8410

၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်၊ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ (လျာထားချက်)နှင့် စပ်လျဉ်း၍ ဌာနဆိုင်ရာ(၃)ခုအား တွေ့ဆုံဆွေးနွေးခြင်း (၁၄-၉-၂၀၂၆)ရက်၊(တနင်္လာနေ့)၊ နံနက်(၁၀း၀၀)နာရီအချိန်တွင်

(၁၄-၉-၂၀၂၆)ရက်၊(တနင်္လာနေ့)၊  နံနက်(၁၀း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်‌တော်ရုံး၊ ‌ဆွေးနွေးပွဲခန်းမ၌ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ(၃)ဌာနအား လုပ်ငန်းဆိုင်ရာကိစ္စရပ်များ တွေ့ဆုံဆွေးနွေးရှင်းလင်းခြင်းပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ မွန်ပြည်နယ်  လွှတ်တာ်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်နယ်လွှတ်တာ်ပြည်သူ့ ငွေစာရင်းစိစစ်‌ရေး၊ ဘဏ္ဍာရေးစီမံကိန်းနှင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များ လေ့လာသုံး သပ်ရေး ကော်မတီ အဖွဲ့ဝင်များ ၊ ပြည်နယ်အဆင့်ဌာနများဖြစ်သည့် ပြည်နယ်လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ပြည်နယ်ကျေးလက်‌ ဒေသဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ပြည်နယ်လမ်းဦးစီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

အစည်းအေဝးတွင် ပြည်နယ်လွှတ်တာ်ပြည်သူ့ ငွေစာရင်းစိစစ်‌ရေး၊ ဘဏ္ဍာရေးစီမံကိန်းနှင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မတီဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊  ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်၊ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ (လျာထားချက်)နှင့် စပ်လျဉ်း၍ ဌာနရှိ တာဝန်ရှိသူများရှင်း လင်းတင်ပြခဲ့ပြီးနောက် တက်ရောက်လာသော ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် များနှင့် ပြည်နယ်လွှတ်တော်ပြည်သူ့ငွေစာရင်းစိစစ်‌ရေး၊ ဘဏ္ဍာရေးစီမံကိန်းနှင့် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မတီအဖွဲ့ဝင်များမှ ဌာနများ၏ လုပ်ငန်းဆိုင်ရာ ကိစ္စရပ် များအပေါ် ဆွေးနွေးမေးမြန်းခဲ့ကြပြီး ဌာနများမှ ပြန်လည်ရှင်းလင်းဖြေကြားကာ ပြည်နယ်လွှတ်တာ်ပြည်သူ့ ငွေစာရင်းစိစစ်‌ရေး၊ ဘဏ္ဍာရေး စီမံကိန်းနှင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီ အတွင်းရေးမှူးမှ နိဂုံးချုပ်စကား ပြောကြားကာ အစည်းအဝေးကို   (၁၃၀၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။