ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်ဆဋ္ဌမပုံမှန်အစည်းအဝေး(ပထမနေ့)ကျင်းပခြင်း
(၇.၆.၂၀၁၇ )ရက်နေ့ နံနက်(၁၀း၀၀)နာရီအချိန်တွင် ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်ဆဋ္ဌမပုံမှန်အစည်းအဝေး(ပထမနေ့)ကို အစီအစဉ်(၈)ခုဖြင့် ကျင်းပပါသည်-
အစီအစဉ် (၁) မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနေရာယူခြင်း၊
အစီအစဉ် (၂) ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်ဆဋ္ဌမပုံမှန်အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်းကြေညာခြင်း၊
အစီအစဉ် (၃) အစည်းအဝေးမတက်ရောက်နိုင်သောပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် ပြည်နယ်လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း၊
အစီအစဉ် (၄) ကြယ်ပွင့်ပြမေးခွန်းများကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာဝန်ကြီးများမှပြန်လည်ဖြေကြားခြင်း-
(က) တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီးဝင်းနိုင်ဦး၏ တရားဥပဒေစိုးမိုးရေးကိစ္စနှင့်ပတ်သက်၍ သိရှိလိုသည့်မေးခွန်း၊
(ခ) ဘီးလင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာခင်နိုင်ဦး၏ ဘီၤးလင်းမြို့၊ ကန်သာယာရပ်ကွက်(၈)
လမ်းဆုံတွင်လိုအပ်နေသော ဒီဂျစ်တယ်မီးပွိုင့်တပ်ဆင်ပြီး ယာဉ်အန္တရာယ်ကင်းရှင်းရေးစီစဉ်ဆောင်ရွက်ပေးရန်အစီအစဉ်ရှိ/မရှိ သိလိုသည့်
မေးခွန်း၊
(ဂ) ပေါင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူး၏ မြေကြီးတူးရောင်းစားမှု၊ အကွက်ဖော်ရောင်းစားမှု
များနှင့်ပတ်သက်၍သိလိုသည့်မေးခွန်း၊
(ဃ) ပေါင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင်၏ မော်လမြိုင်မြို့အတွင်း စည်ပင်သာယာရေး
ကိစ္စ နှင့်ပတ်သက်၍သိရှိလိုသည့်မေးခွန်း၊
(င) မုဒုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြသိင်္ဂီမော်၏ ကျေးရွာတိုးချဲ့သတ်မှတ်ရေးကိစ္စများနှင့်ပတ်သက်၍
သိရှိလိုသည့်မေးခွန်း၊
(စ) ကျိုက်မရောမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်၏ ကျိုက်မရောမြို့နယ်၊ ရေတွင်းကုန်းကျေးရွာရှိ
အမှတ်(၁၅) ရဲတပ်ရင်းနှင့်ပတ်သက်၍သိရှှိလိုသည့်မေးခွန်း၊
အစီအစဉ် (၅) ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ၂၆၂အရ တိုင်းဒေသကြီးဝန်ကြီးများ သို့မဟုတ် ပြည်နယ်ဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်းဆိုင်ရာကိစ္စနှင့်စပ်လျဉ်းပြီး
မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်မှပေးပို့လာသော ပြည်နယ်စည်ပင်သာယာရေးနှင့်ဆောက်လုပ်ရေးဝန်ကြီးဌာနဝန်ကြီးအဖြစ်ခန့်အပ်တာဝန်
ပေးမည့်ပုဂ္ဂိုလ်၏ အမည်စာရင်းအား လွှတ်တော်သို့တင်သွင်းခြင်း၊
အစီအစဉ် (၆) အဆိုတင်သွင်းခြင်း-
(က) ရေးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးချစ်တင်၏ ဂဝံမြေနှင့်ကျောက်ရောမြေများတရားမဝင်ထုတ်လုပ်
ရောင်းချနေခြင်းကို အရေးယူတားမြစ်ပေးပါရန် တိုက်တွန်းကြောင်းအဆို တင်သွင်းခြင်း၊
(ဦးချစ်တင်တင်သွင်းသောအဆိုကို ပြည်နယ်လွှတ်တော်ကလက်ခံဆွေးနွေးရန်သင့်/မသင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးမှ
ဆွေးနွေးခြင်း)
(အဆိုအားလက်ခံဆွေးနွေးရန် သင့်/မသင့် ပြည်နယ်လွှတ်တော်မှဆုံးဖြတ်ချက်နှင့် အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့်ကိုယ်စားလှယ်များ
ပြည်နယ်လွှတ်တော်ရုံးညွှန်ကြားရေးမှူးထံတွင်အမည်စာရင်းတင်သွင်းနိုင်ကြောင်းကြေညာခြင်း)
(ခ) သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူ၏ မွန်ပြည်နယ်၏ခရိုင်မြို့တစ်မြို့ဖြစ်သော
သထုံခရိုင်၊ သထုံမြို့ဖြစ်သော (မော်လမြိုင်-ရန်ကုန်)မြို့အဝင်ကို ခရိုင်မြို့များ၏အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာရေးအတွက်
ပြည်နယ်အစိုးရ၏ စီမံချက်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပေးရန်တိုက်တွန်းကြောင်းအဆို တင်သွင်းခြင်း၊
(ဦးအောင်ကျော်သူတင်သွင်းသောအဆိုကို ပြည်နယ်လွှတ်တော်ကလက်ခံဆွေးနွေးရန်သင့်/မသင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်
တစ်ဦးမှ ဆွေးနွေးခြင်း)
(အဆိုအားလက်ခံဆွေးနွေးရန် သင့်/မသင့် ပြည်နယ်လွှတ်တော်မှဆုံးဖြတ်ချက်နှင့် အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့်ကိုယ်စားလှယ်များ
ပြည်နယ်လွှတ်တော်ရုံးညွှန်ကြားရေးမှူးထံတွင်အမည်စာရင်းတင်သွင်းနိုင်ကြောင်းကြေညာခြင်း)
အစီအစဉ် (၇) မွန်ပြည်နယ်စည်ပင်သာယာရေးဥပဒေကြမ်းတင်သွင်းခြင်း
ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များ ပြည်နယ်လွှတ်တော်ရုံးညွှန်ကြားရေးမှူးထံတွင် အမည်စာရင်းတင်သွင်းနိုင်ကြောင်း
ကြေညာခြင်း၊
အစီအစဉ် (၈) ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်ဆဋ္ဌမပုံမှန်အစည်းအဝေး(ပထမနေ့)အစည်းအဝေးရပ်နားကြောင်းနှင့် (ဒုတိယနေ့)ဆက်လက်ကျင်းပမည့်
နေ့ရက်နှင့်အချိန်ကြေညာခြင်း။



