းပပြုလုပ်ပါသည်။ အစည်းအဝေး ကို မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ဥပဒေပြုရေးဆိုင်ရာ ကော်မတီအပါအဝင် ၊ကော်မတီ ဝင်(၈)ဦးတို့ တက်ရောက်ခဲ့ ပါသည်။
အစည်းအဝေးတွင် တက်ရောက်လာသူများမှ ၂၀၁၉ခုနှစ်၊ မွန်ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေများကို ပြင်ဆင်၊ ဖြည့်စွက်နိုင်ရန် ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးကို (၂၉-၆-၂၀၂၆)ရက်၊ နေ့လည်(၁၂း၄၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။


