ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး(ဒုတိယနေ့)ကျင်းပခြင်း
ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး(ဒုတိယနေ့)ကို (၅.၁၂.၂၀၁၇) ရက်၊ အင်္ဂါနေ့၊ နံနက်(၁၀း၀၀) နာရီအချိန်တွင်မွန်ပြည်နယ်လွှတ်တော်ရုံး၊ အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ်(၃၁)ဦးအနက်(၂၇)ဦး တက်ရောက်ပါသည်။ အစည်းအဝေးတွင် တက်ရောက် မှု အခြေအနေကိုမှတ်တမ်းတင်ခြင်း၊ မေးခွန်း (၅)ခု မေးမြန်းဖြေကြားခြင်း၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်မှပေးပို့လာသော ပြည်နယ်တရားလွှတ်တော်တရားသူကြီး အမည်စာရင်း အတည်ပြုခြင်း (၁)ရပ်၊ ဥပဒေကြမ်း(၁)ခု အတည်ပြုခြင်း၊ ဥပဒေကြမ်း (၂)ခုတင်သွင်းခြင်း၊ စည်ပင်သာယာရေးကော်မတီများဖွဲ့စည်းခြင်း၊ ရွေးချယ်ခြင်းဆိုင်ရာ လုပ်ထုံလုပ်နည်း (မူကြမ်း) (၁)ခု တင်သွင်းခြင်း၊ မှတ်တမ်းတင်ခြင်း(၁)ရပ်တို့ကို ဆောင်ရွက်ခဲ့ပြီး အစည်းအဝေးတွင်ဖိတ်ကြား၍ တက်ရောက်သူ (၇)ဦး၊ လေ့လာသူ (၈)ဦးတက်ရောက်ပြီး ဒုတိယ အကြိမ်မွန်ပြည်နယ်လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (ဒုတိယနေ့)ကို (၁၁း၁၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။



