ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်အရေးပေါ်အစည်းအဝေး(၁/၂၀၁၇)(ပထမနေ့)ကျင်းပခြင်း
ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်
အရေးပေါ်အစည်းအဝေး(၁/၂၀၁၇)အစီအစဉ်
ရက်စွဲ၊ ၁.၃.၂၀၁၇ (ဗုဒ္ဓဟူးနေ့) အချိန်၊နံနက်(၁၀း၀၀) နာရီ
အစီအစဉ် (၁) မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း၊
အစီအစဉ် (၂) ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်အရေးပေါ်အစည်းအဝေး(၁/၂၀၁၇) အထမြောက် ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေငြာခြင်း၊
အစီအစဉ်(၃) အစည်းအဝေးသို့မတက်ရောက်နိုင်သောပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ခွင့်ပန်ကြား ခြင်းနှင့် ပြည်နယ်လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း၊
အစီအစဉ်(၄) မွန်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးနိုင်ရန်နိုင်ငံတော်သမ္မတက ပေးပို့ ထားသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၏ အမည်စာရင်းကို ပြည်နယ် လွှတ်တော်သို့ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက တင်ပြခြင်း၊
အစီအစဉ်(၅) မွန်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးနိုင်ရန်နိုင်ငံတော်သမ္မတက ပေးပို့ ထားသည့် ပြည်နယ်လွှတ်တော်ကိုုယ်စားလှယ်၏ အမည်စာရင်းအပေါ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်မှ ဆွေးနွေးရန်ရှိပါက ဆွေးနွေးခြင်း၊
အစီအစဉ်(၆) မွန်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးနိုင်ရန်နိုင်ငံတော်သမ္မတက ပေးပို့ထားသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၏ အမည်စာရင်းကို ပြည်နယ်လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း၊
အစီအစဉ်(၇) အစည်းအဝေးအစီအစဉ် (ပထမပိုင်း) ခေတ္တရပ်နားခြင်း၊
အစီအစဉ်(၈) မွန်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခံထားရသော ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်မှ ပြည်နယ်လွှတ်တော်၏ရှေ့မှောက်တွင် ကတိသစ္စာပြုခြင်းနှင့် ကတိ သစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခြင်း၊
အစီအစဉ်(၉) ပြည်နယ်ဝန်ကြီးချုပ်မှ မိန့်ခွန်းမြွက်ကြားခြင်း၊
အစီအစဉ်(၁၀) ပြည်နယ်ဝန်ကြီးချုပ် မြွက်ကြားသော မိန့်ခွန်းအား ပြည်နယ်လွှတ်တော်မှ မှတ်တမ်း တင်ခြင်း၊
အစီအစဉ်(၁၁) ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်အရေးပေါ်အစည်းအဝေး (၁/၂၀၁၇) အောင်မြင်စွာ ပြီးမြောက်ကြောင်း ကြေညာခြင်း။
ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်အရေးပေါ်အစည်းအဝေး(၁/၂၀၁၇)(ပထမနေ့)ကျင်းပခြင်း
ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး(၁/၂၀၁၇) (ပထမနေ့)ကို (၁.၃.၂၀၁၇) ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ်(၃၁)ဦးအနက် (၃၀)ဦး တက်ရောက်ပါသည်။
အစည်းအဝေးသို့တက်ရောက်ခွင့်ရှိသည့်ကိုယ်စားလှယ်(၃၁)ဦးအနက် (၃၀)ဦးတက်ရောက်မှုအခြေအနေကို မှတ်တမ်းတင်ခြင်း၊ မွန်ပြည်နယ်အစိုးရအဖွဲ့တွင် လစ်လပ်လျှက်ရှိသော ဝန်ကြီးချုပ်နေရာ၌ မွန်ပြည်နယ်ဝန်ကြီးချုပ် အဖြစ် ခန့်အပ်တာဝန်ပေးလိုပါသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ၂၆၁၊ ပုဒ်မခွဲ (ခ)နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေပုဒ်မ၆၊ ပုဒ်မခွဲ (က)တို့ပါ ပြဋ္ဌာန်းချက်များအရ မွန်ပြည်နယ်လွှတ်တော်၏ သဘောတူညီချက်ရယူရန် နိုင်ငံတော်သမ္မတကပေးပို့ထားသည့် ကျိုက်ထိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာအေးဇံ၏ အမည်စာရင်းကို ပြည်နယ်လွှတ်တော်ဥက္ကဌက လွှတ်တော်သို့ တင်ပြခြင်း၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဌ ဒေါက်တာအောင်နိုင်ဦးမှ အကြံပြုဆွေးနွေးခြင်း၊ ပြည်နယ်လွှတ်တော် ဥက္ကဌက ကန့်ကွက်မည့်သူမရှိသဖြင့် နိုင်ငံတော်သမ္မတက အဆိုပြုပေးပို့သည့် ကျိုက်ထိုမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာအေးဇံအား ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန် ပေးရန် ပြည်နယ်လွှတ်တော်က သဘောတူကြောင်း ကြေညာခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး အစည်းအဝေးအား (၁၀း၁၅)နာရီအချိန်တွင် ခေတ္တရပ်နားပါသည်။
ဆက်လက်ပြီးအစည်းအဝေးအား မွန်းလွဲ(၂)နာရီအချိန်တွင် ပြန်လည်ကျင်းပခဲ့ရာ မွန်ပြည်နယ် ဝန်ကြီးချုပ်မှ ပြည်နယ်လွှတ်တော်ဥက္ကဌ၏ရှေ့မှောက်တွင် ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ် ရေးထိုးခြင်း၊ မွန်ပြည်နယ်ဝန်ကြီးချုပ်မှ မိန့်ခွန်းမြွက်ကြားခြင်းနှင့် မိန့်ခွန်းအားမှတ်တမ်းတင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ ပါသည်။
ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်အရေးပေါ်အစည်းအဝေး (၁/၂၀၁၇) (ပထမနေ့)တွင် တင်ပြခြင်း (၁)ရပ်၊ သဘောတူအတည်ပြုခြင်း (၁)ရပ်၊ မှတ်တမ်းတင်ခြင်း (၂)ရပ်တို့ကို ဆောင်ရွက်ခဲ့ပြီး ဖိတ်ကြား၍ တက်ရောက်သူ (၆)ဦးနှင့် လေ့လာသူအဖြစ်(၁၄၈)ဦး တက်ရောက်ခဲ့ပါသည်။




