ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်ပဉ္စမပုံမှန်အစည်းအဝေး(စတုတ္ထနေ့)ကျင်းပခြင်း
ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်ပဉ္စမပုံမှန်အစည်းအဝေး(စတုတ္ထနေ့)အစီအစဉ်
ရက်စွဲ၊ ၂၂.၃.၂၀၁၇ (ဗုဒ္ဓဟူးနေ့) အချိန်၊နံနက် (၁၀း၀၀) နာရီ
အစီအစဉ် (၁) မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း၊
အစီအစဉ် (၂) ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (စတုတ္ထနေ့) အထမြောက် ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း၊
အစီအစဉ် (၃) အစည်းအဝေးသို့ မတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ခွင့်ပန် ကြားခြင်းနှင့် ပြည်နယ်လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း၊
အစီအစဉ် (၄) ကြယ်ပွင့်ပြမေးခွန်းများကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာဝန်ကြီးများမှ ပြန်လည်ဖြေကြားခြင်း –
(က) မုဒုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်မြသိင်္ဂီမော်၏ မုဒုံမြို့နယ်၊ ကျိုက်ရွဲကျေးရွာ၊ အမှတ်(၁)၊ အ.မ.က အခြေခံပညာ ကျောင်းအား မြေတားတံတိုင်းတပ်ဆင်ပြီး ကျောင်းခြံစည်းရိုးအုတ်တံတိုင်း ဆောက် လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုသည့်မေးခွန်း၊
(ခ) ပေါင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းမင်းအောင်၏ VIP ရိပ်သာနှင့် ဥပဒေချုပ်ရုံး တည်ဆောက်မည့်ငွေများအား ခေါင်းစဉ်ပြောင်းသုံးစွဲသွားရေး အမြန်ဆုံးလုပ်ဆောင်ရန် အစီအစဉ် ရှိ/မရှိ သိရှိလို သည့်မေးခွန်း၊
(ဂ) သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့၏ မွန်ပြည်နယ်အတွင်းရှိ အသေးစား၊ အလတ်စား၊ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ဖြန့်ဖြူးရေးဆိုင်ရာ နည်းဥပဒေရေးဆွဲရန် ဆောင်ရွက်ထားခြင်း ရှိ/မရှိ နှင့် ပတ်သက်၍ သိရှိလိုသည့်မေးခွန်း၊
(ဃ) သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်သူ၏ မော်လမြိုင်ဆေးရုံကြီး ပင်မခွဲစိတ်ဆောင် ပြင်ဆင်ထိန်းသိမ်း ခြင်းလုပ်ငန်းနှင့်ပတ်သက်၍ သိရှိလိုသည့်မေးခွန်း၊
အစီအစဉ်(၅) Bedok Constiuction & Engineering Co; Ltd မှ မွန်ပြည်နယ်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်မည့်စီမံကိန်းအား အကောင်အထည်ဖော်ဆောင်ရွက်ရေးကိစ္စ တင်ပြ ခြင်း၊
အစီအစဉ်(၆) Bedok Constiuction & Engineering Co; Ltd မှ မွန်ပြည်နယ်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်မည့်စီမံကိန်းအား အကောင်အထည်ဖော်ဆောင်ရွက်ရေးကိစ္စ တင်ပြ ခြင်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များ ပြည်နယ်လွှတ်တော်ရုံး၊ ညွှန်ကြားရေးမှူးထံတွင် အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာခြင်း၊
အစီအစဉ်(၇) အရှေ့တောင် အထွေထွေစွမ်းအင်နှင့် လျှပ်စစ်ကုမ္ပဏီလီမိတက် (SEGEP) မှ သံဖြူဇရပ် မြို့နယ်နှင့် ရေးမြို့နယ်အတွင်း လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးပေးနိုင်ရေးအတွက် အကောင် အထည်ဖော်ဆောင်ရွက်ရေးကိစ္စ တင်ပြခြင်း၊
အစီအစဉ်(၈) အရှေ့တောင် အထွေထွေစွမ်းအင်နှင့် လျှပ်စစ်ကုမ္ပဏီလီမိတက် (SEGEP) မှ သံဖြူဇရပ် မြို့နယ်နှင့် ရေးမြို့နယ်အတွင်း လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးပေးနိုင်ရေးအတွက် အကောင် အထည်ဖော်ဆောင်ရွက်ရေးကိစ္စ တင်ပြခြင်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့်ကိုယ်စားလှယ် များ ပြည်နယ်လွှတ်တော်ရုံး၊ ညွှန်ကြားရေးမှူးထံတွင် အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာခြင်း၊
