8075

တတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(ပထမနေ့) ကျင်းပပြုလုပ်ခြင်း

၁။         တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (ပထမနေ့)ကို(၉-၆-၂ဝ၂၆)ရက်၊ အင်္ဂါနေ့၊ နံနက်(၁ဝ:ဝဝ)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံး၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ပါသည်။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ်(၃၁)ဦး အနက် (၂၉)ဦး တက်ရောက်ပါသည်။

၂။        အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ်(၃၁)ဦးအနက် (၂၉)ဦး တက်ရောက်မှုအခြေအနေကို မှတ်တမ်းတင်ခြင်း၊ အစည်းအဝေးတွင်မေးခွန်း(၅)ခု မေးမြန်းခြင်းနှင့် ဖြေကြားခြင်း၊ ဘီးလင်းမြို့နယ်၊ ကိုယ်စားလှယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်ရီမှ “အတွဲလိုက် Sound Box များဖွင့်လှစ်၍ ဆူညံသံများဖြင့် နိုင်ငံသားများ၏ ကျန်းမာရေးကို ထိခိုက်အနှောင့်အယှက်ဖြစ်နေခြင်းအား ထိရောက်စွာ အရေးယူတားဆီးပိတ်ပင်ရေးအဆို” တင်သွင်းပြီး ကျိုက်မရောမြို့နယ်၊ ကိုယ်စားလှယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇော်မှ အဆိုအား လွှတ်တော်တွင် လက်ခံဆွေးနွေးသင့်ကြောင်း ထောက်ခံဆွေးနွေးခြင်း၊ ပေါင်မြို့နယ်၊ ကိုယ်စားလှယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစံတင်မှ “အခြေခံ ပညာကျောင်းများတွင် အခြေခံပညာမူလတန်းအဆင့်၌ သင်ကြားနေသော တိုင်းရင်းသားစာပေကို Grade-4 ၊ Grade-5 အထိ တိုးမြှင့်သင်ကြားသင့်ကြောင်းအဆို” တင်သွင်းပြီး ဘီးလင်းမြို့နယ်၊ ကိုယ်စားလှယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျာမင်းမှ အဆိုအား လွှတ်တော်တွင် လက်ခံဆွေးနွေးသင့်ကြောင်း ထောက်ခံဆွေးနွေးခြင်း၊ လွှတ်တော်ကိုယ်စားလှယ် များ၏ထောက်ခံချက်များအရ အဆိုများကို လွှတ်တော်တွင် လက်ခံဆွေးနွေးမည်ဖြစ်သဖြင့် ယင်းအဆိုများနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များသည် ယနေ့ညနေ(၄)နာရီ နောက်ဆုံးထားပြီး ပြည်နယ်လွှတ်တော်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ထံတွင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်း၊ လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်အစားထိုးပြောင်းလဲဖွဲ့စည်းခြင်းကိစ္စ၊  ဥပဒေပြုရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်အစားထိုးပြင်ဆင်ဖွဲ့စည်းခြင်းကိစ္စနှင့် ပြည်သူ့ငွေစာရင်းစိစစ်ရေး၊ ဘဏ္ဍာရေး စီမံကိန်းနှင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ အစားထိုးပြင်ဆင်ဖွဲ့စည်းခြင်းကိစ္စတို့အား ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ လွှတ်တော်သို့ တင်ပြခြင်းနှင့် လွှတ်တော်မှအတည်ပြုကြောင်း ကြေညာခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

၃။         တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (ပထမနေ့)တွင် အစည်းအဝေးတက်ရောက်မှုအခြေအနေကို မှတ်တမ်းတင်ခြင်း၊ မေးခွန်း(၅)ခု မေးမြန်းဖြေကြားခြင်း၊ အဆို(၂)ခုတင်သွင်းခြင်း၊ လွှတ်တော်ကော်မတီ(၁)ခု အစားထိုးပြောင်းလဲဖွဲ့စည်းခြင်းကိစ္စနှင့် လွှတ်တော်ကော်မတီ(၂)ခု အစားထိုးပြင်ဆင်ဖွဲ့စည်းခြင်းကိစ္စတို့အား တင်ပြခြင်းနှင့်အတည်ပြုခြင်း တို့ကို ဆောင်ရွက်ခဲ့ပါသည်။

၄။            တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(ပထမနေ့)သို့ ဖိတ်ကြား၍ တက်ရောက်သူ(၇)ဦးရှိခဲ့ပြီး တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (ပထမနေ့)ကို  (၁၁:၂၄)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။