ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး(အဋ္ဌမနေ့)တွင် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၏နှုတ်ခွန်းဆက်အမှာစကား
ဒီနေ့နောက်ဆုံးနေ့မှာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၃၁)ဦးကိုကျွန်မအနေနဲ့ နှုတ်ဆက်စကားပြောချင်ပါတယ် မွန်ပြည်နယ်လွှတ်တော်ဆိုတာ အရွေးချယ်ခံကိုယ်စားလှယ်(၃၁)ဦးနှင့်ဖွဲ့စည်းထားလို့ ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ပေါ်ပေါက်လာကြောင်း၊ ဒီ(၃၁)ဦးမှာမှ အစိုးရတာဝန်ယူသောအုပ်ချုပ်ရေးမဏ္ဍိုင်ကိုပြောင်းပြီးတော့ တာဝန်ထမ်းဆောင်နေရ တာရှိပါကြောင်း၊ တပ်မတော်သားကိုယ်စားလှယ်အပါအဝင် မွန်ပြည်နယ်လွှတ်တော်တွင် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌအပါအဝင် ကိုယ်စားလှယ်(၂၁)ဦးရှိကြောင်း၊ လွှတ်တော်စုံညီအစည်းအဝေး ဒီကနေ့လိုမျိုးအစည်းအဝေးခေါ်ခြင်းသည် အချိန်ကုန် လူပင်ပန်းပြီး့ ဘတ်ဂျက်လည်းကုန်ကြောင်း၊ ကိုယ်စားလှယ်အားလုံးသည်မြေပြင်ကွင်းဆင်းခြင်း၊ ပြည်သူနှင့်ထိတွေ့ခြင်း၊ ပြည်သူ့အသံနားထောင်ခြင်း၊ အစိုးရ၏ဒေသန္တရစီမံကိန်းကို စောင့်ကြည့်ခြင်းနှင့် (Oversight)လုပ်ခြင်းဖြင့်ရရှိလာတဲ့ မေးခွန်း များ၊ အဆိုများဖြစ်ပါကြောင်း၊ကိုယ်စားလှယ်တွေရဲ့တာဝန်(၃)ရပ်ဖြစ်သောဥပဒေပြုခြင်း၊ ပြည်သူ့အသံနားထောင်ခြင်း၊အစိုးရ ၏လုပ်ငန်းများကိုစောင့်ကြည့်လေ့လာခြင်း (Oversight)လုပ်ခြင်းဖြင့် လွှတ်တော်ကိုယ်စားလှယ်တွေ၏ တာဝန်ကြီး(၃)ရပ် မှရရှိလာတဲ့ ဒီမေးခွန်း၊ အဆိုများကို လွှတ်တော်ကိုယ်စားလှယ်တွေမေးမြန်းရခြင်းသည် ပြည်သူကိုအကျိုးပြုဖို့၊ ပြည်နယ် ဖွံ့ဖြိုးဖို့မေးမြန်းရခြင်းဖြစ်ပါကြောင်း၊ မိမိတို့လွှတ်တော်ရုံးမှာလည်း ဥက္ကဋ္ဌတွေ၊ ဒုဥက္ကဋ္ဌတွေစသည့် အရွေးချယ်ခံတွေသည် အရပ်သားများဖြစ်ပါကြောင်း၊ လွှတ်တော်အဖွဲ့အစည်းကို (Service)လုပ်ပေးဖို့သည်ပြည်သူများဖြစ်သော ပြည်သူ့ဝန်ထမ်း များဖြစ်ပါကြောင်း၊ ဒါအမြဲမိမိခံယူထားပါကြောင်း၊ ထို့အတူအုပ်ချုပ်ရေးမဏ္ဍိုင်ဖြစ်သောအစိုးရအဖွဲ့ကို အလုပ်လုပ် ပေးဖို့သည် နိုင်ငံ့ဝန်ထမ်းတွေဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမှာဖြစ်ကြောင်း၊ မိမိတို့ခြေလက်တွေက နိုင်ငံ့ဝန်ထမ်းဘဲ နိုင်ငံ့ဝန်ထမ်းဆိုတာအရပ်သားမဟုတ်ပါဘူး၊ တကယ့်သင်တန်းတွေအဆင့်ဆင့်တက်ထားသည့် သင်ကြား ခြင်းနှင့်ခံယူတယ်၊ ပြီးမှလုပ်ငန်းခွင်ထဲသို့ဝင်ခြင်းဖြစ်ကြောင်း၊ ပြည်သူတွေအတွက် ဂုဏ်ယူစရာကောင်းသောပြည်သူများ ဖြစ်သည့် ပြည်သူ့ဝန်ထမ်းလို့မိမိခံယူထားပါကြောင်း၊ ထို့ကြောင့်လွှတ်တော်ဆိုသော ဥပဒေပြုရေးမဏ္ဍိုင်၊ အစိုးရဆိုသော အုပ်ချုပ်ရေးမဏ္ဍိုင်၊ လုပ်ငန်းလည်ပတ်ဖို့အဓိကဆောင်ရွက်ရမှာက ပြည်သူများဖြစ်သောပြည်သူ့ဝန်ထမ်းများဖြစ်ပါကြောင်း၊ ဝန်ထမ်းကောင်းဖို့အများကြီး လိုအပ်ပါကြောင်း၊ ယနေ့နိုင်ငံတော်အနေနဲ့ကလည်း ပြည်သူ့ဝန်ထမ်းတွေရဲ့သက်သာမှု၊ ပြည်သူ့ဝန်ထမ်းများပင်စင်ယူနေထိုင်ဖို့ နိုင်ငံတော်အစိုးရကစီစဉ်နေပါကြောင်း၊ မိမိတို့နိုင်ငံတော် စီးပွားရေးအခြေအနေကို အားလုံးသိကြောင်း၊ နိုင်ငံကဆင်းရဲတဲ့နိုင်ငံဖြစ်ပါကြောင်း၊ ဒီကနေ့ဆောင်ရွက်တဲ့ မွန်ပြည်နယ်အစိုးရ၏ အစီရင်ခံစာကို နားထောင်ကြောင်း၊ ဖတ်လည်းဖတ်ခဲ့ပါကြောင်း၊ မိမိအနေဖြင့်တော်တော်စိတ်ဆင်းရဲတယ်၊ မိမိတို့ကိုယ်စားလှယ်တွေ ဆွေးနွေးလေ အစိုးရအဖွဲ့ကို မျက်နှာပူလေ၊အားလည်းနာပါတယ်၊ အဲ့ဒါဘာကြောင့်လဲအစိုးရဆိုသော အုပ်ချုပ်ရေးမဏ္ဍိုင် တွေကိုခြေလက်ဖြစ်တဲ့ ဝန်ထမ်းတွေ၏အားနည်းမှု၊ ဝန်ထမ်းတွေ၏စိတ်ထားမပြောင်းလဲမှုနှင့်ဝန်ထမ်းတွေကိုအုပ်ချုပ်စီမံရမည့် အုပ်ချုပ်ရေးမဏ္ဍိုင်ဖြစ်သည့် အစိုးရဝန်ကြီးများသည် အခြေခံဥပဒေပုဒ်မ(၂၅၆)ကို တိတိကျကျလိုက်နာဖို့လိုအပ်ပါတယ်လို့ လွှတ်တော်ကနေ ပြောကြားပါကြောင်း၊ ဘာကြောင့်လဲဆိုရင် “ပြောမှလုပ်မှာလား၊ ကိုယ့်တာဝန်ထမ်းဆောင်တဲ့ အလုပ်ကို တာဝန်ကျေပွန်စွာလုပ်မလား၊ နိုင်ငံ့ဝန်ထမ်းဆိုတာ စည်းမျဉ်းစည်းကမ်း၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေရှိကြောင်း” နိုင်ငံ့ ဝန်ထမ်းဆိုရင်အောက်ခြေမှအစ မွန်ပြည်နယ်လွှတ်တော်မှာသန့်ရှင်းရေးကနေဒုတိယညွှန်ကြားရေးမှူးချုပ်အထိ နိုင်ငံ့ဝန်ထမ်း တွေဖြစ်လာပြီဆိုရင် သူတို့တာဝန်သူတို့ထမ်းဆောင်ရမည်ဖြစ်ကြောင်း၊ စည်းမျဉ်းစည်းကမ်း၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ ကိုသိကိုသိရမှာဖြစ်ကြောင်း၊မိမိတို့အရပ်သားတွေဆိုတာဥပဒေကိုလက်ကိုင်ထားနေရကြောင်း၊ ကိုယ်စားလှယ်တွေဆွေးနွေး တဲ့ အစိုးရ၏(၆)လပတ်အစီရင်ခံစာကို နားထောင်ခြင်းအားဖြင့် မွန်ပြည်နယ်မှာတရားဥပဒေစိုးမိုးရေးလည်းမရှိဘူး၊ မိမိတို့နိုင်ငံ တစ်ဝန်း အမျိုးသားရေးတစ်ရပ်အနေနဲ့ တိုက်ဖျက်နေတဲ့မူးယစ်ဆေးဝါး၊ အရက်သေစာတို့ဟာ အနီးစပ်ဆုံးအဖြူအစိမ်းရှိတဲ့ ကျောင်းဝတ်စုံ ပတ်ဝန်းကျင်မှာရှိနေကတည်းကမိမိအနေဖြင့်စိတ်ဆင်းရဲပါတယ်၊ မိမိတို့အမြန်ဆုံးဆောင်ရွက်ရမှာဖြစ်ကြောင်း၊ နောင်အနာဂတ်မှာ နိုင်ငံကိုဦးဆောင်မည့်ကလေးတွေရှိသည့်ပတ်ဝန်းကျင်မှာဒီလိုမူးယစ်ဆေးဝါး၊ အရက်သေစာရောင်းချ ခြင်း၊ ထန်းရည်၊ ဓနိရည်စသည်တို့မရှိအောင် လုပ်ထုံးလုပ်နည်းဥပဒေအရဆောင်ရွက်ရမှာက အုပ်ချုပ်ရေးတာဝန်ဖြစ် ကြောင်း၊ ဒါကြောင့်မို့ အုပ်ချုပ်ရေးအပိုင်းကကိုယ်စားလှယ်တွေလည်းအားလုံးရှိနေပါကြောင်း၊ ကြားကြတဲ့အတိုင်းပဲ တရား ဥပဒေစိုးမိုးမှုမရှိဘူး၊ အစိုးရ၏အစီရင်ခံစာကို နားထောင်ခြင်းဖြင့် ကျန်းမာရေးသည်အရေးကြီးပါကြောင်း၊ ရောဂါပေါင်းများစွာ ကိုဖြစ်ပေါ်စေသောအိမ်သာသည်အရေးကြီးကြောင်း၊ သောက်သုံးနေသောရေသန့်ရှင်းစွာရရှိရန်နှင့်ရေအလုံအလောက်ရရှိရန် အရေးကြီးပါကြောင်း၊ ယခုဆွေးနွေးမေးမြန်းသည့် ဒေါ်ကြည်ကြည်မြ မေးမြန်းသည့် သမဝါယမကိစ္စကို ဝန်ကြီးဦးထွန်းဌေး ဖြေကြားသည့်အဖြေကိုကြည့်ခြင်းအားဖြင့်စာလုံးပေါ်မှာပဲရှိပါတယ်၊ စာလုံးပေါ်မှာရှိမနေစေချင်ဘူး၊ စာလုံးမှာဖော်ပြထားသော ဥပဒေ၊နည်းဥပဒေအတိုင်းပြည်သူတွေကိုဆောင်ရွက်နေစေချင်ပါကြောင်း၊ အခုသမဝါယမရှိခြင်းအားဖြင့် ဆင်းရဲမွဲတေမှုတွေ လျော့ကျ မသွားဘူးဆိုတာလွှတ်တော်ကိုယ်စားလှယ်ဒေါက်တာခင်နိုင်ဦးမှဆွေးနွေးသွားပါကြောင်း၊ လွှတ်တော်အစည်းအဝေး လုပ်တယ်ဆိုတာအချိန်ကုန်လူပင်ပန်းပြီးဘတ်ဂျက်ကုန်ကြောင်း၊ ယခုပထမအကြိမ်မှ အဋ္ဌမအကြိမ်ထိရောက်ပြီး ကြားထဲမှာ အရေးပေါ်အစည်းအဝေး(၁)ကြိမ်နှင့် အထူးအစည်းအဝေး(၁)ကြိမ်ကျင်းပခဲ့ပြီးဖြစ်ကြောင်း၊ စုစုပေါင်းအစည်းအဝေး (၁၀) ကြိမ်ရှိပါကြောင်း၊ ထိုအစည်းအဝေးများထဲတွင် ကတိဝင်သောမေးခွန်း၊ အတည်ပြုသောအဆိုများကိုပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် ဆောင်ရွက်ခြင်းမှာအဘယ့်ကြောင့် နှောင့်နှေးနေသနည်းဟု စဉ်းစားစရာဖြစ်နေပါကြောင်း၊ အရေးကြီးသောနေ့ ဖြစ်သည့်အာဇာနည်နေ့ ငယ်ငယ်ကတည်းကမမေ့ဘူး၊ အာဇာနည်ကျောက်တိုင်နှင့်ပတ်သက်ပြီး ကျိုက်မရောမြို့နယ် ကတစ်နှစ်ကျော်နေပြီးဖြစ်ကြောင်း၊ ပြီးတော့သထုံမြို့နယ် ဒါကမဖြစ်သင့်ပါကြောင်း၊ အုပ်ချုပ်ရေးအပိုင်းမှ လုပ်ကိုလုပ်ရမှာ ဖြစ်ကြောင်း၊ လွှတ်တော်ကနေ ကတိဝင်တဲ့မေးခွန်း၊ အတည်ဖြစ်တဲ့အဆိုများကို အုပ်ချုပ်ရေးပိုင်းက ဥပဒေတစ်ရပ်လိုက်နာ သကဲ့သို့လိုက်နာရမှာဖြစ်ကြောင်း၊ ဒါကြောင့်မို့ ကိုယ်စားလှယ်များအားလုံးသည်လည်းကောင်း၊ အစိုးရအဖွဲ့၊ လွှတ်တော်တို့ ကိုအထောက်အကူပြုမည့် လုပ်ငန်းလည်ပတ်အောင်အလုပ်လုပ်ပေးမည့် ပြည်သူ့ဝန်ထမ်းအားလုံးသည်လည်းကောင်း၊ ဒီနေ့ ဒီအချိန်ကစပြီး အလုပ်တွင်စိတ်ဝင်စားပြီး