ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး(ပထမနေ့)ကျင်းပခြင်း
ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး(ပထမနေ့)ကို (၄.၁၂.၂၀၁၇) ရက်၊ နံနက်(၁၀း၀၀) နာရီအချိန်တွင်မွန်ပြည်နယ်လွှတ်တော်ရုံး၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့တက်ရောက်ခွင့် ရှိသည့် ကိုယ်စားလှယ်(၃၁)ဦးအနက်(၂၈)ဦး တက်ရောက်ပါသည်။ အစည်းအဝေးသို့တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ် (၃၁)ဦးအနက်(၂၈)ဦးတက်ရောက်မှုအခြေအနေကိုမှတ်တမ်းတင်ခြင်း၊ ကတိသစ္စာမပြုရသေးသော တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်ကြီးကျော်သက်နိုင်မှ ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခြင်း၊ အစည်းအဝေးတွင် မေးခွန်း(၅)ခု မေးမြန်းခြင်းနှင့် ဖြေကြားခြင်း၊ မွန်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ်မှပေးပို့လာသော မွန်ပြည်နယ်တရားလွှတ်တော်တရားသူကြီးအဖြစ် ဒေါ်ဌေးမြင့်အား ခန့်အပ်တာဝန်ပေးမည်ဖြစ်ကြောင်း အမည်စာရင်းအား လွှတ်တော်သို့ တင်သွင်းခြင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်၊ မွန်ပြည်နယ်၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်းအား စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဦးဝဏ္ဏကျော်မှတင်သွင်းခြင်း၊ မွန်ပြည်နယ်စာရင်းစစ်ချုပ်၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်၊ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာအား မွန်ပြည်နယ်စာရင်း စစ်ချုပ်ဒေါ်သိန်းသိန်းဦးမှ တင်သွင်းခြင်း၊ မွန်ပြည်နယ်၏ ၂၀၁၈ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ(၆)လအတွက် ဘဏ္ဍာငွေအရအသုံး ခန့်မှန်းခြေလျာထားချက်အား စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှု ကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးဝဏ္ဏကျော်မှ တင်သွင်းခြင်းခဲ့ပါသည်။ယနေ့အစည်းအဝေးတွင် ဖိတ်ကြား၍တက်ရောက်သူ(၇)ဦး၊ လေ့လာသူ(၄)ဦး တက်ရောက်ခဲ့ပါသည်။ ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်အဋ္ဌမပုံမှန်အစည်းအဝေး (ပထမနေ့)ကို (၁၂း၀၀)နာရီ အချိန်တွင် ရပ်နားခဲ့ပါသည်။


