တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး(၁/၂၀၂၆) ကျင်းပရေးလုပ်ငန်းကော်မတီများ၏ အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခြင်း
(၂၉-၁၀-၂၀၂၆)ရက် (ကြာသပတေးနေ့)၊ နံနက်(၁ဝး၀ဝ)နာရီအချိန်တွင် မွန်ပြည်နယ် လွှတ်တော်ရုံး၊ ဆွေးနွေးပွဲခန်းမ၌ တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၂၆)ကျင်းပရေးလုပ်ငန်းကော်မတီများ၏ အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ် ပါသည်။ အစည်းအဝေးသို့ ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌဖြစ်သူ မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ၊ ကျင်းပရေးဦးစီးကော်မတီဝင်နှင့် လုပ်ငန်းကော်မတီဝင်များဖြစ်သည့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။
အစည်းအဝေးတွင် ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌမှ တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး(၁/၂၀၂၆)ကို (၃၀-၁၀-၂၀၂၆)ရက် (သောကြာနေ့)တွင် စတင်ကျင်းပ
ပြုလုပ်မည်ဖြစ်သဖြင့် အစည်းအဝေးအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းကော်မတီအလိုက် ဆောင်ရွက်ရမည့်လုပ်ငန်းများကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြရန် လိုအပ်ပြီး ကြိုတင်ပြင်ဆင် ခဲ့သည်များကို တင်ပြပေးကြရန်နှင့် လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း၍ ဆောင်ရွက်ပေးကြရန် ပြောကြားလိုကြောင်း အဖွင့်အမှာစကားပြောကြားပါသည်။
ထို့နောက် ကျင်းပရေးဦးစီးကော်မတီဝင်များနှင့် လုပ်ငန်းကော်မတီဝင်များမှ အရေးပေါ် အစည်းအဝေး(၁/၂၀၂၆) အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် စီမံ ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြချက်များအပေါ် ကျင်းပရေးဦးစီး ကော်မတီဥက္ကဋ္ဌမှ လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးကာ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို နံနက်(၁၀း၂၅)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။


