2773

ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး(သတ္တမနေ့)ကျင်းပခြင်း

ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး(သတ္တမနေ့)ကို (၁၂.၁၂.၂၀၁၇) ရက်၊ အင်္ဂါနေ့၊ နံနက်(၁၀း၀၀) နာရီအချိန်တွင်မွန်ပြည်နယ်လွှတ်တော်ရုံး၊ အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ်(၃၁)ဦးအနက်(၂၈)ဦး တက်ရောက်ပါသည်။ အစည်းအဝေးတွင် တက်ရောက်မှု အခြေ အနေကိုမှတ်တမ်းတင်ခြင်း၊ မေးခွန်း (၅)ခု မေးမြန်းဖြေကြားခြင်း၊ ပြင်ဆင်ချက်အဆိုတင်သွင်းခြင်း (၁)ရပ်၊ အဆိုအတည်ပြုခြင်း (၁)ရပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်စိစစ်ရေးကော်မတီအဖွဲ့ဝင် (၁)ဦး အစားထိုးတာဝန်ပေးအပ်ခြင်း (၁)ရပ်တို့ကို ဆောင်ရွက်ခဲ့ပြီး အစည်းအဝေးတွင် ဖိတ်ကြား၍ တက်ရောက်သူ(၆)ဦး၊ လေ့ လာသူ (၂)ဦး တက်ရောက်ပြီး ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (သတ္တမနေ့)ကို (၁၂း၀၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။