8443

တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးကျင်းပရေး လုပ်ငန်းကော်မတီများ၏ အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခြင်း

(၂၂-၉-၂၀၂၆)ရက် (အင်္ဂါနေ့)၊ နံနက် (၁ဝး၀ဝ)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဆွေးနွေးပွဲခန်းမ၌ တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးကျင်းပရေး လုပ်ငန်းကော်မတီများ၏ အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုကျင်းပပြုလုပ်ပါသည်။ အစည်းအဝေးသို့ ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌဖြစ်သူ မွန်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့် ကျင်းပရေးဦးစီး ကော်မတီဝင်၊ လုပ်ငန်းကော်မတီဝင်များဖြစ်သည့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

အစည်းအဝေးတွင် ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌမှ တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် စတုတ္တပုံမှန်အစည်းအဝေးကို (၂၉-၉-၂၀၂၆)ရက် (အင်္ဂါနေ့)တွင် စတင်ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း၊ ပြီးခဲ့သည့် လွှတ်တော်ပုံမှန်အစည်းအဝေးများကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပြီးဖြစ်၍ ယခု စတုတ္ထပုံမှန်အစည်းအဝေးအောင်မြင်စွာ ကျင်းပနိုင်‌ရေးအတွက် လုပ်ငန်းကော်မတီအလိုက် ဆောင်ရွက် ရမည့်လုပ်ငန်းများကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန်နှင့် လုပ်ငန်းလိုအပ်ချက်များအပေါ်အချင်းချင်း ပေါင်းစပ်ညှိနှိုင်း၍ဆောင်ရွက်ပေးကြရန် ပြောကြားလိုကြောင်း အဖွင့်အမှာစကားပြောကြားပါသည်။

ထို့နောက် ကျင်းပရေးဦးစီးကော်မတီဝင်များနှင့် လုပ်ငန်းကော်မတီဝင်များမှ စတုတ္ထပုံမှန် အစည်းအဝေးများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် စီမံ‌ဆောင်ရွက်ထား ရှိမှုအခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြချက်များအပေါ် ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌမှ လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးကာ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို နံနက်(၁၀း၄၀) နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။