2762

ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး(ပဉ္စမနေ့)ကျင်းပခြင်း

ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး(ပဉ္စမနေ့)ကို (၈.၁၂.၂၀၁၇) ရက်၊ သောကြာနေ့၊ နံနက်(၁၀း၀၀) နာရီအချိန်တွင်မွန်ပြည်နယ်လွှတ်တော်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ်(၃၁)ဦးအနက်(၂၉)ဦး တက်ရောက်ပါသည်။ အစည်းအဝေးတွင် တက်ရောက် မှုအခြေ အနေကို မှတ်တမ်းတင်ခြင်း၊ မေးခွန်း (၅)ခု မေးမြန်းဖြေကြားခြင်း၊ အဆိုတင်သွင်းခြင်း (၁)ရပ်၊ အဆိုအတည်ပြုခြင်း (၁)ရပ်၊ အစီရင်ခံစာတင်သွင်းခြင်း (၁)ရပ်တို့ကို ဆောင် ရွက်ခဲ့ပြီး အစည်းအဝေးတွင်ဖိတ်ကြား၍တက်ရောက်သူ(၆)ဦး၊ လေ့လာသူ (၂)ဦး တက်ရောက်ပြီး ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (ပဉ္စမနေ့) ကို (၁၁း၅၅) နာရီ အချိန်တွင် ရပ်နားခဲ့ပါသည်။