ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်ပဉ္စမပုံမှန်အစည်းအဝေး(ပဉ္စမနေ့)ကျင်းပခြင်း
ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်ပဉ္စမပုံမှန်အစည်းအဝေး(ပဉ္စမနေ့)အစီအစဉ်
ရက်စွဲ၊ ၂၃.၃.၂၀၁၇ ( ကြာသပတေးနေ့) အချိန်၊နံနက် (၁၀း၀၀) နာရီ
အစီအစဉ် (၁) မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း၊
အစီအစဉ် (၂) ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (ပဉ္စမနေ့) အထမြောက် ကြောင်းနှင့် စတင်ကျင်းပကြောင်းကြေညာခြင်း၊
အစီအစဉ် (၃) အစည်းအဝေးသို့ မတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ခွင့်ပန် ကြားခြင်းနှင့် ပြည်နယ်လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း၊
အစီအစဉ် (၄) ကြယ်ပွင့်ပြမေးခွန်းများကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာဝန်ကြီးများမှ ပြန်လည်ဖြေကြားခြင်း –
(က) ပေါင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းမင်းအောင်၏ ရပ်ကွက်/ကျေးရွာများတွင် လယ်ယာမြေများကို အကွက်ရိုက် ရောင်းချနေမှုနှင့်ပတ်သက်၍ သိရှိလိုသည့်မေးခွန်း၊
(ခ) ချောင်းဆုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦး၏ သမဝါယမအသင်းများ ရန်ပုံငွေနှင့်ပတ်သက်၍ သိရှိလို သည့်မေးခွန်း၊
(ဂ) ချောင်းဆုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်ကြည်ကြည်မြ၏ တောင်သူလယ်သမားများ ကြုံတွေ့နေရသည့် စပါးရောင်းဝယ် ရာတွင် ချင်တွယ်သည့် တင်းတောင်းအခက်အခဲနှင့် စပါးစိုက်ပျိုးရာတွင် သီးနှံ အထွက်နှုန်းကောင်းမွန်အောင် ခေတ်မှီနည်းပညာ၊ နည်းစနစ်များ ပံပိုးဆောင်ရွက် ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုသည့်မေးခွန်း၊
(ဃ) မုဒုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြသိင်္ဂီမော်၏ မုဒုံမြို့နယ်၊ တောင်ပကျေးရွာရှိ ပင်ကတချောင်းနှင့် တော်ကူး ကျေးရွာရှိ ပြည်တော်သာချောင်း(ခေါ်) ဇွဲတိုက်ချောင်းများကို ပြန်လည်တူးဖော်ပေး ရန် အစီအစဉ် ရှိ/မရှိ သိရှိလိုသည့်မေးခွန်၊
အစီအစဉ် (၅) ၂၀၁၇ခုနှစ်၊ မွန်ပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းတင်သွင်းခြင်း၊
အစီအစဉ် (၆) ၂၀၁၇ခုနှစ်၊ မွန်ပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းတင်သွင်းခြင်းနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့်ကိုယ်စားလှယ်များ ပြည်နယ်လွှတ်တော်ရုံး၊ ညွှန်ကြားရေးမှူး ထံတွင် အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာခြင်း၊
အစီအစဉ် (၇) လွှတ်တော်ရေးရာကော်မတီများ ပြင်ဆင်ဖွဲ့စည်းခြင်းကိစ္စ တင်ပြခြင်း၊
အစီအစဉ် (၈) လွှတ်တော်ရေးရာကော်မတီများ ပြင်ဆင်ဖွဲ့စည်းခြင်းကိစ္စတင်ပြခြင်းနှင့်စပ်လျဉ်း၍ ဆွေးနွေး လိုသောကိုယ်စားလှယ်များရှိပါက ဆွေးနွေးခြင်း၊
အစီအစဉ် (၉) လွှတ်တော်ရေးရာကော်မတီများ ပြင်ဆင်ဖွဲ့စည်းခြင်းကိစ္စတင်ပြခြင်းနှင့်စပ်လျဉ်း၍ ပြည်နယ် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း၊
အစီအစဉ် (၁၀) လွှတ်တော်ရေးရာကော်မတီများ သက်တမ်းတိုးမြှင့်ရေးကိစ္စတင်ပြခြင်းနှင့် ပြည်နယ် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း၊
