2029

ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (ဆဋ္ဌမနေ့) ကျင်းပခြင်း

(၁၅.၆.၂၀၁၇)ရက်နေ့ နံနက်(၁၀း၀၀)နာရီအချိန်တွင် ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်ဆဋ္ဌမပုံမှန်   အစည်းအဝေး(ဆဋ္ဌမနေ့)ကို အစီအစဉ် (၉)ခုဖြင့် ကျင်းပပါသည်-

အစီအစဉ်(၁) မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနေရာယူခြင်း၊

အစီအစဉ်(၂)  ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်ဆဋ္ဌမပုံမှန်အစည်းအဝေး(ဆဋ္ဌမနေ့)အထမြောက် ကြောင်းနှင့် စတင်ကျင်းပကြောင်းကြေညာခြင်း၊

အစီအစဉ်(၃) အစည်းအဝေးသို့မတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် ပြည်နယ်လွှတ်တော်၏  အဆုံးအဖြတ်ရယူခြင်း၊

အစီအစဉ်(၄)  ကြယ်ပွင့်ပြမေးခွန်းများကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာဝန်ကြီးများမှ ပြန်လည်ဖြေကြားခြင်း၊

                                         (က)    ဘီးလင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်နိုင်ဦး၏ တောင်သူလယ်သမားတို့၏                                              လူမှုအကျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် စပ်လျဉ်း၍သိရှိလိုသောမေးခွန်း၊

                               (ခ)   ချောင်းဆုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာအောင်နိုင်ဦး၏ ဇာတ်ရုံများမှကောက်ခံရရှိသော                                            ပွဲခွန်ကိစ္စများနှင့်ပတ်သက်၍ သိရှိလိုသောမေးခွန်း၊

                              (ဂ)   ကျိုက်မရောမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်မွန်၏ NCL ဘိလပ်မြေစက်ရုံများမှရရှိသော                                        အမြတ်ငွေများမှ ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် ကူညီထောက်ပံ့ပေးနေသည့်ကိစ္စနှင့်ပတ်သက်၍ သိရှိလိုသောမေးခွန်း၊

                              (ဃ)  မုဒုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဒေါ်မြသိင်္ဂ ီမော်၏ ကင်းချောင်းကျေးရွာမီးလင်းရေးကိစ္စနှင့်ပတ်သက်၍                                        သိရှိလိုသောမေးခွန်း၊

                              (င)   ရေးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးချစ်တင်၏ တောင်သူလယ်သမားများ စိုက်ပျိုးစရိတ်ချေးငွေ                                           ထုတ်ယူရာတွင်  လွယ်ကူချောမွေ့စေရေးနှင့် ရေကြီးရေလျှံမှုကိုကာကွယ်ရန် တာတမံများကူညီဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ                                        သိရှိလိုုသောမေးခွန်း၊

           အစီအစဉ် (၅)  သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးအောင်ကျော်သူ၏ မွန်ပြည်နယ်အတွင်းကျောင်းသားလူငယ်များ                            မူးယစ်းဆေးဝါးသုံးစွဲမှုမြှင့်တက်လာခြင်းအား ပြည်နယ်အစိုးရအနေဖြင့် ပိုမိုထိရောက်သောနည်းလမ်းများဖြင့် အလေးထား                            စီမံဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်းအဆို တင်သွင်းခြင်းနှင့်စပ်လျဉ်၍ –

                               (က) အမည်စာရင်းတင်သွင်းထားသောလွှတ်တော်ကိုယ်စားလှယ်များမှ ဆွေးနွေးခြင်း၊

                               (ခ) မွန်ပြည်နယ်အစိုးရအဖွဲ့၊ သက်ဆိုင်ရာဝန်ကြီးမှသဘောထားရှင်းလင်းတင်ပြခြင်း၊

          အစီအစဉ်  (၆) သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးအောင်ကျော်သူ၏ မွန်ပြည်နယ်အတွင်းကျောင်းသားလူငယ်များ                             မူးယစ်းဆေးဝါးသုံးစွဲမှုမြှင့်တက်လာခြင်းအား ပြည်နယ်အစိုးရအနေဖြင့် ပိုမိုထိရောက်သောနည်းလမ်းများဖြင့် အလေးထား                           စီမံဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်းအဆို တင်သွင်းခြင်းနှင့်စပ်လျဉ်၍ ပြည်နယ်လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း၊

      အစီအစဉ်  (၇) မွန်ပြည်နယ်လွှတ်တော်ဥပဒေပြုရေးဆိုင်ရာဥက္ကဋ္ဌဒေါ်ခိုင်ခိုင်လဲ့မှ ကော်မတီ၏ဆောင်ရွက်ချက်အစီရင်ခံစာတင်ပြခြင်း၊

                           (တင်သွင်းသောအစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့်ကိုယ်စားလှယ်များ ပြည်နယ်လွှတ်တော်ရုံးညွှန်ကြားရေးမှူးထံတွင်   အမည်စာရင်းတင်သွင်း                               နိုင်ကြောင်းကြေညာခြင်း)

        အစီအစဉ် (၈) မွန်ပြည်နယ်လွှတ်တော်တိုင်ကြားစာနှင့်အသနာခံစာ၊ တင်ပြစာနှင့်အထွေထွေကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မတီဥက္ကဋ္ဌဦးအောင်ကျော်သူမှ                             တင်ဒါကော်မတီ၏ဆောင်ရွက်ချက်အစီရင်ခံတင်ပြခြင်း

                            (တင်သွင်းသောအစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့်ကိုယ်စားလှယ်များ ပြည်နယ်လွှတ်တော်ရုံးညွှန်ကြားရေးမှူးထံတွင် အမည်စာရင်းတင်သွင်း                                နိုင်ကြောင်းကြေညာခြင်း)

        အစီအစဉ် (၉) ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်ဆဋ္ဌမပုံမှန်အစည်းအဝေး (ဆဋ္ဌမနေ့)အစည်းအဝေးရပ်နားကြောင်းနှင့် (သတ္တမနေ့)ဆက်လက်ကျင်းပမည့်                                        နေရက်နှင့်အချိန်ကြေညာခြင်း။