8261

တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး (ဒုတိယနေ့) ကျင်းပပြုလုပ်ခြင်း

၁။         တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး (ဒုတိယနေ့)ကို(၁၁-၈-၂ဝ၂၆)ရက်၊ အင်္ဂါနေ့၊ နံနက်(၁ဝ:ဝဝ)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံး၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ပါသည်။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ် (၃၁)ဦးအနက် (၃၀)ဦး တက်ရောက်ပါသည်။

၂။       အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ်(၃၁)ဦးအနက် (၃၀)ဦးတက်ရောက်မှု အခြေအနေကို မှတ်တမ်းတင်ခြင်း၊ အစည်းအဝေးတွင် မေးခွန်း(၁၀)ခု မေးမြန်းခြင်းနှင့်ဖြေကြားခြင်း၊ ဥပဒေပြုရေးဆိုင်ရာကော်မတီပြင်ဆင်ဖွဲ့စည်းခြင်းကိစ္စ၊ တိုင်ကြားစာ၊ အသနားခံစာ၊ တင်ပြစာနှင့် အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီ ပြင်ဆင်ဖွဲ့စည်းခြင်းကိစ္စတို့အား ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌမှ လွှတ်တော်သို့ တင်ပြခြင်းနှင့် လွှတ်တော်မှအတည်ပြုကြောင်းကြေညာခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

၃။      တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး (ဒုတိယနေ့)တွင် အစည်းအဝေးတက်ရောက်မှုအခြေအနေကို မှတ်တမ်းတင်ခြင်း၊ မေးခွန်း(၁၀)ခု မေးမြန်း ဖြေကြားခြင်း၊ လွှတ်တော်ကော်မတီ(၂)ခု ပြင်ဆင်ဖွဲ့စည်းခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

 

၄။      တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး (ဒုတိယနေ့)သို့ဖိတ်ကြား၍ တက်ရောက်သူ(၈)ဦး၊ လေ့လာသူ(၁)ဦး ရှိခဲ့ပြီး အစည်းအဝေးကို(၁၁:၃၉)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။