ကိုယ့်လုပ်ငန်းကိုတိတိကျကျလုပ်ဆောင်ရန်နှင့် နိုင်ငံ့ဝန်ထမ်းကောင်းများ ဖြစ်အောင် တိုက်တွန်းကြောင်း၊ ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေးသည် (၁၀)ကြိမ်ရှိပြီး ကိုယ်စားလှယ်တွေ ပြည်သူ နဲ့တွေ့ဆုံသည့်အခါလည်း အကောင်အထည်မဖော်ရသေးကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ အဆိုတင်သွင်းခြင်း၊ အစီရင်ခံစာတင်သွင်းခြင်းသည် အလကားမဟုတ်ဘဲ ရင်းနှီးရကြောင်း၊ ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေးထိဆောင်ရွက်ထားသော အရေးတကြီးလိုအပ်နေသော ပြည်သူများအသက်ရှင်နေထိုင်ရန်၊ အလုပ်အကိုင် အခွင့်အလမ်းရရှိရန်နှင့် အဆင်ပြေချောမွေ့ရန် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်၊ ရေ၊ ဆည်မြောင်း၊ တာတမံ စသည်ဖြင့် တာဝန်ထမ်းဆောင်နေသောပြည်သူ့ဝန်ထမ်းများ ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း၊ အစိုးရအဖွဲ့မှလွှတ်တော် အစည်း အဝေးမတက်ရောက်နိုင်ပါကဥပဒေပြဋ္ဌာန်းချက်နှင့်ခွင့်တိုင်ပေးလိုကြောင်း၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးဦးအောင်မြင့်ခိုင် ၏ခွင့်တိုင်စာသည် ဒီဇင်ဘာလ (၁၁)ရက်နေ့၊ ၀၉း၄၀အချိန်တွင်ရရှိကြောင်းနှင့် ခွင့်တိုင်ရာတွင်နောက်မကျသင့်ကြောင်း၊ မိမိတို့မှရာခိုင်နှုန်းတွက်ရကြောင်း၊ အဲဒီအတွက်ကြောင့် ကရင်တိုင်းရင်းသားရေးရာဝန်ကြီးအပါအဝင် ဝန်ကြီးများအားလုံး သည် ပြည်ပနိုင်ငံသွားပါက(၂၄)နာရီအတွင်းသိပြီးဖြစ်ကြောင်း၊ ခွင့်တိုင်နောက်ကျခြင်းအား နောင်တွင်မဖြစ်စေလိုကြောင်း၊ ဆက်စပ်မေးခွန်းများကိုဝန်ထမ်းများမှဆောင်ရွက်ပြီး (၁၀)ရက်အတွင်း ပြန်ဖြေပေးရန်နှင့် စက်တင်ဘာလတွင်ကျင်းပသော သတ္တမအကြိမ်အစည်းအဝေးတွင် ကိုယ်စားလှယ်ဦးထွန်းမင်းအောင်၏ ဆက်စပ်မေးခွန်းကို (၄-၁၂-၂၀၁၇)ရက်နေ့ လွှတ်တော်အစည်းအဝေးမတက်ခင်မှသာ အစိုးရအဖွဲ့မှစာရောက်လာကြောင်း၊ ဆက်စပ်မေးခွန်းကို ဘယ်လိုဆောင်ရွက် မလဲဆိုတာ မပြောလိုကြောင်း၊ မိမိအသိနဲ့ဆောင်ရွက်ပေးစေလိုကြောင်း၊ လွှတ်တော်အစည်းအဝေးပြီးပါကဆုံးဖြတ်ချက်ကို ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့်အမျိုးသားလွှတ်တော်သို့ပေးပို့ကြောင်း၊ ထို့ကြောင့်မိမိတို့လွှတ်တော် တစ်ခုတည်းအလုပ်ပြီးနေ၍မဖြစ်ပါကြောင်း၊ အုပ်ချုပ်ရေးပိုင်းမှလည်းတာဝန်သိစွာဖြင့် ပြဋ္ဌာန်းထားသည့်ဥပဒေနှင့်အညီ ပြည်သူများ၏အကျိုးကို ပူးပေါင်းဆောင်ရွက်စေလိုကြောင်းပြောကြားရင်း နှုတ်ခွန်းဆက်သပါသည်။

