1620

ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်ပဉ္စမပုံမှန်အစည်းအဝေး(ဆဋ္ဌမနေ့)ကျင်းပခြင်း

ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်ပဉ္စမပုံမှန်အစည်းအဝေး(ဆဋ္ဌမနေ့)အစီအစဉ်

ရက်စွဲ၊ ၂၄.၃.၂၀၁၇ ( သောကြာနေ့)                                                                                               အချိန်၊နံနက် (၁၀း၀၀) နာရီ

အစီအစဉ် (၁)   မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း၊

အစီအစဉ် (၂)   ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး(ဆဋ္ဌမနေ့)အထမြောက် ကြောင်းနှင့် စတင်ကျင်းပကြောင်းကြေညာခြင်း၊

အစီအစဉ် (၃)   အစည်းအဝေးသို့ မတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ခွင့်ပန် ကြားခြင်းနှင့် ပြည်နယ်လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း၊

အစီအစဉ် (၄)   ကြယ်ပွင့်ပြမေးခွန်းများကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာဝန်ကြီးများမှ ပြန်လည်ဖြေကြားခြင်း –

(က)  ပေါင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင်၏ တရားရုံးမှ နိုင်ငံတော်ပိုင်သိမ်းဆည်းထားသည့် ကားအရေ အတွက်နှင့်ပတ်သက်၍ သိရှိလိုသည့်မေးခွန်း၊

(ခ) ချောင်းဆုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ကြည်မြ၏ မော်လမြိုင်-ချောင်းဆုံတံတား ဖွင့်လှစ်ပြီးချိန် ချောင်းဆုံ        မြို့နယ်အတွင်းရှိ မြို့သူ၊ မြို့သားများ အေးချမ်းသာယာရေးအတွက် ယာဉ်ထိန်းရဲ ထပ်တိုးချထားပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုသည့်မေးခွန်း၊

(ဂ)     မုဒုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြသိင်္ဂီမော်၏ မုဒုံမြို့နယ်၊ နိုင်းပြိုင်ကျေးရွာနှင့် မှိန်ဂနိမ်းကျေးရွာချင်းဆက် လမ်းပေါ်ရှိတံတားကို အသစ်ပြန်လည်တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိ လိုသည့်မေးခွန်း၊

(ဃ)    ပေါင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင်၏ ၂၀၁၆-၂၀၁၇ခု၊ ဘဏ္ဍာရေးနှစ်အတွင်း မွန်ပြည်နယ်၌ သိမ်းဆည်းရမိသည့် သစ်များ၏အရေအတွက်နှင့်ပတ်သက်၍ သိရှိလိုသည့်မေးခွန်း၊

အစီအစဉ်(၅)မွန်ပြည်နယ်လွှတ်တော်တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီ ပြင်ဆင်ဖွဲ့စည်း ခြင်းနှင့် ကော်မတီသက်တမ်းတိုးမြှင့်ရေးကိစ္စတင်ပြခြင်းနှင့်စပ်လျဉ်း၍ ပြည်နယ်လွှတ်တော် ၏အဆုံးအဖြတ်ရယူခြင်း၊

အစီအစဉ်(၆)မွန်ပြည်နယ်လွှတ်တော်တိုင်ကြားစာနှင့်အသနားခံစာ၊တင်ပြစာနှင့်အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ကော်မတီပြင်ဆင်ဖွဲ့စည်းခြင်းနှင့်ကော်မတီသက်တမ်းတိုးမြှင့်ရေးကိစ္စ တင်ပြခြင်းနှင့်စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း၊

အစီအစဉ်(၇)မွန်ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီနှင့် မွန်ပြည်နယ် လွှတ်တော်တိုင်ကြားစာနှင့်အသနားခံစာ၊ တင်ပြစာနှင့်အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီဥက္ကဋ္ဌများမှ ကော်မတီ၏တာဝန်၊ လုပ်ပိုင်ခွင့်နှင့်ခံစားခွင့်များအား ဖတ်ကြားရှင်းလင်းခြင်း၊

အစီအစဉ်(၈) ၂၀၁၇ခုနှစ်၊ မွန်ပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်းတင်သွင်းခြင်းနှင့် စပ်လျဉ်း၍ အမည်စာရင်းတင်သွင်းထားသော လွှတ်တော်ကိုယ်စားလှယ်များမှဆွေးနွေးခြင်း၊

အစီအစဉ် (၉)   ၂၀၁၇ခုနှစ်၊ မွန်ပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်းတင်သွင်းခြင်းနှင့် စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း၊

အစီအစဉ် (၁၀) Bedok Constiuction & Engineering Co; Ltd မှ မွန်ပြည်နယ်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်မည့်စီမံကိန်းအား အကောင်အထည်ဖော်ဆောင်ရွက်ရေးကိစ္စတင်ပြ ခြင်းနှင့်စပ်လျဉ်း၍ အမည်စာရင်းတင်သွင်းထားသော လွှတ်တော်ကိုယ်စားလှယ်များမှ ဆွေးနွေးခြင်း၊

