8270

တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး (တတိယနေ့) ကျင်းပပြုလုပ်ခြင်း

၁။      တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး (တတိယနေ့)ကို(၁၂-၈-၂ဝ၂၆)ရက်၊ ဗုဒ္ဓဟူးနေ့၊ နံနက်(၁ဝ:ဝဝ)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံး၊အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ပါသည်။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ်(၃၁)ဦး အနက် (၃၀)ဦး တက်ရောက်ပါသည်။

၂။       အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ်(၃၁)ဦးအနက် (၃၀)ဦး တက်ရောက်မှုအခြေအနေကို မှတ်တမ်းတင်ခြင်း၊ အစည်းအဝေးတွင် မေးခွန်း(၆)ခု မေးမြန်းခြင်းနှင့် ဖြေကြားခြင်း၊ လွှတ်တော်ရေးရာကော်မတီများ အထောက်အကူပြုအကြံပေးကော်မတီတွင် ပါဝင်သင့်သည့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ၏အမည်စာရင်း၊ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူး တို့၏အမည်စာရင်းအား ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ လွှတ်တော်သို့တင်ပြခြင်း၊  ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းသတ်မှတ်ခြင်းတို့နှင့်စပ်လျဉ်း၍ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌမှ လွှတ်တော်သို့ ရှင်းလင်းတင်ပြခြင်းနှင့် အဖွဲ့ဝင်များ၏ ကိုယ်ရေးအချက်အလက် အကျဉ်းအား ဖြန့်ဝေခြင်း၊ အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ် များရှိပါက ဆွေးနွေးနိုင်ကြောင်း (၃)ကြိမ်ဖိတ်ခေါ်ခဲ့ရာမှာ ဆွေးနွေးရန်မရှိကြသည့်အတွက် လွှတ်တော် ရေးရာကော်မတီများ အထောက်အကူပြုအကြံပေးကော်မတီတွင် ပါဝင်သည့် အဖွဲ့ဝင်(၉)ဦး၏ အမည်စာရင်း၊ ကော်မတီဥက္ကဋ္ဌ(၁)ဦးနှင့် အတွင်းရေးမှူး(၁)ဦးတို့၏ အမည်စာရင်းတို့ကို လွှတ်‌တော်မှ သဘောတူဆုံးဖြတ်ကြောင်းနှင့် လွှတ်တော်ရေးရာကော်မတီများ အထောက်အကူပြုအကြံပေး ကော်မတီအား စုစုပေါင်း(၁၁)ဦးဖြင့် ဖွဲ့စည်းခြင်းကို လွှတ်တော်မှအတည်ပြုကြောင်း ကြေညာခြင်း တို့ကို ဆောင်ရွက်ခဲ့ပါသည်။

၃။      ဆက်လက်ပြီး အစည်းအဝေး(ပထမနေ့)တွင် တင်သွင်းခဲ့သော  ၂ဝ၂၆-၂ဝ၂၇ ဘဏ္ဍာရေးနှစ်၊ မွန်ပြည်နယ် ဖြည့်စွက်ခွင့်ပြုငွေတောင်းခံမှုစာရင်းနှင့် ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းများနှင့်စပ်လျဉ်း၍ အမည်စာရင်းတင်သွင်းထားသော သံဖြူဇရပ်မြို့နယ်၊ ကိုယ်စားလှယ်အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစိုးမိုးအောင်နှင့်  ကျိုက်မရောမြို့နယ်၊ ကိုယ်စားလှယ်အမှတ်(၂) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇော်တို့မှ ဆွေးနွေးခြင်း၊ ပြည်နယ်အစိုးရအဖွဲ့၊ စီမံကိန်း၊ စီးပွားရေး နှင့်ဘဏ္ဍာရေးဝန်ကြီး နိုင်လယိတမ(ခ)နိုင်ခင်မောင်ဇင်မှ ပြန်လည်ရှင်းလင်းဆွေးနွေးခြင်းနှင့် ပြည်နယ် လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၅၀ အရ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးအကြံပြုချက် များနှင့်အတူ ပြည်နယ်လွှတ်တော်မှ အတည်ပြုကြောင်းကြေညာခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

၄။      တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး (တတိယနေ့)တွင် အစည်းအဝေးတက်ရောက်မှုအခြေအနေကို မှတ်တမ်းတင်ခြင်း၊ မေးခွန်း(၆)ခု မေးမြန်းဖြေကြားခြင်း၊ လွှတ်တော်ရေးရာကော်မတီများ အထောက်အကူပြုအကြံပေးကော်မတီဖွဲ့စည်းခြင်းနှင့် ၂ဝ၂၆-၂ဝ၂၇ ဘဏ္ဍာရေးနှစ်၊ မွန်ပြည်နယ် ဖြည့်စွက်ခွင့်ပြုငွေတောင်းခံမှုစာရင်းနှင့် ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်း များအား အတည်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

၅။      တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး (တတိယနေ့)သို့ ဖိတ်ကြား၍ တက်ရောက်သူ(၈)ဦး၊ လေ့လာသူ(၁)ဦးရှိခဲ့ပြီး အစည်းအဝေးကို (၁၂:၀၇)နာရီ အချိန်တွင် ရပ်နားခဲ့ပါသည်။