အစီအစဉ်(၉) ၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ်မွန်ပြည်နယ်ဒေသန္တရစီမံကိန်းဥပဒေကြမ်းတင်သွင်းခြင်းနှင့်စပ်လျဉ်း၍ အမည်စာရင်းတင်သွင်းထားသော လွှတ်တော်ကိုယ်စားလှယ်များမှ ဆွေးနွေးခြင်း၊
အစီအစဉ် (၁၀) ၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ်မွန်ပြည်နယ်ဒေသန္တရစီမံကိန်းဥပဒေကြမ်းတင်သွင်းခြင်းနှင့်စပ်လျဉ်း ၍ ပြည်နယ်လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း၊
အစီအစဉ်(၁၁) ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (စတုတ္ထနေ့) အစည်းအဝေး ရပ်နားကြောင်းနှင့် (ပဉ္စမနေ့) ဆက်လက်ကျင်းပမည့် နေ့ရက်နှင့်အချိန် ကြေညာခြင်း၊
ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်ပဉ္စမပုံမှန်အစည်းအဝေး(စတုတ္ထနေ့)ကျင်းပခြင်း
ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (စတုတ္ထနေ့) ကို (၂၂.၃.၂၀၁၇) ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ပါသည်။ အစည်းအဝေးသို့တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ်(၃၁)ဦးအနက်(၂၈)ဦးတက်ရောက်ပါသည်။
အစည်းအဝေးသို့တက်ရောက်ခွင့်ရှိသည့်ကိုယ်စားလှယ်(၃၁)ဦးအနက်(၂၈)ဦးတက်ရောက်မှုအခြေ အနေကို မှတ်တမ်းတင်ခြင်း၊ အစည်းအဝေးတွင်မေးခွန်း(၄)ခုမေးမြန်းခြင်းနှင့်ဖြေကြားခြင်း၊ Bedok Constiuction & Engineering Co; Ltd မှ မွန်ပြည်နယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မည့် စီမံကိန်းအား အကောင်အထည်ဖော်ဆောင်ရွက်ရေးကိစ္စနှင့် အရှေ့တောင်အထွေထွေစွမ်းအင်နှင့် လျှပ်စစ် ကုမ္ပဏီလီမိတက် (SEGEP) မှ သံဖြူဇရပ်မြို့နယ်နှင့် ရေးမြို့နယ်အတွင်း လျှပ်စစ်ဓါတ်အားဖြန့်ဖြူး ပေးနိုင်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ရေးကိစ္စတို့အား လျှပ်စစ်၊ စွမ်းအင်နှင့်စက်မှုဝန်ကြီး ဦးမင်းထင်အောင်ဟန်မှ တင်ပြခြင်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များရှိပါက ပြည်နယ် လွှတ်တော်ရုံး၊ ညွှန်ကြားရေးမှူးထံတွင် အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာခြင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်၊ မွန်ပြည်နယ် ဒေသန္တရစီမံကိန်းဥပဒေကြမ်း တင်သွင်းခြင်းနှင့်စပ်လျဉ်း၍ သထုံမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးအောင်ကျော်သူ၊ မွန်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအေးဇံ နှင့်စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဦးဝဏ္ဏကျော်တို့၏ အကြံပြု ဆွေးနွေးချက်များအား မှတ်တမ်းတင်ခြင်းနှင့် ဥပဒေကြမ်းအား ကန့်ကွက်မည့်သူမရှိသဖြင့် ပြည်နယ် လွှတ်တော်မှ အတည်ပြုကြောင်း ကြေညာခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။
ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (စတုတ္ထနေ့)တွင် အစည်းအဝေး အထမြောက်ကြောင်း မှတ်တမ်းတင်ခြင်း (၁)ရပ်၊ မေးခွန်း (၄)ခု မေးမြန်းဖြေကြားခြင်း၊ ဒေသန္တရဖွံ့ဖြိုးရေး စီမံကိန်းလုပ်ငန်း(၂)ရပ်တင်ပြခြင်း၊ ဥပဒေကြမ်း(၁)ရပ်အတည်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး အစည်းအဝေး တွင် ဖိတ်ကြား၍ တက်ရောက်သူ(၄)ဦး၊ လေ့လာသူ(၆)ဦး တက်ရောက် ခဲ့ပါသည်။
ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (စတုတ္ထနေ့)ကို (၁၁း၁၅)နာရီအချိန်တွင် ကျင်းပပြီးစီးခဲ့ပါသည်။