အစီအစဉ် (၁၁) Bedok Constiuction & Engineering Co; Ltd မှ မွန်ပြည်နယ်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်မည့်စီမံကိန်းအား အကောင်အထည်ဖော်ဆောင်ရွက်ရေးကိစ္စ တင်ပြ ခြင်းနှင့်စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း၊

အစီအစဉ်(၁၂)အရှေ့တောင် အထွေထွေစွမ်းအင်နှင့် လျှပ်စစ်ကုမ္မဏီလီမိတက် (SEGEP) မှ သံဖြူဇရပ် မြို့နယ်နှင့်ရေးမြို့နယ်အတွင်းလျှပ်စစ်ဓါတ်အားဖြန့်ဖြူးပေးနိုင်ရေးအတွက်အကောင်အထည် ဖော်ဆောင်ရွက်ရေးကိစ္စ တင်ပြခြင်းနှင့်စပ်လျဉ်း၍ အမည်စာရင်းတင်သွင်းထားသော လွှတ်တော်ကိုယ်စားလှယ်များမှ ဆွေးနွေးခြင်း၊

အစီအစဉ်(၁၃)အရှေ့တောင်အထွေထွေစွမ်းအင်နှင့်လျှပ်စစ်ကုမ္မဏီလီမိတက် (SEGEP)မှ သံဖြူဇရပ်မြို့နယ်နှင့်ရေးမြို့နယ်အတွင်း လျှပ်စစ်ဓါတ်အားဖြန့်ဖြူးပေးနိုင်ရေး အတွက် အကောင်အထည် ဖော်ဆောင်ရွက်ရေးကိစ္စ တင်ပြခြင်းနှင့်စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း၊

အစီအစဉ် (၁၄) ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးအောင်မြင်စွာ ပြီးမြောက် ကြောင်း ကြေညာခြင်း။

 

ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်ပဉ္စမပုံမှန်အစည်းအဝေး(ဆဋ္ဌမနေ့)ကျင်းပခြင်း

        ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (ဆဋ္ဌမနေ့) ကို (၂၄.၃.၂၀၁၇) ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ပါသည်။ အစည်းအဝေးသို့တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ်(၃၁)ဦးအနက်(၂၉)ဦးတက်ရောက်ပါသည်။

အစည်းအဝေးသို့တက်ရောက်ခွင့်ရှိသည့်ကိုယ်စားလှယ်(၃၁)ဦးအနက်(၂၉)ဦးတက်ရောက်မှုအခြေအနေကို မှတ်တမ်းတင်ခြင်း၊ အစည်းအဝေးတွင် မေးခွန်း(၄)ခုမေးမြန်းခြင်းနှင့်ဖြေကြားခြင်း၊ မွန်ပြည်နယ် လွှတ်တော်တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီ ပြင်ဆင်ဖွဲ့စည်းခြင်းနှင့် ကော်မတီသက်တမ်းတိုး မြှင့်ရေးကိစ္စတင်ပြခြင်းနှင့်စပ်လျဉ်း၍ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးအောင်မြင့်ခိုင်၊ ပေါင်မြို့နယ်၊ မဲဆန္ဒနုယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင်၊ ချောင်းဆုံမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦး၊ သထုံမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းနိုင်ဦး၊ ပအိုဝ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်စံဝင့်ခိုင်တို့မှ အကြံပြုဆွေးနွေးခဲ့ပြီး ကန့်ကွက်မည့်သူမရှိသဖြင့် ပြည်နယ်လွှတ်တော်မှ ကော်မတီသက်တမ်း(၁)နှစ်ထပ်မံတိုးမြှင့်ကြောင်း ကြေညာခြင်း၊ မွန်ပြည်နယ်လွှတ်တော် တိုင်ကြားစာနှင့်အသနားခံစာ၊ တင်ပြစာနှင့်အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီ ပြင်ဆင်ဖွဲ့စည်းခြင်းနှင့်ကော်မတီသက်တမ်းတိုးမြှင့်ရေးကိစ္စတင်ပြခြင်းတို့နှင့် စပ်လျဉ်း၍ ကန့်ကွက်မည့်သူမရှိသဖြင့် ပြည်နယ်လွှတ်တော်မှ ကော်မတီသက်တမ်း(၁)နှစ်ထပ်မံတိုးမြှင့် ကြောင်း ကြေညာခြင်း၊ မွန်ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီနှင့် မွန်ပြည်နယ်လွှတ်တော် တိုင်ကြားစာနှင့်အသနားခံစာ၊ တင်ပြစာနှင့်အထွေထွေကိစ္စရပ်များလေ့လာသုံးသပ် ရေးကော်မတီဥက္ကဋ္ဌများမှ ကော်မတီ၏တာဝန်၊ လုပ်ပိုင်ခွင့်နှင့်ခံစားခွင့်များအား ဖတ်ကြားရှင်းလင်းခြင်း၊ ၂၀၁၇ခုနှစ်၊ မွန်ပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်းတင်သွင်းခြင်းနှင့်စပ်လျဉ်း၍ ဘီးလင်းမြို့ နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်နိုင်ဦး၊ ကျိုက်မရောမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်၊ ပေါင်မြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင်၊ သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူ၊ သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဦးဝဏ္ဏကျော်တို့မှ အကြံပြုဆွေးနွေးချက်များအား မှတ်တမ်း တင်ကာ ယင်းဥပဒေကြမ်းအား ပြည်နယ်လွှတ်တော်မှ အတည်ပြုကြောင်း  ကြေညာခြင်း၊ Bedok Construction & Engineering Co; Ltd မှ မွန်ပြည်နယ် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မည့် စီမံကိန်းအား အကောင်အထည်ဖော်ဆောင်ရွက်ရေးကိစ္စတင်ပြခြင်းနှင့်စပ်လျဉ်း၍ ရေးမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမင်းစိုးလင်း၊ ပေါင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင်၊ သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူ၊ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအေးဇံနှင့် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးမင်းထင်အောင်ဟန်တို့မှ အကြံပြုဆွေးနွေးခဲ့ဲပြီး ကန့်ကွက်မည့်သူမရှိသဖြင့် လျှပ်စစ် ထုတ်လုပ်ရေးကိစ္စတစ်ခုတည်းကိုသာ ပြည်နယ်လွှတ်တော်မှ အတည်ပြုကြောင်းကြေညာခြင်း၊ အရှေ့တောင် အထွေထွေစွမ်းအင်နှင့် လျှပ်စစ်ကုမ္ပဏီလီမိတက် (SEGEP)မှ သံဖြူဇရပ်မြို့နယ်နှင့်ရေးမြို့နယ်အတွင်း လျှပ်စစ်ဓါတ်အား  ဖြန့်ဖြူးပေးနိုင်ရေးအတွက်   အကောင်အထည်ဖော်ဆောင်ရွက်ရေးကိစ္စ     တင်ပြခြင်းနှင့်စပ်လျဉ်း၍ ရေးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးချစ်တင်၊ သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့၊ ပေါင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင်၊ သထုံမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူနှင့် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးမင်းထင်အောင်ဟန်တို့မှ အကြံပြုဆွေးနွေးခဲ့ပြီး ကန့်ကွက်မည့်သူမရှိသဖြင့် ပြည်နယ်လွှတ်တော်မှအတည် ပြုကြောင်း ကြေညာခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

          ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (ဆဋ္ဌမနေ့)တွင် အစည်းအဝေးအထ မြောက်ကြောင်း မှတ်တမ်းတင်ခြင်း(၁)ရပ်၊ မေးခွန်း(၄)ခုမေးမြန်းဖြေကြားခြင်း၊ အတည်ပြုခြင်း(၅)ရပ်၊ ဖတ်ကြားရှင်းလင်းတင်ပြခြင်း (၂)ရပ်တို့ကိုဆောင်ရွက်ခဲ့ပြီး အစည်းအဝေးတွင် ဖိတ်ကြား၍တက်ရောက်သူ (၄)ဦး၊ လေ့လာသူ(၉)ဦး တက်ရောက်ခဲ့ကာ ဒုတိယအကြိမ်မွန်ပြည်နယ် လွှတ်တော်ပဉ္စမပုံမှန်အစည်းအဝေး (ဆဋ္ဌမနေ့)ကို (၁၄း၀၅)နာရီအချိန်တွင် ကျင်းပပြီးစီးခဲ့ပါသည်။

          ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးတွင် မေးခွန်း (၂၈)ခု၊ မေးမြန်း ဖြေကြားခြင်း၊ အဆို(၁)ခုအား ဆွေးနွေးအတည်ပြုခြင်း၊ အစီရင်ခံစာ(၃)ခုအား မှတ်တမ်းတင်ခြင်း၊ ဥပဒေကြမ်း(၂)ရပ်အား အတည်ပြုခြင်း၊ လွှတ်တော်ရေးရာကော်မတီ(၇)ရပ် ပြင်ဆင်ဖွဲ့စည်းခြင်းနှင့် သက်တမ်းတိုးမြှင့်ခြင်းတို့အား အတည်ပြုခြင်း၊ မွန်ပြည်နယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက် မည့်စီမံကိန်းအား အကောင်အထည်ဖော်ဆောင်ရွက်ရေးကိစ္စများမှ လျှပ်စစ်ထုတ်လုပ်ရေးကိစ္စတစ်ခုတည်းကိုသာ အတည်ပြုခြင်းနှင့်  သံဖြူဇရပ်မြို့နယ်နှင့် ရေးမြို့နယ်အတွင်း လျှပ်စစ်ဓါတ်အားဖြန့်ဖြူးပေးနိုင်ရေး အတွက် အကောင်အထည်ဖော်ဆောင်ရွက်ရေးကိစ္စ တင်ပြခြင်းတို့အား အတည်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ ပါသည်။

DSC01943DSC01959DSC01965DSC01975