တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၂၆) ကျင်းပပြုလုပ်ခြင်း
မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဆွေးနွေးပွဲခန်းမ၌ ကျင်းပပြုလုပ်သော တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၄/၂၀၂၆) သို့ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော် ကိုယ်စားလှယ်(၁၇)ဦးတက်ရောက်ခဲ့ပြီး အစည်းအဝေးတွင် လွှတ်တော်ကော်မတီ(၆)ခု၏ လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများ၊ မွန်ပြည်နယ်လွှတ်တော်သို့ တိုင်ကြားလာသော တိုင်ကြားစာအမှုတွဲ ကိစ္စရပ်များနှင့် တတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးတွင် တင်သွင်း/ မေးမြန်းခဲ့သော အဆို/မေးခွန်းများနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးတွင် လွှတ်တော်ဥက္ကဋ္ဌမှ တိုင်ကြားစာများနှင့်ပတ်သက်ပြီး အများပြည်သူနှင့် သက်ဆိုင်သည့်ကိစ္စရပ်များကို ဦးစားပေးဖြေရှင်းဆောင်ရွက်ပြီး နှစ်ဦးနှစ်ဖက်အဆင်ပြေစေရေး ညှိနှိုင်း ကူညီဆောင်ရွက်ပေးကြရန်နှင့် နောက်လာမည့်တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် တတိယပုံမှန် အစည်းအဝေးတွင် အဆို/မေးခွန်းများ တင်သွင်းမေးမြန်းနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြရန် ဆွေးနွေးပြောကြားခဲ့ပြီး အစည်းအဝေးကို (၁၂း၂၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။


