8488

တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (စတုတ္ထနေ့) ကျင်းပပြုလုပ်ခြင်း

၁။      တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (စတုတ္ထနေ့)ကို(၇-၁၀-၂ဝ၂၆)ရက်၊ ဗုဒ္ဓဟူးနေ့၊ နံနက်(၁ဝ:ဝဝ)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံး၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ပါသည်။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ်(၃၁)ဦး အနက် (၂၉)ဦး တက်ရောက်ပါသည်။

၂။      အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ်(၃၁)ဦးအနက် (၂၉)ဦး တက်ရောက်မှုအခြေအနေကို မှတ်တမ်းတင်ခြင်း၊ အစည်းအဝေးတွင် မေးခွန်း(၄)ခု မေးမြန်းခြင်းနှင့် ဖြေကြားခြင်း၊ အစည်းအဝေး(ပထမနေ့)တွင် တင်သွင်းခဲ့သော ၂ဝ၂၇-၂ဝ၂၈ ဘဏ္ဍာရေးနှစ်၊ မွန်ပြည်နယ်၏ အရအသုံးခန့်မှန်းခြေငွေစာရင်း (လျာထားချက်)နှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်း စိစစ်ရေး၊ ဘဏ္ဍာရေးစီမံကိန်းနှင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီ၏ ငွေကြေးဆိုင်ရာအစီရင်ခံစာနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် ပြည်နယ် အစိုးရအဖွဲ့၊ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး နိုင်လယိတမ(ခ)နိုင်ခင်မောင်ဇင်မှ ပြန်လည်ရှင်းလင်းဆွေးနွေးခြင်းနှင့် အဆိုပါလျာထားချက်အား အတည်ပြုရန်အတွက် လွှတ်တော်၏ သဘောထားမေးမြန်းရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အားလုံးမှ သဘောတူသည့်အတွက် ၂၀၁၉ ခုနှစ်၊ မွန်ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၅၀ အရ လွှတ်တော်တွင် ဆွေးနွေးခဲ့သည့် ဆွေး‌‌နွေးအကြံပြုချက်များနှင့်အတူ လွှတ်တော်မှအတည်ပြုကြောင်း ကြေညာခြင်းတို့ကို ဆောင်ရွက် ခဲ့ပါသည်။

၃။        ဆက်လက်ပြီး လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးကော်မတီအား ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များစိစစ်ရေးနှင့် လွှတ်တော်အခွင့်အရေးဆိုင်ရာကော်မတီအဖြစ် အမည်ပြောင်းလဲခြင်း နှင့် အဖွဲ့ဝင်ဦးရေပြင်ဆင်ဖွဲ့စည်းခြင်းကိစ္စအား ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ လွှတ်တော်သို့တင်ပြခြင်း၊
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးနှင့် လွှတ်တော်အခွင့်အရေးဆိုင်ရာကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းသတ်မှတ်ခြင်းတို့နှင့်စပ်လျဉ်း၍  ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌမှ လွှတ်တော်သို့ရှင်းလင်းတင်ပြခြင်း၊ အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များမှ ဆွေးနွေးရန်မရှိသဖြင့် လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးကော်မတီအား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးနှင့် လွှတ်တော်အခွင့်အရေးဆိုင်ရာကော်မတီအဖြစ် အမည်ပြောင်းလဲခြင်း၊ အဖွဲ့ဝင်ဦးရေအား စုစုပေါင်း(၇)ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းခြင်းနှင့် ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းတို့အား လွှတ်တော်မှအတည်ပြုကြောင်း ကြေညာခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

၄။      တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး (စတုတ္ထနေ့)တွင် အစည်းအဝေးတက်ရောက်မှုအခြေအနေကို မှတ်တမ်းတင်ခြင်း၊ မေးခွန်း(၄)ခုမေးမြန်းဖြေကြားခြင်း၊ ၂ဝ၂၇-၂ဝ၂၈ ဘဏ္ဍာရေးနှစ်၊ မွန်ပြည်နယ်၏ အရအသုံးခန့်မှန်းခြေငွေစာရင်း (လျာထားချက်)အား အတည်ပြုခြင်း၊ လွှတ်တော်ကော်မတီ(၁)ခု အမည်ပြောင်းလဲပြင်ဆင်ဖွဲ့စည်းခြင်းတို့ကို ဆောင်ရွက် ခဲ့ပါသည်။

၅။      တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (စတုတ္ထနေ့)သို့ ဖိတ်ကြား၍ တက်ရောက်သူ(၈)ဦး၊ လေ့လာသူ(၁)ဦးရှိခဲ့ပြီး အစည်းအဝေးကို (၁၁:၁၄)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။