2751

ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး(စတုတ္ထနေ့)ကျင်းပခြင်း

ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး(စတုတ္ထနေ့)ကို (၇.၁၂.၂၀၁၇) ရက်၊ ကြာသပတေးနေ့၊ နံနက်(၁၀း၀၀) နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော် ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ်(၃၁)ဦးအနက်(၃၀)ဦး တက်ရောက်ပါသည်။ အစည်းအဝေးတွင် တက်ရောက် မှု အခြေအနေကိုမှတ်တမ်းတင်ခြင်း၊ မေးခွန်း (၅)ခု မေးမြန်းဖြေကြားခြင်း၊ အဆိုတင်သွင်းခြင်း (၁)ရပ်၊ အဆိုအတည်မပြုခြင်း (၁)ရပ်၊လျာထားချက်အတည်ပြုခြင်း (၁)ရပ်၊ အစီရင်ခံစာ မှတ်တမ်းတင်ခြင်း (၁)ရပ်တို့ကို ဆောင်ရွက်ခဲ့ပြီး အစည်းအဝေးတွင်ဖိတ်ကြား၍တက်ရောက်သူ(၇)ဦး၊ လေ့လာသူ (၄)ဦး တက်ရောက်ပြီး ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (စတုတ္ထနေ့)ကို (၁၄း၀၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။