အစီအစဉ် (၁၁) ရေးရာကော်မတီများမှ ကော်မတီ၏တာဝန်၊ လုပ်ပိုင်ခွင့်နှင့် ခံစားခွင့်များအား ဖတ်ကြားရှင်း လင်းခြင်း၊
အစီအစဉ်(၁၂)ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး(ပဉ္စမနေ့) အစည်းအဝေးရပ် နားကြောင်းနှင့် (ဆဋ္ဌမနေ့) ဆက်လက်ကျင်းပမည့် နေ့ရက်နှင့်အချိန် ကြေညာခြင်း။
ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်ပဉ္စမပုံမှန်အစည်းအဝေး(ပဉ္စမနေ့)ကျင်းပခြင်း
ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (ပဉ္စမနေ့) ကို (၂၃.၃.၂၀၁၇) ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ပါသည်။ အစည်းအဝေးသို့တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ်(၃၁)ဦးအနက်(၂၈)ဦးတက်ရောက်ပါသည်။
အစည်းအဝေးသို့တက်ရောက်ခွင့်ရှိသည့်ကိုယ်စားလှယ်(၃၁)ဦးအနက်(၂၈)ဦးတက်ရောက်မှုအခြေ အနေကို မှတ်တမ်းတင်ခြင်း၊ အစည်းအဝေးတွင်မေးခွန်း(၄)ခုမေးမြန်းခြင်းနှင့်ဖြေကြားခြင်း၊ ၂၀၁၇ခုနှစ်၊ မွန်ပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းအား စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးဝဏ္ဏကျော်မှ တင်သွင်းခြင်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များ ရှိပါက ပြည်နယ်လွှတ်တော်ရုံး၊ ညွှန်ကြားရေးမှူးထံတွင် အမည်စာရင်းတင်သွင်းနိုင်ကြောင်းကြေညာခြင်း၊ လွှတ်တော်ရေးရာကော်မတီ(၇)ရပ်ပြင်ဆင်ဖွဲ့စည်းခြင်းနှင့် လွှတ်တော်ရေးရာကော်မတီများသက်တမ်းတိုးမြှင့် ခြင်းတို့အား ပြည်နယ်လွှတ်တော်ဥက္ကဌမှ တင်ပြခြင်းနှင့်စပ်လျဉ်း၍ ပအိုဝ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်စံဝင့်ခိုင်၊ ပေါင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူး၊ ပေါင် မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင်တို့မှ တင်ပြဆွေးနွေး ခြင်းများပြုလုပ်ခဲ့သဖြင့် ရေးရာကော်မတီ(၇)ရပ်အနက် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီနှင့် တိုင်ကြားစာနှင့် အသနားခံစာ၊ တင်ပြစာနှင့် အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီတို့မှအပ ကျန်ရေးရာကော်မတီ(၅)ခုအား ပြည်နယ်လွှတ်တော်မှအတည်ပြုကြောင်းကြေညာခြင်း၊ အတည်ပြုပြီးသော ရေးရာကော်မတီ(၅)ခုအား ကော်မတီဥက္ကဌများမှ ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်နှင့် ခံစားခွင့်များအား ဖတ်ကြားရှင်းလင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။
ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (ပဉ္စမနေ့)တွင် အစည်းအဝေး အထမြောက်ကြောင်း မှတ်တမ်းတင်ခြင်း(၁)ရပ်၊ မေးခွန်း(၄)ခုမေးမြန်းဖြေကြားခြင်း၊ ဥပဒေကြမ်း(၁)ရပ် တင်သွင်းခြင်း၊ ရေးရာကော်မတီ(၅)ခုမှ ပြင်ဆင်ဖွဲ့စည်းခြင်းနှင့် သက်တမ်းတိုးမြှင့်ခြင်းအား အတည်ပြုခြင်း (၅)ရပ်၊ ဖတ်ကြားရှင်းလင်းတင်ပြခြင်း(၅)ရပ်တို့ကို ဆောင်ရွက်ခဲ့ပြီး အစည်းအဝေးတွင် ဖိတ်ကြား၍ တက်ရောက်သူ(၃)ဦး၊ လေ့လာသူ(၆)ဦး တက်ရောက်ခဲ့ပါသည်။
ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (ပဉ္စမနေ့)ကို (၁၁း၅၀)နာရီအချိန် တွင် ကျင်းပပြီးစီးခဲ့ပါသည်။




